နိုင်ငံတကာသတင်း

မာလီခင်ရဲ့ထိုးချက်တွေအောက်မှာ ထတောင်မထနိုင်ဖြစ်သွားရတဲ့ ရိုင်နီယာ (ရုပ်သံ)

ဒီရိုင်ဒါက လိုက်ဝိတ်ခါးပတ်ကာကွယ်ပွဲမှာ မာလီခင်ကို ပွဲစတင်ကတည်းက သူ့ရဲ့ ဝသီအတိုင်း ဝင်လုံးကာ ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူ့ထက် ဝိတ်ပိုကြီးတဲ့ မာလီခင်က သူ့ရဲ့ ချုပ်ကွက်တွေကို အလွယ်တကူ ချေဖျက်ပြနိုင်ခဲ့ပြီး ဒီရိုင်ဒါကို သူ့ရဲ့ ညာဝိုက်လက်သီးတွေနဲ့ ပြန်လည် ဒုက္ခပေးခဲ့ပါတယ်။

ဒီရိုင်ဒါက ချုပ်ကွက်သာ ကောင်းမွန်ကာ အထိုးအသတ် ညံ့ဖျင်းတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် မာလီခင်ကို ချုပ်ကွက်နဲ့ အသာစီး မရနိုင်တဲ့အခါ ကစားကွက် ပျောက်သွားခဲ့ပြီး မာလီခင်ကတော့ သူ့ရဲ့ ညာဝိုက်လက်သီးတွေနဲ့ ဒီရိုင်ဒါကို ချောင်ပိတ်ကာ ထိုးနှက်ခဲ့ပြီး ပထမအချီ ပြည့်ခါနီး အချိန်မှာပဲ သူ့ရဲ့ ပြင်းထန်အားပါတဲ့ ညာဝိုက်လက်သီးချက်နဲ့ ဒီရိုင်ဒါကို ပွဲသိမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

မာလီကင် ဟာ ပထမ အချီမှာပဲ နှစ်ထပ်ကွမ်း ချန်ပီယံ ရိုင်နီယာ ကို အလဲထိုးပြီးနှစ်ထပ်ကွမ်း ချန်ပီယံ ဂုဏ်ပုဒ်ကို သပ်သပ်ရပ်ရပ် လွှဲပြောင်း ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။အနာသိုလီ မာလီခင် ရဲ့ စွမ်းဆောင်ရည်ဟာ နှစ်ထပ်ကွမ်း ဘောနပ်ဆုကြေးပေးဖို့တောင် ထိုက်တန်လွန်းပါတယ်။

အောင်လအန်ဆန်ကို ၂ကြိမ်တိုင်တိုင်အနိုင်ယူပြီး ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းခါးတွေ ရယူထားခဲ့တဲ့ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါကတော့ ဒီနေ့ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်လုပွဲမှာ ရုရှားဖိုက်တာ အနာတိုလီမာလိုင်ခင်ကို ပထမအချီမှာပဲ အရေးနိမ့်သွားပြီး ခါးပတ်စွန့်လွှတ်လိုက်ရပါတယ်။ ပထမအချီပြီးခါနီးမှာ အလဲထိုးခံလိုက်ရတာဖြစ်ပြီး ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တယ်လို့ ကြွေးကြော်ထားတဲ့ ဒီရစ်ဒါအတွက် ခါးသီးတဲ့ရှုံးပွဲဖြစ်လာခဲ့ပါတယ်။

ပရိတ်သက်ကြီးအမြင်မှာ မာလီခင်က ချန်ပီယံခါးပတ်နဲ့ထိုက်တန်ရဲ့လားဆိုတာလေးကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာ။ video လေးလဲတင်ပေးထားပါတယ်။

 






Leave a Reply

Your email address will not be published. Required fields are marked *