ကြားသိရသမျှ

ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေ…….

ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေရှိနေ

ပြည်တွင်း ရွှေဈေးကွက်မတည်ငြိမ်ချိန်ရွှေဆိုင်တွေကဘောင်ချာမှာဖွင့်ပေးတဲ့ရွှေဈေး၊အလျော့တွက်လက်ခနဲ့ရောင်းတော့တစ်မျိုး ဝယ်တော့တစ်မျိုးနဲ့ အပြင်မှာစကားအရသဘောတူဝယ်ယူခဲ့တဲ့ဈေးတွေကကွာဟနေတာကြောင့်ရွှေဝယ်ယူသူတွေနစ်နာမှုရှိခဲ့တယ်လို့သိရပါတယ်

ကျပ်ငွေတန်ဖိုးကျလာလို့ရွှေဝယ်ယူသူတွေများလာတဲ့အခါ နာမည်ကြီးရွှေဆိုင်တွေကိုရွေးချယ်ဝယ်ယူခဲ့ကြပေမယ့် ဆိုင်တွေရဲ့မသမာမှုတွေကြောင့်ရွှေဝယ်ယူသူတွေနစ်နာမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွှေဆိုင်နဲ့သဘောတူဝယ်ယူခဲ့တဲ့ဈေးနဲ့အမှန်တကယ်ပြန်ရောင်းချိန်မှာရရှိတဲ့ဈေးက ကွာဟတဲ့အတွက်ကြောင့် ကျပ်သိန်း ၂၀ ကျော်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရွှေဝယ်ယူသူတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို ယခုလိုပြောပြထားပါတယ်။

ရွှေဝယ်ယူသူတစ်ဦးက “အောက်တိုဘာ ၂၂ ရက်နေ့ မြန်မာငွေရှုပ်ရှုပ်ဖြစ်နေတဲ့ချိန် ၁၅ ပဲရည် ရွှေဈေး(၂၄၄၇၀၅၉)ကျပ်နဲ့လုပ်တာဘောင်ချာဖွင့်ပြီးအလျော့တွက်ကို ၅ပဲနဲ့ဆိုတော့ဝန်ထမ်းကိုမေးတဲ့အခါ ရွှေဈေးအတက်အကျမြန်လို့ ဘောင်ချာထဲ အလျော့အတွက် ၅ပဲဖြတ်ပေးထားပါ။ ပြန်လာရောင်းရင် ၄ ပဲ ၄ရွေး ထပ်ပေါင်းပေးပါမယ်ပြောတယ်။

၂၃ ရက်နေ့မှာ ပြန်ရောင်းတော့အလျော့အတွက်မပေါင်းပေးဘူး မနေ့ကဝယ်တာချက်ချင်းပြန်ရောင်းမှာ ပေါင်းပေးတာဆိုပြီးပြောတယ်။ဘယ်လောက်ရှုံးမှာလဲဆိုတော့ သိန်း ၃၀ ကျော်ဆိုတော့ မရောင်းဘဲပြန်သွားခဲ့တယ်။

အမှန်တကယ်က တခြားရွှေဆိုင်တွေမှာ သွားရောင်းဖို့ပြမှ ပုံမှန်အလျော့အတွက်က ၁ ပဲကျော်လေးပဲရှိတာ။ ဘယ်လောက်ရရအရှုံးခံသွားရောင်းမယ်ဆိုတော့ ရွှေဈေး (၂၅၀၁၅၀၀)ကျပ်မှာ မြတ်ရမှာတောင် လက်ကောက် ၄ ကွင်းကိုတစ်ကွင်းကို ၁ ပဲပေါင်းပေးလို့ ၂၂ သိန်းကျော်ရှုံးသွားပါတယ်။

အဲ့လိုလှည့်ကွက်တွေခံရသူနည်းမှာမဟုတ်ဘူး ဆိုင်တွေကအခုတမျိုးနောက်တမျိုးပြောဆို လုပ်ဆောင်နေတာ ငြိမ်မခံနိုင်လို့ပါ”ဆိုပြီး ရွှေဝယ်ယူသူတစ်ဦးက နာမည်ကြီးရွှေဆိုင်တစ်ဆိုင်မှာရွှေဝယ်ယူခဲ့တဲ့ဖြစ်စဉ်ကို မျှဝေအသိထားပါတယ်။

ရန်ကုန်ရွှေဈေးကွက်မှာအခေါက်ရွှေတစ်ကျပ်သားကို ၂၅၃၀၀၀၀ ကျပ်နဲ့ရောင်းချဖို့ထုတ်ပြန်ထားပေမယ့် ရွှေဈေးက ကျပ် ၂၆ သိန်းအထက်မှာရှိနေဆဲဖြစ်ပြီး ထုတ်ပြန်ထားတဲ့ဈေးနဲ့ ရောင်းချတဲ့ဆိုင်တွေရဲ့ အလျော့တွက်လက်ခကိုတွက်ကြည့်ရင်လည်း ၂၆ သိန်းမှ ၂၇ သိန်းဝန်းကျင်ကြားမှာပဲရှိနေတာဖြစ်တယ်လို့ ရွှေဈေးကွက်မှသိရပါတယ်။

zawgyi

ေ႐ႊဆိုင္ေတြရဲ႕ ႏွစ္က်ပ္ကြက္ဂ်င္းေတြေၾကာင့္ ေ႐ႊဝယ္ယူသူေတြ နစ္နာမႈေတြရွိေန

ျပည္တြင္း ေ႐ႊေဈးကြက္မတည္ၿငိမ္ခ်ိန္ေ႐ႊဆိုင္ေတြကေဘာင္ခ်ာမွာဖြင့္ေပးတဲ့ေ႐ႊေဈး၊အေလ်ာ့တြက္လက္ခနဲ႔ေရာင္းေတာ့တစ္မ်ိဳး ဝယ္ေတာ့တစ္မ်ိဳးနဲ႔ အျပင္မွာစကားအရသေဘာတူဝယ္ယူခဲ့တဲ့ေဈးေတြကကြာဟေနတာေၾကာင့္ေ႐ႊဝယ္ယူသူေတြနစ္နာမႈရွိခဲ့တယ္လို႔သိရပါတယ္

က်ပ္ေငြတန္ဖိုးက်လာလို႔ေ႐ႊဝယ္ယူသူေတြမ်ားလာတဲ့အခါ နာမည္ႀကီးေ႐ႊဆိုင္ေတြကိုေ႐ြးခ်ယ္ဝယ္ယူခဲ့ၾကေပမယ့္ ဆိုင္ေတြရဲ႕မသမာမႈေတြေၾကာင့္ေ႐ႊဝယ္ယူသူေတြနစ္နာမႈရွိခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ေ႐ႊဆိုင္နဲ႔သေဘာတူဝယ္ယူခဲ့တဲ့ေဈးနဲ႔အမွန္တကယ္ျပန္ေရာင္းခ်ိန္မွာရရွိတဲ့ေဈးက ကြာဟတဲ့အတြက္ေၾကာင့္ က်ပ္သိန္း ၂၀ ေက်ာ္ဆုံးရႈံးမႈေတြရွိခဲ့တယ္လို႔ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေ႐ႊဝယ္ယူသူတစ္ဦးက ကိုယ္ေတြ႕ျဖစ္ရပ္ေလးတစ္ခုကို ယခုလိုေျပာျပထားပါတယ္။

ေ႐ႊဝယ္ယူသူတစ္ဦးက “ေအာက္တိုဘာ ၂၂ ရက္ေန႔ ျမန္မာေငြရႈပ္ရႈပ္ျဖစ္ေနတဲ့ခ်ိန္ ၁၅ ပဲရည္ ေ႐ႊေဈး(၂၄၄၇၀၅၉)က်ပ္နဲ႔လုပ္တာေဘာင္ခ်ာဖြင့္ၿပီးအေလ်ာ့တြက္ကို ၅ပဲနဲ႔ဆိုေတာ့ဝန္ထမ္းကိုေမးတဲ့အခါ ေ႐ႊေဈးအတက္အက်ျမန္လို႔ ေဘာင္ခ်ာထဲ အေလ်ာ့အတြက္ ၅ပဲျဖတ္ေပးထားပါ။ ျပန္လာေရာင္းရင္ ၄ ပဲ ၄ေ႐ြး ထပ္ေပါင္းေပးပါမယ္ေျပာတယ္။

၂၃ ရက္ေန႔မွာ ျပန္ေရာင္းေတာ့အေလ်ာ့အတြက္မေပါင္းေပးဘူး မေန႔ကဝယ္တာခ်က္ခ်င္းျပန္ေရာင္းမွာ ေပါင္းေပးတာဆိုၿပီးေျပာတယ္။ဘယ္ေလာက္ရႈံးမွာလဲဆိုေတာ့ သိန္း ၃၀ ေက်ာ္ဆိုေတာ့ မေရာင္းဘဲျပန္သြားခဲ့တယ္။

အမွန္တကယ္က တျခားေ႐ႊဆိုင္ေတြမွာ သြားေရာင္းဖို႔ျပမွ ပုံမွန္အေလ်ာ့အတြက္က ၁ ပဲေက်ာ္ေလးပဲရွိတာ။ ဘယ္ေလာက္ရရအရႈံးခံသြားေရာင္းမယ္ဆိုေတာ့ ေ႐ႊေဈး (၂၅၀၁၅၀၀)က်ပ္မွာ ျမတ္ရမွာေတာင္ လက္ေကာက္ ၄ ကြင္းကိုတစ္ကြင္းကို ၁ ပဲေပါင္းေပးလို႔ ၂၂ သိန္းေက်ာ္ရႈံးသြားပါတယ္။

အဲ့လိုလွည့္ကြက္ေတြခံရသူနည္းမွာမဟုတ္ဘူး ဆိုင္ေတြကအခုတမ်ိဳးေနာက္တမ်ိဳးေျပာဆို လုပ္ေဆာင္ေနတာ ၿငိမ္မခံႏိုင္လို႔ပါ”ဆိုၿပီး ေ႐ႊဝယ္ယူသူတစ္ဦးက နာမည္ႀကီးေ႐ႊဆိုင္တစ္ဆိုင္မွာေ႐ႊဝယ္ယူခဲ့တဲ့ျဖစ္စဥ္ကို မွ်ေဝအသိထားပါတယ္။

ရန္ကုန္ေ႐ႊေဈးကြက္မွာအေခါက္ေ႐ႊတစ္က်ပ္သားကို ၂၅၃၀၀၀၀ က်ပ္နဲ႔ေရာင္းခ်ဖို႔ထုတ္ျပန္ထားေပမယ့္ ေ႐ႊေဈးက က်ပ္ ၂၆ သိန္းအထက္မွာရွိေနဆဲျဖစ္ၿပီး ထုတ္ျပန္ထားတဲ့ေဈးနဲ႔ ေရာင္းခ်တဲ့ဆိုင္ေတြရဲ႕ အေလ်ာ့တြက္လက္ခကိုတြက္ၾကည့္ရင္လည္း ၂၆ သိန္းမွ ၂၇ သိန္းဝန္းက်င္ၾကားမွာပဲရွိေနတာျဖစ္တယ္လို႔ ေ႐ႊေဈးကြက္မွသိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *