ကြားသိရသမျှ

ရန်ကုန်လေဆိပ်ကို ဝင်မယ့်သူတွေ သက်သာသွားတဲ့ ပိုက်ဆံ တသောင်းခွဲ (ရိုက်စားခွင်တခု လွတ်ပါပြီ)

လွန်ခဲ့တဲ့ လက ရန်ကုန်လေဆိပ်ကို ဝင်ချင်ရင် ပိုက်ဆံ သုံးသောင်းကနေ ၅ သောင်းအထိ ပေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။ တာဝန်ရှိသူဆိုတဲ့ သူတွေကတော့ ပြည်သူတွေ ဘယ်လောက်ပြောပြော လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုက်ဆံ တောင်းနေဆဲပါပဲ။

ရန်ကုန်လေဆိပ်ရဲ့ နောက်ထပ် ရိုက်စားခွင်တခု ဖြစ်တဲ့ ပြည်ပကနေ ဝင်လာသူတိုင်း ကျပ်ငွေ တသောင်းခွဲနဲ့ ကိုဗစ်စစ်ဆေးပေးနေခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး မပြုလုပ်တော့ဘူးလို့ စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထား သူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ အများဆုံး (၄၈) နာရီအတွင်း ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေလက်မှတ် ပြနိုင်သူတွေကို ကိုဗစ်ရောဂါ စစ်ဆေးမှု မလုပ်တော့ဘူးလို့ သိရပါတယ်။

ယခင်က ရန်ကုန်လေဆိပ် ကိုဗစ်စစ်ဆေးမှုတွေကလည်း ဟန်ပြသာ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ ကိုယ်တွေ့ကြုံဖူးသူတဦးက ပြောပါတယ်။ “နှာခေါင်းအတွင်းထဲအထိ မနှိုက်ဘဲ ဟန်ပြသာလုပ်ကြောင်း၊ အဆိုပါ တို့ဖတ်ကို ဘာအရည်မှ မပါတဲ့ ပြွန်လေးထဲထည့်ပြီး ခဏနေတော့ ကိုဗစ် negative ဆိုတဲ့ စာရွက်လေးကို နာမည်ခေါ်ပေးကြောင်း၊ ဘာအဖြေထွက်ထွက် negative ပဲ ရေးပေးနေတာ ဖြစ်နိုင်ကြောင်း” ကိုယ်တွေ့ကြုံခဲ့ရသူ တဦးက ပြန်လည် ပြောပြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်အနှံ့အပြားက အစိုးရရုံးဌာနတွေမှာ လာဘ်ငွေတောင်းတာတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပြီး ငွေပေးမှ လုပ်ငန်းတွေ အဆင်ပြေချောမွေ့နိုင်ကာ ငွေမပေးပါက နည်းမျိုးစုံနဲ့ နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နေတယ်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။

zawgyi

လြန္ခဲ့တဲ့ လက ရန္ကုန္ေလဆိပ္ကို ဝင္ခ်င္ရင္ ပိုက္ဆံ သုံးေသာင္းကေန ၅ ေသာင္းအထိ ေပးရတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ျပည္သူေတြရဲ႕ ေဝဖန္သံေတြ အမ်ားအျပား ထြက္ေပၚခဲ့ပါတယ္။ တာဝန္ရွိသူဆိုတဲ့ သူေတြကေတာ့ ျပည္သူေတြ ဘယ္ေလာက္ေျပာေျပာ လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ ပိုက္ဆံ ေတာင္းေနဆဲပါပဲ။

ရန္ကုန္ေလဆိပ္ရဲ႕ ေနာက္ထပ္ ႐ိုက္စားခြင္တခု ျဖစ္တဲ့ ျပည္ပကေန ဝင္လာသူတိုင္း က်ပ္ေငြ တေသာင္းခြဲနဲ႔ ကိုဗစ္စစ္ေဆးေပးေနျခင္းကို ဒီဇင္ဘာ ၁ ရက္ေန႔မွ စၿပီး မျပဳလုပ္ေတာ့ဘူးလို႔ စကစ လက္ေအာက္ခံ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ထုတ္ျပန္ခ်က္မွာေတာ့ ကာကြယ္ေဆး အႀကိမ္ျပည့္ ထိုးႏွံၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ျပသႏိုင္သူ (သို႔မဟုတ္) ကိုဗစ္ ကာကြယ္ေဆး အႀကိမ္ျပည့္ မထိုးႏွံထား သူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ဆိုက္ေရာက္တဲ့ အခ်ိန္မတိုင္မီ အမ်ားဆုံး (၄၈) နာရီအတြင္း ကိုဗစ္ေရာဂါ ကင္းရွင္းေၾကာင္း ဓာတ္ခြဲအေျဖလက္မွတ္ ျပႏိုင္သူေတြကို ကိုဗစ္ေရာဂါ စစ္ေဆးမႈ မလုပ္ေတာ့ဘူးလို႔ သိရပါတယ္။

ယခင္က ရန္ကုန္ေလဆိပ္ ကိုဗစ္စစ္ေဆးမႈေတြကလည္း ဟန္ျပသာ ျပဳလုပ္ေပးတာ ျဖစ္တယ္လို႔ ကိုယ္ေတြ႕ႀကဳံဖူးသူတဦးက ေျပာပါတယ္။ “ႏွာေခါင္းအတြင္းထဲအထိ မႏႈိက္ဘဲ ဟန္ျပသာလုပ္ေၾကာင္း၊ အဆိုပါ တို႔ဖတ္ကို ဘာအရည္မွ မပါတဲ့ ႁပြန္ေလးထဲထည့္ၿပီး ခဏေနေတာ့ ကိုဗစ္ negative ဆိုတဲ့ စာ႐ြက္ေလးကို နာမည္ေခၚေပးေၾကာင္း၊ ဘာအေျဖထြက္ထြက္ negative ပဲ ေရးေပးေနတာ ျဖစ္ႏိုင္ေၾကာင္း” ကိုယ္ေတြ႕ႀကဳံခဲ့ရသူ တဦးက ျပန္လည္ ေျပာျပပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာျပည္အႏွံ႔အျပားက အစိုးရ႐ုံးဌာနေတြမွာ လာဘ္ေငြေတာင္းတာေတြကို ေပၚေပၚထင္ထင္ ျပဳလုပ္ေနၾကၿပီး ေငြေပးမွ လုပ္ငန္းေတြ အဆင္ေျပေခ်ာေမြ႕ႏိုင္ကာ ေငြမေပးပါက နည္းမ်ိဳးစုံနဲ႔ ေႏွာင့္ေႏွးၾကန႔္ၾကာေအာင္ ျပဳလုပ္ေနတယ္လို႔ ျပည္သူေတြက ေဝဖန္ေနၾကပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *