ကြားသိရသမျှ

တနေ့ (၈) နာရီပဲ လျှပ်စစ်မီးရတော့မယ့် ရန်ကုန်မြို့ကြီးမှာ ဖြစ်လာနိုင်မယ့် အခြေအနေများ

မီးတွေ ပြန်ပျက်တော့မယ်။ မီးတွေ ပြတ်ရင် ဘာတွေဖြစ်မလဲ၊ ရှေ့ရှေ့လတွေက ပြောပြဖူးတယ်။ ဒီနှစ် မီးစပြတ်နိုင်တဲ့ကာလက ၉လပိုင်း လကုန်လို့ တွက်ထားပေမဲ့ ကြားထဲမှာ မုန်တိုင်းတွေကြောင့် မိုးရွာတာ မပြတ်ပဲ ရေမှန်လို့ မီးမှန်နေသေးတယ်။

မီးပြတ်တာနဲ့ ပြန်မဆင်းတော့တဲ့ အထွေထွေကုန်ဈေးနှုန်းတွေက ထပ်တက်မှာကိုး။ နိုဝင်ဘာလဆန်းမှာ ဆန်အသစ်ပေါ်လို့ အများစုက ဆန်ဈေးကျမယ်လို့ တွက်ထားကြပေမဲ့ ပထမပြောဖူးသလိုပဲ စစ်ပွဲတွေကြောင့် စိုက်ပျိုးဧရိယာအများကြီး ကျုံ့သွားလို့ ဆန်အသစ်ပေါ်ရင်တောင် ဈေးမကျနိုင်ဘူး ယူဆထားတာ အခုထိ ဆန်ဈေး လုံး၀မကျပါ။

စကစဘက်က အချိန်ပိုင်းနဲ့ မီးပေးဖို့ ပြင်နေပြီ (အစည်းအဝေးလုပ်သည် ဟု သတင်းကြား) အချိန်ရတုန်းလေး လုပ်စရာရှိတာ လုပ်ကြဦးစို့ စကစမှာ လျှပ်စစ်မီးမှန်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘူး ၊ လုပ်ပေးနိုင်တဲ့သူတွေကို ထောင်ထဲ ထည့်ထားတယ်။

လျှပ်စစ်မီးပေးဖို့ ဒေါ်လာမရှိပါဘူးဆိုထားပြီး ဒေါ်လာတွေသိမ်းပြီးလည်း လျှပ်စစ်ပေးဖို့ အစီအစဉ်မရှိ ၊ ငါနဲ့ဘာမှမဆိုင်ပါဘူးလေလို့ နေသာသူများ အဘရဲ့ စေတနာတွေကို မြင်အောင်ကြည့်ကြပေါ့။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

လာမယ့် နွေရာသီကာလမှာ ပြည်သူလူထုရဲ့ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးလို့ စကစ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမယ့် အစီအမံတွေကို ချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းကို (၄) နာရီခြားစီ မီးပေးမယ့် အစီအစဉ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

zawgyi

မီးေတြ ျပန္ပ်က္ေတာ့မယ္။ မီးေတြ ျပတ္ရင္ ဘာေတြျဖစ္မလဲ၊ ေရွ႕ေရွ႕လေတြက ေျပာျပဖူးတယ္။ ဒီႏွစ္ မီးစျပတ္ႏိုင္တဲ့ကာလက ၉လပိုင္း လကုန္လို႔ တြက္ထားေပမဲ့ ၾကားထဲမွာ မုန္တိုင္းေတြေၾကာင့္ မိုး႐ြာတာ မျပတ္ပဲ ေရမွန္လို႔ မီးမွန္ေနေသးတယ္။

မီးျပတ္တာနဲ႔ ျပန္မဆင္းေတာ့တဲ့ အေထြေထြကုန္ေဈးႏႈန္းေတြက ထပ္တက္မွာကိုး။ ႏိုဝင္ဘာလဆန္းမွာ ဆန္အသစ္ေပၚလို႔ အမ်ားစုက ဆန္ေဈးက်မယ္လို႔ တြက္ထားၾကေပမဲ့ ပထမေျပာဖူးသလိုပဲ စစ္ပြဲေတြေၾကာင့္ စိုက္ပ်ိဳးဧရိယာအမ်ားႀကီး က်ဳံ႕သြားလို႔ ဆန္အသစ္ေပၚရင္ေတာင္ ေဈးမက်ႏိုင္ဘူး ယူဆထားတာ အခုထိ ဆန္ေဈး လုံး၀မက်ပါ။

စကစဘက္က အခ်ိန္ပိုင္းနဲ႔ မီးေပးဖို႔ ျပင္ေနၿပီ (အစည္းအေဝးလုပ္သည္ ဟု သတင္းၾကား) အခ်ိန္ရတုန္းေလး လုပ္စရာရွိတာ လုပ္ၾကဦးစို႔ စကစမွာ လွ်ပ္စစ္မီးမွန္ေအာင္ လုပ္ေပးႏိုင္တဲ့ အရည္အခ်င္းမရွိဘူး ၊ လုပ္ေပးႏိုင္တဲ့သူေတြကို ေထာင္ထဲ ထည့္ထားတယ္။

လွ်ပ္စစ္မီးေပးဖို႔ ေဒၚလာမရွိပါဘူးဆိုထားၿပီး ေဒၚလာေတြသိမ္းၿပီးလည္း လွ်ပ္စစ္ေပးဖို႔ အစီအစဥ္မရွိ ၊ ငါနဲ႔ဘာမွမဆိုင္ပါဘူးေလလို႔ ေနသာသူမ်ား အဘရဲ႕ ေစတနာေတြကို ျမင္ေအာင္ၾကည့္ၾကေပါ့။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

လာမယ့္ ေႏြရာသီကာလမွာ ျပည္သူလူထုရဲ႕ တစ္ေန႔တာ ဓာတ္အားလိုအပ္ခ်က္ကို ျပည့္မီေအာင္ ေဆာင္႐ြက္ေပးႏိုင္ျခင္း မရွိေသးဘူးလို႔ စကစ လက္ေအာက္ခံ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးေသာင္းဟန္က ေျပာၾကားလိုက္ပါတယ္။ အဲဒါေၾကာင့္ အခ်ိန္ပိုင္း လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးမယ့္ အစီအမံေတြကို ခ်မွတ္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ရန္ကုန္တိုင္းကို (၄) နာရီျခားစီ မီးေပးမယ့္ အစီအစဥ္ကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *