ကြားသိရသမျှ

မို့မို့မြင့်အောင် (ခ) အမေမွှေးက (၃၅) နှစ်ကြာ ပေါင်းခဲ့တဲ့ ခင်ပွန်းကို ကွာရှင်းလိုက်ရတဲ့ အကြောင်းရင်း

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင် (ခ) အမေမွှေးက (၃၅) နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူအား ငွေကြေးအရှုပ်အရှင်းကျူးလွန်သည်ကို လက်မခံနိုင်တော့၍ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်တွင် ကွာရှင်းလိုက်တယ်လို့ နိုဝင်ဘာလ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။

ဒေါ်မို့မို့မြင့်အောင်၏ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့နေ ဒေါ်မေသွယ်တင်လတ်က အဆိုပါ ကြေညာချက်ကို ကြေညာရာတွင် ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ နှစ်ဦးမှာ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ကပင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ

ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ခင်ပွန်းသည်အပေါ် မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့သော်လည်း ဦးမောင်မောင်ကျော်အနေဖြင့် ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း၊ ယင်းကို သိရှိပြီးနောက် လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိသည့်အတွက်လသာမြို့နယ် ၊မြို့နယ်တရားသူကြီး အမှတ်(၂) စည်ပင်သာယာတရားရုံး၌ နိုဝင်ဘာလ ၂၄ ရက်က တရားဝင် နှစ်ဦးသဘောတူကွာရှင်းပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ယင်းတို့နှစ်ဦး ပေါင်းသင်းစဉ်ကာလအတွင်း ဒေါ်မို့မို့မြင့်အောင် သိရှိ သဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော်ကျူးလွန်ခဲ့သည်ဆိုသည့် ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါကလည်း ယင်းတို့ကို ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း နှင့် ၎င်းကိစ္စအပေါ် မေးမြန်းစုံစမ်းခြင်း သီးခံပါရန် လည်း သတင်းစာကြော်ငြာတွင် ထည့်သွင်းဖော်ပြထားပါတယ်။

ဦး‌မောင်မောင်ကျော်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိန်းထောင်ဂဏန်းကျော် ငွေကြေး အရှုပ်အရှင်း ကိစ္စကြောင့် တရားစွဲဆိုခြင်း ခံထားရတာ ဖြစ်ပါတယ်။ ယခု ကွာရှင်းရခြင်း အကြောင်းရင်းမှာလည်း အဆိုပါ တရားစွဲဆိုခြင်း ကိစ္စမှာ မို့မို့မြင့်အောင် မပါစေဖို့အတွက် ပြုလုပ်ရခြင်း ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။ ဦးမောင်မောင်ကျော်ဟာ ကျန်းမာရေး မကောင်းသူတဦး ဖြစ်ပြီး လမ်းမလျှောက်နိုင်တာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ သိရပါတယ်။

zawgyi

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္ (ခ) အေမေမႊးက (၃၅) ႏွစ္ၾကာ ေပါင္းသင္းခဲ့တဲ့ ခင္ပြန္းျဖစ္သူအား ေငြေၾကးအရႈပ္အရွင္းက်ဴးလြန္သည္ကို လက္မခံႏိုင္ေတာ့၍ဟုဆိုကာ ႏိုဝင္ဘာလ ၂၄ ရက္တြင္ ကြာရွင္းလိုက္တယ္လို႔ ႏိုဝင္ဘာလ ၂၆ ရက္ထုတ္ ႏိုင္ငံပိုင္ သတင္းစာေတြမွာ ေၾကညာလိုက္ပါတယ္။

ေဒၚမို႔မို႔ျမင့္ေအာင္၏ လႊဲအပ္ၫႊန္ၾကားခ်က္အရ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေမသြယ္တင္လတ္က အဆိုပါ ေၾကညာခ်က္ကို ေၾကညာရာတြင္ ေဒၚမို႔မို႔ျမင့္ေအာင္ႏွင့္ ဦးေမာင္ေမာင္ေက်ာ္တို႔ ႏွစ္ဦးမွာ ၁၉၈၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္ကပင္ တရားဝင္အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့ရာ

ေဒၚမို႔မို႔ျမင့္ေအာင္အေနျဖင့္ ခင္ပြန္းသည္အေပၚ မယားဝတၱရားႏွင့္အညီ ျပဳစုေပးခဲ့ေသာ္လည္း ဦးေမာင္ေမာင္ေက်ာ္အေနျဖင့္ ေဒၚမို႔မို႔ျမင့္ေအာင္ လုံးဝသေဘာတူသိရွိျခင္းမရွိေသာ ေငြေၾကးအရႈပ္အရွင္းမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ထားေၾကာင္း၊ ယင္းကို သိရွိၿပီးေနာက္ လက္ခံခြင့္လႊတ္ႏိုင္စြမ္းမရွိသည့္အတြက္လသာၿမိဳ႕နယ္ ၊ၿမိဳ႕နယ္တရားသူႀကီး အမွတ္(၂) စည္ပင္သာယာတရား႐ုံး၌ ႏိုဝင္ဘာလ ၂၄ ရက္က တရားဝင္ ႏွစ္ဦးသေဘာတူကြာရွင္းၿပီးျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ယင္းတို႔ႏွစ္ဦး ေပါင္းသင္းစဥ္ကာလအတြင္း ေဒၚမို႔မို႔ျမင့္ေအာင္ သိရွိ သေဘာတူျခင္းမရွိေသာ ဦးေမာင္ေမာင္ေက်ာ္က်ဴးလြန္ခဲ့သည္ဆိုသည့္ ေငြေၾကးအရႈပ္အရွင္းမ်ားႏွင့္ ကြာရွင္းၿပီးေနာက္ပိုင္း ထပ္မံက်ဴးလြန္ခဲ့ပါကလည္း ယင္းတို႔ကို ေဒၚမို႔မို႔ျမင့္ေအာင္အေနျဖင့္ ေျဖရွင္းေဆာင္႐ြက္ေပးမည္ မဟုတ္ေၾကာင္း ႏွင့္ ၎ကိစၥအေပၚ ေမးျမန္းစုံစမ္းျခင္း သီးခံပါရန္ လည္း သတင္းစာေၾကာ္ျငာတြင္ ထည့္သြင္းေဖာ္ျပထားပါတယ္။

ဦး‌ေမာင္ေမာင္ေက်ာ္ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က သိန္းေထာင္ဂဏန္းေက်ာ္ ေငြေၾကး အရႈပ္အရွင္း ကိစၥေၾကာင့္ တရားစြဲဆိုျခင္း ခံထားရတာ ျဖစ္ပါတယ္။ ယခု ကြာရွင္းရျခင္း အေၾကာင္းရင္းမွာလည္း အဆိုပါ တရားစြဲဆိုျခင္း ကိစၥမွာ မို႔မို႔ျမင့္ေအာင္ မပါေစဖို႔အတြက္ ျပဳလုပ္ရျခင္း ျဖစ္ႏိုင္တယ္လို႔ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါတယ္။ ဦးေမာင္ေမာင္ေက်ာ္ဟာ က်န္းမာေရး မေကာင္းသူတဦး ျဖစ္ၿပီး လမ္းမေလွ်ာက္ႏိုင္တာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီလို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *