၃၆ နှစ်ခန့် ပေါင်းသင်းခဲ့သည့် ဦးမောင်မောင်ကျော်နှင့် ကွာရှင်းကြောင်း သရုပ်ဆောင် မို့မို့မြင့်အောင် ကြေညာ
ငွေကြေးအရှုပ်အရှင်းများ ပြုလုပ်သောကြောင့် ၁၉၈၇ ခုနှစ်မှစတင်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့သည့် ဦးမောင်မောင်ကျော်နှင့် သရုပ်ဆောင် မိုမိုမြင့်အောင်တို့နိုဝင်ဘာ ၂၄ ရက်က နှစ်ဦးသဘောတူကွာရှင်းလိုက်ပြီး ဖြစ်ကြောင်း သရုပ်ဆောင် မို့မို့မြင့်အောင်က ယနေ့တွင် ကြေညာထားသည်။
အဆိုပါ ကွာရှင်းမှုကို လသာမြို့နယ်ရှိ အမှတ် ၂ စည်ပင်သာယာ တရားရုံး မြို့နယ်တရားသူကြီး ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
ထိုသို့ ကွာရှင်းရခြင်းမှာ ဦးမောင်မောင်ကျော်က သရုပ်ဆောင် မို့မို့မြင့်အောင် ခွင့်လွှတ်နိုင်မှု မရှိသည့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျုးလွန်ခြင်းကြောင့်
ဖြစ်ကြောင်းလည်း သရုပ်ဆောင် မို့မို့မြင့်အောင်က ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် သူမ၏ တရားလွှတ်တော်ရှေ့နေ ဒေါ်မေသွယ်တင်လတ်မှတစ်ဆင့် အများသိစေရန်ကြေညာထားသည်။
သရုပ်ဆောင် မို့မို့မြင့်အောင်၏ ကြေညာချက်တွင် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် ၁၂/တမန (နိုင်) ၀၆၁၇၀၀ နှင့် ဦးမောင်မောင်ကျော် ၁၂/တမန (နိုင်) ၀၆၁၆၉၉ တို့သည်
၁၇-၂-၁၉၈၇ နေ့မှ စ၍ တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ပါသည်။
ကျွန်ုပ် မိတ်ဆွေ ဒေါ်မိုမိုမြင့်အောင်သည် ခင်ပွန်းသည်အား မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့ပါသည်။
သို့သော် ဦးမောင်မောင်ကျော်သည် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် လုံးဝ သဘောတူသိရှိခြင်း မရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း
သိရှိသောအခါ ကျွန်ုပ်မိတ်ဆွေမှ လက်ခံခွင့်လွှတ်နိုင်စွမ်း မရှိပါ၍ နှစ်ဦးသဘောတူညီချက်အရ ၂၄-၁၁-၂၀၂၂ နေ့၌ မြို့နယ်တရားသူကြီး
အမှတ် ၂ စည်ပင်သာယာ တရားရုံး လသာမြို့နယ် တွင် တရားဝင်ကွာရှင်းပြီး ဖြစ်ပါသည်။
သို့ပါ၍ ပေါင်းသင်းစဉ် ကာလအတွင်း ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်း မရှိသော ဦးမောင်မောင် ကျော်ကျူးလွန်ခဲ့သောငွေကြေး အရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါက ယင်းငွေကြေး ကိစ္စရပ်များအား ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်တွင်
လုံးဝ တာဝန်မရှိပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် ကြေညာအပ်ပါသည်။
မေးမြန်းစုံစမ်းခြင်း သည်းခံပါ ဟု ဖော်ပြထားသည်။
zawgyi
၃၆ ႏွစ္ခန႔္ ေပါင္းသင္းခဲ့သည့္ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ ကြာရွင္းေၾကာင္း သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္ ေၾကညာ
ေငြေၾကးအရႈပ္အရွင္းမ်ား ျပဳလုပ္ေသာေၾကာင့္ ၁၉၈၇ ခုႏွစ္မွစတင္ၿပီး အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့သည့္ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ သ႐ုပ္ေဆာင္ မိုမိုျမင့္ေအာင္တို႔ႏိုဝင္ဘာ ၂၄ ရက္က ႏွစ္ဦးသေဘာတူကြာရွင္းလိုက္ၿပီး ျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္က ယေန႔တြင္ ေၾကညာထားသည္။
အဆိုပါ ကြာရွင္းမႈကို လသာၿမိဳ႕နယ္ရွိ အမွတ္ ၂ စည္ပင္သာယာ တရား႐ုံး ၿမိဳ႕နယ္တရားသူႀကီး ေရွ႕ေမွာက္တြင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး
ထိုသို႔ ကြာရွင္းရျခင္းမွာ ဦးေမာင္ေမာင္ေက်ာ္က သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္ ခြင့္လႊတ္ႏိုင္မႈ မရွိသည့္ ေငြေၾကးအရႈပ္အရွင္းမ်ားကို အႀကိမ္ႀကိမ္က်ဳးလြန္ျခင္းေၾကာင့္
ျဖစ္ေၾကာင္းလည္း သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္က ယေန႔ထုတ္ႏိုင္ငံပိုင္ သတင္းစာမ်ားတြင္ သူမ၏ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေမသြယ္တင္လတ္မွတစ္ဆင့္ အမ်ားသိေစရန္ေၾကညာထားသည္။
သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္၏ ေၾကညာခ်က္တြင္ ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္ ၁၂/တမန (ႏိုင္) ၀၆၁၇၀၀ ႏွင့္ ဦးေမာင္ေမာင္ေက်ာ္ ၁၂/တမန (ႏိုင္) ၀၆၁၆၉၉ တို႔သည္
၁၇-၂-၁၉၈၇ ေန႔မွ စ၍ တရားဝင္အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့ပါသည္။
ကြၽႏ္ုပ္ မိတ္ေဆြ ေဒၚမိုမိုျမင့္ေအာင္သည္ ခင္ပြန္းသည္အား မယားဝတၱရားႏွင့္အညီ ျပဳစုေပးခဲ့ပါသည္။
သို႔ေသာ္ ဦးေမာင္ေမာင္ေက်ာ္သည္ ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္ လုံးဝ သေဘာတူသိရွိျခင္း မရွိေသာ ေငြေၾကးအရႈပ္အရွင္းမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ထားေၾကာင္း
သိရွိေသာအခါ ကြၽႏ္ုပ္မိတ္ေဆြမွ လက္ခံခြင့္လႊတ္ႏိုင္စြမ္း မရွိပါ၍ ႏွစ္ဦးသေဘာတူညီခ်က္အရ ၂၄-၁၁-၂၀၂၂ ေန႔၌ ၿမိဳ႕နယ္တရားသူႀကီး
အမွတ္ ၂ စည္ပင္သာယာ တရား႐ုံး လသာၿမိဳ႕နယ္ တြင္ တရားဝင္ကြာရွင္းၿပီး ျဖစ္ပါသည္။
သို႔ပါ၍ ေပါင္းသင္းစဥ္ ကာလအတြင္း ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္ သိရွိသေဘာတူျခင္း မရွိေသာ ဦးေမာင္ေမာင္ ေက်ာ္က်ဴးလြန္ခဲ့ေသာေငြေၾကး အရႈပ္အရွင္းမ်ားႏွင့္ ကြာရွင္းၿပီးေနာက္ပိုင္း ထပ္မံက်ဴးလြန္ခဲ့ပါက ယင္းေငြေၾကး ကိစၥရပ္မ်ားအား ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္တြင္
လုံးဝ တာဝန္မရွိပါသျဖင့္ ေျဖရွင္းေဆာင္႐ြက္ေပးမည္ မဟုတ္ပါေၾကာင္း သက္ဆိုင္သူမ်ားႏွင့္ အမ်ားသိေစရန္ ေၾကညာအပ္ပါသည္။
ေမးျမန္းစုံစမ္းျခင္း သည္းခံပါ ဟု ေဖာ္ျပထားသည္။