ဗေဒင်

25.Nov .2022 မှ 30 .Nov.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

25.Nov .2022 မှ 30 .Nov.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလအတွင်း မရည်ရွယ်ထားသော ပြဿနာများ တစ်ခုပြီးတစ်ခု မိမိထံသို့ ရောက်ရှိလာတတ်သည်။ မိမိ ထမ်းရွက်နေသော ရာထူးတာဝန်များအတွက် ပြဿနာအနှောက်အယှက်များ ပေါ်ပေါက်တွေ့ကြုံရတတ်သည်။ လူမှုရေးပြဿနာများအတွက် ဦးဏှောက်စားနေရမည်။ ကျန်းမာရေး အညံ့တွေ့ကြုံတတ်ပြီး အပူ၊ အဖျားနှင့် မျက်စိ ရောဂါများ အထူးသတိပြုသင့်ပါတယ်။ မိမိဆောင်ရွက်နေသောအကြောင်းကိစ္စများတွင် အောင်မြင်လုနီးမှ ပြန်လည် ပျက်စီးသွားတတ်သည်။

လုပ်ငန်းပိုင်း၊ လုံံလစိုက်ထုတ်မှု အားကောင်းသည့်အတွက် ငွေကြေးကံကောင်း မည့် အခွင့် အရေးကောင်းများ ထူးထူးခြားခြား ကြုံတွေ့ရနိုင်ပါသည်။ မိမိကုန်ပစ္စည်းကိုကြော်ငြာတာ ၊ပရိုမိုးရှင်းလုပ်တာမျိုး တွေကို အထူးဆောင် ရွက်သင့်ပါတယ်။ မိတ်ဆွေ ဆရာသမားတွေဆီကအကူအညီ တွေလဲရလာတတ်ပါတယ်။ ပညာနှင့်ပတ်သက်သော လုပ်ငန်းများကောင်း ပါလိမ့်မယ်။

လုပ်ငန်းတွင် ကုမ္ပဏီပိုင်းဆိုင်ရာ အဖွဲ့ အစည်းများကို အကြောင်းပြု၍ အနှောက်အယှက် ကြုံမည်။ ပညာသင်ကြားနေသူများ ပညာရေးကိစ္စများ အတွက် ငွေကုန်ကြေးကျ များပြားနေမည်။ အိမ်ထောင်ရှင် များ ပြင်း ထန်သော အိမ်ထောင်ရေးတိုက်ပွဲများ ဆင်နွှဲရင်ဆိုင်ရတတ်သည်။ ချစ်သူ များ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့် မတည် ငြိမ်သော ကာလဖြစ်သည်။အကျိုးပေးဂဏန်း 3/5/9အထူးဟော အနည်းငယ် ခေါင်းရှုပ်ရမယ်။ယတြာ ရေချိုးဆပ်ပြာရဟန်းသံဃာကိုလှူပါ

#တနင်္လာ

ဒီကာလအတွင်း ခေါင်းခဲရသော လုပ်ငန်းတာဝန်များကြောင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေရတတ်သည်။ ငွေကြေး ကိစ္စများတွင် အခက်အခဲများ ကြုံတွေ့ရတတ်သော်လည်း အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်။ စီးပွားရှာဖွေရ လွယ်ကူပြီး မျှော်မှန်းသည်ထက်ပို၍ အကျိုးဖြစ်ထွန်းမည်။ ဆောင်ရွက်ကြိုးပမ်းမှုများ ရှေ့တွင် အခက်အခဲ တစ်စုံ တစ်ရာ ပေါ်ပေါက်ပြီးမှ အကျိုးရှိအောင်မြင်မည်။ မိသားစုအတွင်းတွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ်တို့နှင့်ပတ်သက်၍ အနှောက်အယှက်ပြဿနာများ တွေ့ကြုံရတတ်သည်။

အလုပ်ပုံစံပြောင်း လိုက်ပါ။ ဘဏ်လုပ်ငန်း၊ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ကျောက်လုပ်ငန်းများတိုးတတ်ပါလိမ့်မယ်။ ကိုယ်ပိုင် လုပ်ငန်းများအောက်လက်ငယ်သား ဝန်ထမ်း တွေရဲ့စွမ်းဆောင်မှုကြောင့် ပိုမို တိုးတတ်ခွင့်ရပါလိမ့်မယ်။ ကျန်းမာရေးတွင် ခေါင်းကိုက်၊ မူးဝေမှု၊ သွေးတိုးပိုင်းဆိုင်ရာ ရောဂါဝေဒနာများအတွက် အထူးသတိပြုပါ။

အတိုက်အခံပြဿနာများ ရင်ဆိုင်ဖြေရှင်းရပြီး ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်တွေ့ကြုံရတတ်သည်။ ပညာသင်ကြားနေသူများ ပညာရေးပိုင်းဆိုင်ရာ ငွေကြေး ထောက်ပံ့ ချီးမြှင့်မှုများ ရယူပိုင်ဆိုင်ခွင့်ရှိမည်။ အိမ်ထောင်ရှင်များ အိမ်ထောင်မှုကိစ္စအဝဝအတွက် စိတ်ပင်ပန်း ရမည်။ ချစ်သူများ ငွေကြေးကိစ္စများကြောင့် ပဋိပက္ခကြုံရတတ်သည်။ အကျိုးပေးဂဏန်း 486အထူးဟော ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုးဖြစ်တတ်ပါတယ်။ယတြာ သရက်ချဉ်သုပ်ပြီးဘုရားကပ်ပါ။

#အင်္ဂါ

ဒီကာလအတွင်း တာဝန်အတိုင်း တိကျစွာ လိုက်နာလုပ်ကိုင်ဖြစ်မည်။ အလုပ်နှင့် အထက်လူကြီး၊ ဌာနဆိုင်ရာ များ၏ ကူညီမှုရရှိမည်။ ရာထူးကြီး သို့မဟုတ် လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်ပြုလုပ်ရမည်။ ရေလုပ်ငန်း၊ ရေထွက် ပစ္စည်း၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ အထူးဂရုပြုသင့်သည်။ ပျက်စီးမှုများတတ်သည်။ ပိုးမွှား နှောက်ယှက် မှုကြောင့် ဆုံးရှုံးနိုင်သည်။ အိမ်ထောင်ဖက်မှာ အရမ်းစိတ်ချမ်းသာနေမည်။ မိမိအတွက် ဂုဏ်တတ်နေမည်။ သို့သော် အတူမနေဖြစ်၊ ခွဲခွာနေဖြစ်မည်။

လိုတာမရ၊ရတာ မလိုကိန်းမျိုးလဲကြုံရတတ်ပါတယ်။ မြောက်အရပ်တွေကိုခရီး သွားဖြစ်တတ်ပါတယ်။လက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေ ပျက်စီးလွယ်ပါတယ်။လက်အောက်ငယ်သားဒုက္ခပေးတတ်ပါ တယ်။ခြေလေးချောင်းသားကို ယာယီရှောင်လိုက်တာ ပိုကံမြင့်စေလိမ့်မယ်။သားသမီးများ၏ ပညာရေးအတွက် စိတ်မအေးနိုင်၊ နေအိမ်ကို အကောင်းဆုံး ဖြစ်အောင် ပြုပြင်ဖြစ်မည်။ ငယ်ရွယ်သူများ ပြည့်စုံစွာ ပညာသင်ကြား ဖြစ်မည်။ ဆရာ၊ မိဘ၊ ကျောင်နေဖက်အားလုံး ၏ ကူညီမှုရရှိမည်။ မတည်ငြိမ်သော အချစ်ရေးဖြစ်သည်။

သို့သော် ကိုယ့်အောက်ငယ်ရွယ်သူများကို ချစ်မိလျှင် ပြဿနာပေါ်မည်။ အမျိုးသမီးဆိုင်ရာရောဂါများ ရရှိတတ်သည်။ အမျိုးသားများ ကျန်းမာရေး ကောင်းမွန်မည်။ ချောင်းဆိုး၊ ရင်ကျပ်၊ နှာစေး စသော ရောဂါများ အနေအထိုင် မတတ် လျှင် ရတတ်သည်။ အကျိုးပေးဂဏန်း 530အထူးဟော လုပ်ငန်းကိုကောင်းစွာစီမံခန့်ခွဲနိုင်တော့မှာပါ။ယတြာ နနွင်းမှုန့် သီလရှင်တွေကိုလှူပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း စိတ်ပင်ပန်း၊ လူပင်ပန်းမှုများ ယှဉ်တွဲနေတတ်သော ကာလဖြစ်သည်။ ဘာပဲလုပ်လုပ် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့ရတတ်သည်။ အကောင်းဆုံးအနေအထားများအတွက် အချိန်ကာလတစ်ခု စောင့်ဆိုင်းပြီးမှ အကျိုးရှိအောင်မြင်မည်။ ကြားဝင်ဆက်သွယ်ဆောင်ရွက်မှုများ မထင်မှတ်ပဲ ထူးထူးခြားခြား အကျိုးရှိသွားတတ်သည်။ မိသားစုအတွင်း ငွေကြေးကံကောင်းမွန်သော်လည်း ငွေကြေးဆုံးရှုံးနစ်နာရမှုများ ပေါ်ပေါက်တွေ့ကြုံလာနိုင်သည်။

မိမိလုပ်ငန်းကိစ္စများအတွက် သဘောထားကွဲလွဲနေမည်။ ခရီးဝေးသွားလာမှုများ တွေ့ကြုံရပြီး အတိုက်အခံကိစ္စများ ပေါ်ပေါက် တွေ့ကြုံလာနိုင်ပါသည်။ ရွှေရတနာနှင့် ပတ်သက်ပြီး ငွေကြေး အကျိုးရှိမည့် ကာလဖြစ်ပြီး ပညာသင်ကြားနေသူများ လုံ့လပြင်းထန်စွာ စိုက်ထုတ်ကြိုပမ်းရပြီး မိမိလိုအင် ဆန္ဒများ ပြည့်ဝလာမည်။ အိမ်ထောင်ရှင်များ မိသားစု၏ ပဋိပက္ခပြဿနာများ ရင်ဆိုင်ရတတ်သည်။

ချစ်သူများ ယခင်ကာလများထက် တွေ့ဆုံခွင့်နည်းပါးတတ်သည်။ ကျန်းမာရေးကတော့ ကောင်းပါတယ် ။ဒါပေမဲ့ ခရီးထွက်ပြီး ရေပြောင်း မြေပြောင်းနဲ့ကြုံရသူဆိုရင်တော့ အနည်းငယ်ဂရုစိုက်ရပါလိမ့်မယ်။နေရာသစ်မှာ ကျန်းမာရေးညံ့သွား နိုင် လို့ပါပဲ။အကျိုးပေးဂဏန်း 164အထူးဟော လူမှုရေးအားနည်းမယ် ယတြာ နားကြပ်တစ်ခု မိတ်ဆွေတစ်ဦးကို လက်ဆောင်ပေးပါ။

#ကြာသပတေး

ဒီကာလအတွင်း မိမိ၏ကိုယ်ရေးကိုယ်တာ အလုပ်များကို လျစ်လျူရှု၍ ဆရာများ၊ အထက်ကြီးသူများ၏ အလုပ်များကို တာဝန်ယူပြုလုပ်ပေးနေဖြစ်မည်။ ကိုယ်ပိုင်အလုပ်ထဲ အရင်းအနှီးများစွာ ရင်းနှီးမြှပ်နှံနေဖြစ်မည်။ စာချုပ်၊ နှုတ်ကတိများ သတိထားသင့်သည်။ ရှယ်ယာအကျိုးပေးမည်။ သားသမီးများ တပည့်များ၏ ကိုယ်ရေး တာဝန်များကို ပြုလုပ်ပေးဖြစ်မည်။ ၎င်းတို့နှင့်ပတ်သက်၍ နာမည်ကောင်းရတတ်သည်။မိတ်ဆွေ ဆရာသမား များရဲ့အကူအညီတွေရလာတတ်ပါတယ်။

မည်သည့်ကိစ္စကိုမဆို ကြာသပတေးနှင့်စနေနေ့တွေမှာဦး စားပေးလုပ် လိုက်ပါ။ ငယ်ရွယ်သူများ ပညာရေး အခက်အခဲဖြစ်မည်။ ကျောင်းနေဖက်ချင်း စကားများ ရန်ဖြစ်တတ်သည်။ ဆရာမိဘများနှင့် တွေ့ဆုံရှင်းလင်း၍ ဆိုဆုံမပေးမှု ခံရမည်။ စကားပြောဆင်ခြင်၊သည်းခံပြီ ပညာယူသင့်သည်။ အချစ်ဟောင်းနှင့် အဆင်မပြေဖြစ်မည်။ ချစ်သူနှင့်ကွဲတတ်သည်။ တစ်နေရာစီဝေးနေသော ချစ်သူများမပါဝင်ပါ။

အချစ်သစ် မစသင့်သော အချိန်၊ စလျှင် ပြဿနာတတ်၊ ဆွေမျိုးများပါ ပါဝင်လာရတတ်သည်။ ကျန်းမာရေးတွင် လိင်အင်္ဂါ ကျန်းမာသန်စွမ်းမှု နည်းပါးမည်။သို့မဟုတ် ရောဂါရတတ်သည်။ အစာမှားပြီး အော့အန်၊ ရင်ပြည့်၊ ရင်ကယ် ဖြစ်မည်။ အရေပြား ယားယံမည်။ အကျိုးပေးဂဏန်း 250အထူးဟော ကျန်းမာရေးဂရုစိုက်ပါ ယတြာ ရေနေသတ္တဝါတွေကို အစာကျွေးပါ

#သောကြာ

ဒီကာလအတွင်း ကောင်းသောအခြေအနေသစ်တစ်ရပ် ဖန်တီးပုံဖေါ်ခွင့်ရရှိမည်။ ခရီးဝေးများ မကြာခဏ သွားလာမှုများတတ်သော ကာလဖြစ်သည်။ မိမိလုပ်ငန်းတာဝန်များအတွက် အရာရာကို ပူပန်ကြောင့်ကြစိတ်များ သောကာလဖြစ်သည်။ အိမ်၊ ခြံ၊ မြေ၊ ယာဉ်များ ဝယ်ယူရန်ကြိုးပမ်းသူများနှင့် ရောင်းချရန် ကြံစည်ထားသူများ အကျိုးရှိအဆင်ပြေမည့်ကာလဖြစ်သည်။ လုပ်ငန်းတွင် ကောင်းမွန်သော အဆက်အသွယ် အထောက်အပံ့ကောင်း များ တွေ့ကြုံ၍ မိမိကြံစည်လုပ်ဆောင်မှုများ အကျိုးရှိအဆင်ပြေမည်။

အလုပ်ကိစ္စများအတွက် ငွေကြေးကံ ကောင်းမွန်သည့်ကာလဖြစ်ပြီး အဆင့်အတန်း၊ အခြေအနေ တိုးတတ်မြင့်မားမည်။ ဘာပဲလုပ်လုပ် အုပ်ချုပ်သူ အကြီးအကဲများနှင့် သဟဇာတဖြစ်နေတတ်ပြီး ဂုဏ်သိက္ခာပိုင်း တိုးတတ်မြင့်မားမည်။ ပညာသင်ယူသူများ ကြီးမားသော အောင်မြင်မှုများ အလွယ်တကူ ပိုင်ဆိုင်ရမည်။

အိမ်ထောင်ရှင်များ မောင်နှမသားချင်းကိစ္စများကြောင့် အဆင်မပြေမှုများ ဖြစ်ရတတ်ပါတယ်။ ချစ်သူများ အရင်ထက်ပိုမိုသော မေတ္တာတရားများ ရှင်သန်ခွင့်ရမည်။ လက်ထပ်ဖို့ တိုင်ပင်နှီးနှောလို့ကောင်းတဲ့ကာလပါပဲ။ဘာသာရေးလုပ်ငန်းများ အချိန်ရသရွေ့ ပြုလုပ်ပေးပါ။အကျိုးပေးဂဏန်း 136အထူးဟော ကံအထူးမြင့်သည် ယတြာ သစ်သီးယို ဘုရားကပ်ပါ

#စနေ

ဒီကာလအတွင်း ကံကောင်းသော အကြောင်းကိစ္စများ တွေ့ကြုံရတတ်ပြီး လူမှုရေးပိုင်း ထင်ရှားအောင်မြင် မည်။ မိသားစုတွင် အမွေအနှစ်ရရှိခြင်း၊ အိမ်၊ ခြံ၊ မြေ၊ ယာဉ် နှင့်ပတ်သက်၍ ငွေကြေးအကျိုးရှိမှုများ ပေါ်ပေါက်တွေ့ ကြုံလာမည်။ လုပ်ငန်းခွင်ထဲတွင်လည်း မိမိ၏ဖန်တီးပုံဖေါ်မှုများ ထူးခြားစွာ ပြည့်ဝအောင်မြင်မည်။

အသုံးအဆောင် ပစ္စည်း အသစ်အဆန်းများ စိတ်တိုင်းကျ ရယူပိုင်ဆိုင်သုံးစွဲရမည်။ လုပ်ငန်းတာဝန်များ ထမ်းရွက်ရာတွင် စီးပွားရေး ပိုင်း အကျိုးပြုသော လုပ်ငန်းနေရာ၊ ဌာနများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်အတွက် ကြီးမားသော မြက်စွန်းမှုများ ပေါ်ပေါက်တွေ့ကြုံလာမည်။ အခြေအနေ အရပ်ရပ်အတွက် မိမိ ကံဇာတာ မြင့်မားတိုးတတ်သောဘက်တွင် ရပ်တည်နေပြီး ကြီးပွားမှုအမျိုးမျိုး ရယူဖန်တီးနိုင်မည်။

ပညာသင်ကြား နေသူများ ထူးချွန်ထက်မြက် ကံကောင်းမှုများ ရယူခွင့်ရှိနေမည်။ အိမ်ထောင်ရှင် များ မိမိအိမ်ထောင်ဖက်အပေါ် အလျှော့ပေး အနစ်နာခံရမည့် ကာလဖြစ်သည်။ ချစ်သူများ မိမိတို့ စိတ်ကြိုက် အချစ်ရေးကိစ္စများ ဖန်တီးတည် ဆောက်နိုင်မည်။ ကျန်းမာရေးကတော့ ဒီကာလမှာ အဆိုးကြီး မဟုတ်ပေမဲ့ မပေါ့သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဟောင်း ဝေဒနာဟောင်းတွေလဲ ပေါ်လာတတ်လို့ပါ။အကျိုးပေးဂဏန်း 240အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရမည် ယတြာ နွားနို့ဘုရားကပ်ပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695


#တနငျ်ဂနှေ




#တနငျ်လာ




#အငျ်ဂါ




#ဗုဒ်ဓဟူး/ရာဟု

















Leave a Reply

Your email address will not be published. Required fields are marked *