ကြားသိရသမျှ

ကွင်းထဲမှာတင်မက ကွင်းပြင်မှာပါ အနိုင်ရသွားတဲ့ ဂျပန်အသင်း (လေးစားဖို့‌ ကောင်းလွန်းပါတယ်)

ယနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (E) ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ဘောလုံး ထိပ်သီး အင်အားကြီး ဂျာမနီကို အာရှတိုက်မှ ဂျပန်အသင်းက ၂-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင် ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲရဲ့ ရလဒ်ဟာ ဘောလုံးခန့်မှန်းသူများ၊ ပညာရှင်များ၊ ကစားသမားများ အပါအဝင် ပရိသတ်များပါ အံ့အားသင့်ခဲ့ရတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

ဂျာမနီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဂျပန်အသင်း ပရိသတ်တွေဟာ ထူးခြားတဲ့လုပ်ရပ်တခုကို ပြုလုပ်ခဲ့ပါတယ်။ ပုံမှန်ဆို ကိုယ့်နိုင်ငံအသင်းက အသင်းကြီးကို အနိုင်ရချိန်မှာ မည်သူမဆို အလွန်အကျူး အောင်ပွဲခံချင်ကြမှာ မလွဲပါဘူး။

ဒါပေမယ့် ဂျပန်အသင်း ပရိသတ်တွေကတော့ ပွဲပြီးပြီးချင်း အောင်ပွဲမခံသေးဘဲ ပွဲကြည့်စင်ပေါ်က အမှိုက်တွေကို လိုက်ကောက်ပေးခဲ့ပါတယ်။ ယခုအပြုအမူမျိုးကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဂျပန်အသင်း ပရိသတ်တွေက ပြုလုပ်ခဲ့ပါသေးတယ်။

၂၀၁၈ ပြိုင်ပွဲတုန်းက ရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယံ အသင်းကို ဂျပန်အသင်းက ရှုံးနိမ့်ခဲ့ပေမယ့် အဝတ်လဲခန်းကို သန့်ရှင်းရေး လုပ်ပေးခဲ့တဲ့ အပြင် ကျေးဇူးတင်စကားကို စာနဲ့ ရေးထားပေးခဲ့လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

မနေ့ကလည်း ဂျပန်ပရိသတ်တွေဟာ သူတို့အသင်း မကန်တဲ့ပွဲမှာလည်း ပွဲပြီးတဲ့အချိန် အမှိုက်ကောက်ပေးခဲ့တာကို တွေ့ရပါတယ်။ ဂျပန်ပရိသတ်တွေရဲ့ ယခုလို ကောင်းမွန်တဲ့ အပြုအမူတွေကို တကမ္ဘာလုံးက ဝိုင်းဝန်း ချီးကျူးနေကြပါတယ်။

တိုက်ဆိုင်စွာပဲ ဂျပန်ပရိသတ်တွေရဲ့ ပွဲပြီးအမှိုက်ကောက်တဲ့လုပ်ရပ်ကို မြန်မာပရိသတ်တွေကလည်း အတုယူခဲ့ကြပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားတဲ့နောက် မြန်မာ့လက်ရွေးစင်အသင်း ကန်တဲ့ပွဲစဉ်အချို့မှာ ပရိသတ်တချို့က ပွဲစဉ်ပြီးချိန်မှာ အမှိုက်ကောက်ခဲ့တာကြောင့် ဒေသတွင်း မီဒီယာတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ဟာ ပျောက်ကွယ်သွားခဲ့ပြီး မြန်မာအသင်းအနေနဲ့ ကိုယ့်မြေကိုယ့်ရေမှာ ကစားခွင့် မရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။ ဂျပန်ပရိသတ်တွေကဲ့သို့ မြန်မာပရိသတ်တွေ ပြန်ပေါ်လာမယ့်နေ့ကို စောင့်စားရင်း…

zawgyi

ယေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု (E) ရဲ႕ အဖြင့္ပြဲစဥ္မွာေတာ့ ေဘာလုံး ထိပ္သီး အင္အားႀကီး ဂ်ာမနီကို အာရွတိုက္မွ ဂ်ပန္အသင္းက ၂-၁ ဂိုးနဲ႔ ထိုက္ထိုက္တန္တန္ အႏိုင္ ရရွိသြားခဲ့ပါတယ္။ အဆိုပါပြဲရဲ႕ ရလဒ္ဟာ ေဘာလုံးခန႔္မွန္းသူမ်ား၊ ပညာရွင္မ်ား၊ ကစားသမားမ်ား အပါအဝင္ ပရိသတ္မ်ားပါ အံ့အားသင့္ခဲ့ရတဲ့ ပြဲတပြဲ ျဖစ္ခဲ့ပါတယ္။

ဂ်ာမနီအသင္းကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ဂ်ပန္အသင္း ပရိသတ္ေတြဟာ ထူးျခားတဲ့လုပ္ရပ္တခုကို ျပဳလုပ္ခဲ့ပါတယ္။ ပုံမွန္ဆို ကိုယ့္ႏိုင္ငံအသင္းက အသင္းႀကီးကို အႏိုင္ရခ်ိန္မွာ မည္သူမဆို အလြန္အက်ဴး ေအာင္ပြဲခံခ်င္ၾကမွာ မလြဲပါဘူး။

ဒါေပမယ့္ ဂ်ပန္အသင္း ပရိသတ္ေတြကေတာ့ ပြဲၿပီးၿပီးခ်င္း ေအာင္ပြဲမခံေသးဘဲ ပြဲၾကည့္စင္ေပၚက အမႈိက္ေတြကို လိုက္ေကာက္ေပးခဲ့ပါတယ္။ ယခုအျပဳအမူမ်ိဳးကို ၂၀၁၈ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း ဂ်ပန္အသင္း ပရိသတ္ေတြက ျပဳလုပ္ခဲ့ပါေသးတယ္။

၂၀၁၈ ၿပိဳင္ပြဲတုန္းက ရႈံးထြက္အဆင့္မွာ ဘယ္လ္ဂ်ီယံ အသင္းကို ဂ်ပန္အသင္းက ရႈံးနိမ့္ခဲ့ေပမယ့္ အဝတ္လဲခန္းကို သန႔္ရွင္းေရး လုပ္ေပးခဲ့တဲ့ အျပင္ ေက်းဇူးတင္စကားကို စာနဲ႔ ေရးထားေပးခဲ့လို႔ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကို ခံခဲ့ရပါတယ္။

မေန႔ကလည္း ဂ်ပန္ပရိသတ္ေတြဟာ သူတို႔အသင္း မကန္တဲ့ပြဲမွာလည္း ပြဲၿပီးတဲ့အခ်ိန္ အမႈိက္ေကာက္ေပးခဲ့တာကို ေတြ႕ရပါတယ္။ ဂ်ပန္ပရိသတ္ေတြရဲ႕ ယခုလို ေကာင္းမြန္တဲ့ အျပဳအမူေတြကို တကမာၻလုံးက ဝိုင္းဝန္း ခ်ီးက်ဴးေနၾကပါတယ္။

တိုက္ဆိုင္စြာပဲ ဂ်ပန္ပရိသတ္ေတြရဲ႕ ပြဲၿပီးအမႈိက္ေကာက္တဲ့လုပ္ရပ္ကို ျမန္မာပရိသတ္ေတြကလည္း အတုယူခဲ့ၾကပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးသြားတဲ့ေနာက္ ျမန္မာ့လက္ေ႐ြးစင္အသင္း ကန္တဲ့ပြဲစဥ္အခ်ိဳ႕မွာ ပရိသတ္တခ်ိဳ႕က ပြဲစဥ္ၿပီးခ်ိန္မွာ အမႈိက္ေကာက္ခဲ့တာေၾကာင့္ ေဒသတြင္း မီဒီယာေတြရဲ႕ ခ်ီးက်ဴးမႈကို ခံခဲ့ရပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ျမန္မာပရိသတ္ေတြရဲ႕ ေကာင္းမြန္တဲ့ လုပ္ရပ္ဟာ ေပ်ာက္ကြယ္သြားခဲ့ၿပီး ျမန္မာအသင္းအေနနဲ႔ ကိုယ့္ေျမကိုယ့္ေရမွာ ကစားခြင့္ မရွိတဲ့ အေျခအေန ျဖစ္ေနတယ္လို႔ စိတ္မေကာင္းစြာ သိရပါတယ္။ ဂ်ပန္ပရိသတ္ေတြကဲ့သို႔ ျမန္မာပရိသတ္ေတြ ျပန္ေပၚလာမယ့္ေန႔ကို ေစာင့္စားရင္း…

Leave a Reply

Your email address will not be published. Required fields are marked *