နိုင်ငံတကာသတင်း

၁၆၂ ဦးရှိလာတဲ့ အင်ဒိုနီးရှားငလျင်

သေဆုံးသူ ၁၆၂ ဦးရှိလာတဲ့ အင်ဒိုနီးရှားငလျင်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင်တွင် တနင်္လာနေ့က လှုပ်ရှားခဲ့သော ရစ်ခတာစကေး ၅ ဒသမ ၆ အင်အားရှိ မြေငလျင်ကြောင့် သေဆုံးသူဦးရေမှာ လက်ရှိအချိန်အထိ ၁၆၂ ဦးခန့်ရှိပြီဟု

သိရကြောင်း အနောက်ဂျာဗားခရိုင် အုပ်ချုပ်ရေးမှူး ရစ်ဒဝန်ကာမီးလ်က အင်စတာဂရမ်တွင် အတည်ပြုသတင်းထုတ်ပြန်သည်။

မြေငလျင်ဗဟိုချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျာကာတာမှ အရှေ့တောင်ဖက် ၇၅ ကီလိုမီတာအကွာရှိ၊ Cianjur မြို့အနီးတွင်ဖြစ်ပြီး၊ အဆိုပါဒေသတွင် လူဦးရေ ၂ ဒသမ ၅ သန်းခန့်နေထိုင်ကြသည်။

ကယ်ဆယ်ရေးလုပ်နေသူများသည် အပျက်အစီးများထဲတွင်ပိတ်မိနေသူ ၂၅ ဦးထက်မနည်းကို ရှာဖွေတွေ့ရှိထားကြောင်းနှင့် ညဖက်တွင်ပါ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်ထိန်းသိမ်းကာကွယ်ရေးဌာနက တနင်္လာနေ့ညကပြောကြားသည်။

မြေငလျင်ကြောင့် အိမ်ခြေ ၂၂၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး၊ လူဦးရေ ၅၃၀၀ကျော် မိမိတို့နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း ယင်းဌာနကဆိုထားသည်။

Source: Reuters

zawgyi

ေသဆုံးသူ ၁၆၂ ဦးရွိလာတဲ့ အင္ဒိုနီးရွားငလ်င္

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗားခ႐ိုင္တြင္ တနလၤာေန႔က လႈပ္ရွားခဲ့ေသာ ရစ္ခတာစေကး ၅ ဒသမ ၆ အင္အားရွိ ေျမငလ်င္ေၾကာင့္ ေသဆုံးသူဦးေရမွာ လက္ရွိအခ်ိန္အထိ ၁၆၂ ဦးခန႔္ရွိၿပီဟု

သိရေၾကာင္း အေနာက္ဂ်ာဗားခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ရစ္ဒဝန္ကာမီးလ္က အင္စတာဂရမ္တြင္ အတည္ျပဳသတင္းထုတ္ျပန္သည္။

ေျမငလ်င္ဗဟိုခ်က္မွာ အင္ဒိုနီးရွားႏိုင္ငံ၏ ၿမိဳ႕ေတာ္ ဂ်ာကာတာမွ အေရွ႕ေတာင္ဖက္ ၇၅ ကီလိုမီတာအကြာရွိ၊ Cianjur ၿမိဳ႕အနီးတြင္ျဖစ္ၿပီး၊ အဆိုပါေဒသတြင္ လူဦးေရ ၂ ဒသမ ၅ သန္းခန႔္ေနထိုင္ၾကသည္။

ကယ္ဆယ္ေရးလုပ္ေနသူမ်ားသည္ အပ်က္အစီးမ်ားထဲတြင္ပိတ္မိေနသူ ၂၅ ဦးထက္မနည္းကို ရွာေဖြေတြ႕ရွိထားေၾကာင္းႏွင့္ ညဖက္တြင္ပါ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း

အင္ဒိုနီးရွားႏိုင္ငံ သဘာဝေဘးအႏၲရာယ္ထိန္းသိမ္းကာကြယ္ေရးဌာနက တနလၤာေန႔ညကေျပာၾကားသည္။

ေျမငလ်င္ေၾကာင့္ အိမ္ေျခ ၂၂၀၀ ထက္မနည္း ပ်က္စီးခဲ့ၿပီး၊ လူဦးေရ ၅၃၀၀ေက်ာ္ မိမိတို႔ေနအိမ္မ်ားကို စြန႔္ခြာခဲ့ရေၾကာင္း ယင္းဌာနကဆိုထားသည္။

Source: Reuters

Leave a Reply

Your email address will not be published. Required fields are marked *