ဗေဒင်

မွေးနေ့ ပိုင်ရှင်လေးများ အကြောင်း

တနင်္ဂနွေ

ချစ်ဖို့ကောင်းတဲ့ နေရာမှာ No.1ရုပ်တည်ကြီးနေတတ်ပေမယ့်..တကယ်ခင်သွားရင်လဲ သူငယ်ချင်း အဖွဲ့ထဲမှာမျက်နှာ အပြောင်ဆုံးကသူပဲ..အချစ်ကြီးသလောက် အချစ်ရေးမှာတော့ အရမ်းကံခေတယ်…ရတာမလိုလိုတာမရတွေလေ…..

အစွဲလန်းလဲကြီးတယ် ချစ်ပြီဆို တခြားလူနဲ့ မတူသလို မုန်းပြီဆိုလဲ လှည့်မကြည့်တတ်ဘူးအချောကြီးမဟုတ်ပေမယ့်ဆွဲဆောင်မှု အရမ်းရှိတယ် ညို့အားအပြင်းဆုံးက အသံ (အသံလေးကြားဖူးရုံနဲ့တင် စွဲလန်းသွားစေတာမျိုး)

တနင်္လာ

အထာကျတဲ့ နေရာမှာ No. 1တခုခုဆို အရမ်းပြတ်သား တယ်ပြောစရာ ရှိရင် ဘယ့်သူ့ကိုမှာ အားမနာတတ်ဘူးမှန်တဲ့ ဖက်က ရပ်တည် တာမျိုးပေါ့ ရန်လိုတဲ့ လူ နဲနဲများတယ် ဒါမယ့် ဘသူ့ကိုမှ သိပ်ဂရုမစိုက်တတ်ဘူး…ဘလိုအခြေနေ ပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်

အပေါင်းသင်းဆိုလဲ ရွေးပြီးပဲပေါင်းတယ် အုတ်ရောရော ကျောက်ရောရော သိပ်မထား တတ်ဘူးအတုယောင်တွေကို မုန်းလို့ တဲ့လေညို့အားအပြင်းဆုံးက ခန္ဓာကိုယ်(ယောကျာ်းလေးဆို အရမ်းခန့်ပြီးမိန်းကလေးဆိုလဲ အချိုးအစားကျတယ်..ဆွဲဆောင်မှုအရမ်းရှိတယ်)

အင်္ဂါ

ဆရာကြီး လုပ်တဲ့နေရာမှာ No.1ပြော သာပြောတာနော် သြဇာက အရမ်းညောင်းတယ် လူချစ်လူခင် လဲပေါတယ် လူတိုင်းကလဲ ယုံကြည်တယ် ခေါင်းဆောင်ကောင်း ပီသတဲ့ သူတွေပေါ့…

ဒါမယ့် သိပ်မပွင့်လင်းတော့ ပျော်တယ်လို့ပဲထင်ရတာ အမြဲတမ်းလိုလို အထီးကျန်နေတတ် တယ်မိသားစုဖြစ်ဖြစ် သူငယ်ချင်းတွေ ထဲမှာပဲဖြစ်ဖြစ် အပစ်ပယ်ခံ ရတဲ့ အချိန်က များနေတတ်တယ် ညို့အားအပြင်းဆုံးက မျက်လုံး(အကြည့်နဲ့ ညို့တာနော်…သူတို့ နဲ့တွေ့ရင် မျက်လုံးတွေကို သတိထား အရမ်းကြောက်ဖို့ကောင်းတာ..)

ဗုဒ္ဓဟူး

ရူးတဲ့နေရာမှာ No.1 တလောကလုံး သူတို့နဲ့တည့်, တဲ့လူ မရှိသလောက်ပဲ စိတ်ရင်းကောင်းတယ် အပြောဆိုးတယ ်စိတ်ဆိုးတုန်းလဲ ခနပဲ ပြီးရင် ဘာမှမဟုတ် ဘူးပေါင်းသင်းရ ခက်တဲ့သူတွေ…

အဖေကလွဲရင် တမိသားစုလုံးနဲ့ မျက်နှာကြောမတည့်ဘူး ဘလောက် အသက်ကြီးကြီး ခလေးစိတ်ကမပျောက်ဘူး ညို့အားအပြင်းဆုံးက ဆံပင်ပုံစံ (မိန်းကလေးဖြစ်ဖြစ် ယောကျားလေးဖြစ်ဖြစ် သူတို့တွေက ဆံပင်ကို အရမ် းတန်ဖိုးထားတာ)

ကြာသပတေး

ချန်း တဲ့နေရာမှာNo.1 -ဘာလုပ်လုပ်လွဲတယ် သေချာခိုင်းလေလွဲလေပဲ -တခုခုဆို အမြဲအဆူအငေါက်ခံရတယ်….စိတ်ရင်းကောင်းတော့ သူငယ်ချင်းတော့ပေါတာပေါ့…..

ဒါမယ့်အတုအစစ် သိပ်မခွဲတတ်တော့ သူငယ်ချင်းကြောင့်ပဲခနခန ချောက်ချခံရတဲ့သူတွေအယုံလွယ်တယ် ၊ပိန်းတယ်ကိုယ့်ဖို့ ဘယ်တော့မှ မကြည့်တတ်ဘူး အနစ်နာအရမ်းခံ တတ်တယ်ညို့အားအပြင်းဆုံးက မျက်နှာ ( သေချာကြည့်မိလေ လှလေပဲ..)

သောကြာ

လေပွားတဲ့ နေရာမှာ No.1အရမ်းစကားများတယ် အကြောင်းမရှိအကြောင်းရှာပြီးကို တတွတ်တွတ်ပြောနေတာ….ဒါမယ့် အကုန်လုံးကို သီးခံပြီးပေါင်းတတ်တယ် ရောက်တဲ့နေရာမှာ ချစ်မယ့်လူပေါတယ်….

ပြသနာတော့ ခနခနဖြစ်တယ် ပြသနာကမလာရင်တောင် သူတို့ကသွားရှာတာ အယုံလွယ်သလောက်သူတို့ဘေးမှာလဲ လိမ်မယ့်လူတွေချည်းပဲ….ညို့အားအပြင်းဆုံးက တော်ကီ..( အပြောတွေအောက်မှာ မျောသွားအောင်ကိုစွမ်းတာ သတိထားပြီးသာ ဆက်ဆံ.)

စနေ

ယုတ်မာတဲ့ နေရာမှာ No.1အစစအရာရာ ဗိုလ်ကျတယ် လိုချင်တာမရရင် တလောကလုံး စိန်ခေါ်ဖို့လဲ ဝန်မလေးဘူးနေရာတကာ စိတ်ကြီးတတ်တဲ့ ဒေါသအိုးလေးတွေ ဒါမယ့် စိတ်ရင်းကောင်းတယ် အပေါင်းအသင်းမင်တယ် ….

အနစ်နာခံတတ်လို့လဲ ချစ်မယ့်လူပေါတယ်ထင်တိုင်းကြဲနေတတ်ပေမယ့် အဆင်မပြေတာတွေ ခနခနကြုံနေတတ်တယ်။ဘယ့်သူ့ကိုမှလဲ သိပ်မယုံဘူး သူတို့အနားလာတဲ့လူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲ ကြည့်တတ်တယ် ….

ညို့အားအပြင်းဆုံးက အပြုံး( အထူးသဖြင့် သွားတက်၊ ပါးခွက် တွေပါနေတတ်တယ် သူတို့ပြုံးနေရင် မျက်နှာသာ ရအောင်လွှဲ အပြုစားခံရတာထက်ဆိုးတယ်..)မူရင်းပို့စ် အားကရစ်ဒစ်ပေးပါတယ်။မူရင်းပို့စ် အားကရစ်ဒစ်ပေးပါတယ်

Credit

 

တနင်္ဂနွေ



တနင်္လာ



အင်္ဂါ



ဗုဒ္ဓဟူး



ကြာသပတေး



သောကြာ



စနေ




Credit

Leave a Reply

Your email address will not be published. Required fields are marked *