ဗေဒင်

အသက်လမ်းကြောင်းရဲ့ အဆုံးမှာ ငါးရုပ်ပုံပါသူတွေအတွက် လက္ခဏာဗေဒင်

ငါးရုပ်..အသက်လမ်းအဆုံးကငါးရုပ်

အသက်လမ်းအောက်ဆုံးမှာငါးရုပ်ပါရင် အင်မတန်မှ ကောင်းပါတယ်။ဒီအမှတ်အသားဟာ ဘဝမှာ ချမ်းသာမှုကို အဓိကထားပြီး ပြပေးပါတယ် ဘဝမှာ ငွေကြေးကံအဆင်ပြေနိုင်တယ်

ငွေကြေးခဏခဏကို ရရှိတက်တယ်..အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေတက်ပါတယ်။အင်မတန်မှ ကောင်းပါတယ်..ငွေမြဲမလားဆိုတာကတော့ လက်ဝါးပြင်ကို အပြည့်အစုံကြည့်ပြီးမှ သိနိုင်မှာပါ

ဒီလိုအမှတ်အသား ပါနေရင် အသက်အလယ်ပိုင်းနဲ့ အသက်ကြီးပိုင်းမှာ အထူးအားသာတယ်..ချမ်းသာမှုကို ရရှိနိုင်မယ်..ဘဝတစ်လျှောက်လုံး ချမ်းချမ်းသာသာနေရတက်ပါတယ်…

အဆင်ပြေပြေ နေရမယ်လို့ ပြပေးပါတယ်…အမှတ်အသားကောင်းမွန်ဖို့ လိုအပ်တယ် ကံလမ်းအားသာနေမယ် ငါးရုပ်ဟာလဲအားကောင်းမယ်ဆိုရင်အကျိုးထူးတွေ ရရှိနိုင်ပါတယ်

နောက်ဆုံး ထီပေါက်သလို ငွေများစွာ ရရှိတက်ပါတယ် ဒီအမှတ်အသားဟာ အရမ်းအကျိုးပေးကောင်းတယ်…တစ်ခုရှိတာက အမှတ်အသား အားနည်းပြီးငါးရုပ်ဟာ အပြတ်အဟပါနေရင်တော့ အကျိုးနည်းမယ်

ရသင့်သလောက် မရနိုင်ဘူးလို့ တွေ့ရပါတယ်..ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြဿနာပေါ်ပေါက်တက်ပါတယ် ဘဝမှာ ရေဥပါဒ် အန္တာရယ် ကြုံရနိုင်ပါတယ်အမှတ်အသား အားကောင်းဖို့ လိုပါတယ်

(မှတ်ချက်)ပုံပါအတိုင်း ပါသူတွေအတွက် ဘယ်ညာ မျှဝေတာဖြစ်ပါတယ် ဘယ်၊ညာကြည့်ပြီး စစ်ဆေးပါ သဘောပေါက်အောင်နားလည်အောင်လို့ သေချာလေး မျှဝေပေးတာဖြစ်ပါတယ်

တစ်ဖက်မှာ ပါနေရင်ကို အကျိုးကောင်းကောင်း ရပါတယ် လက္ခဏာလေ့လာသူတွေနဲ့ ဝါသနာပါသူများအတွက် ဗဟုသုတရရှိအောင်လို့ အနည်းငယ်မျှဝေပေး လိုက်ပါတယ် စာဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်

(၇)ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ ကပ်ရောဂါဘေးမှလဲကင်းဝေးနိုင်ကြပါစေ ..ဆရာ့စီမှာ လက္ခဏာပြည့်စုံစွာ အသေးစိတ် စစ်ဆေးပေးပါတယ်

Viber09759664465သို့လာရောက်မေးမြန်းနိုင်ပါတယ်HtetPaingဗေဒင်လက္ခဏာခရစ်တစ်

zawgyi












Leave a Reply

Your email address will not be published. Required fields are marked *