ကြားသိရသမျှ

ရန်ကုန်မြို့ကို ကိုယ်ထူကိုယ်ထ ကယ်တင်မယ့် သူရဲကောင်းတွေ လာပါပြီ…

လုယက်မှုတွေ များပြားနေတဲ့ ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေကို ကိုယ်ထူကိုယ်ထ ကာကွယ်ပေးမယ့် အဖွဲ့ တဖွဲ့ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ယင်းအဖွဲ့ရဲ့ ခေါင်းဆောင်တဦး ပြောပြတဲ့ အဖွဲ့လှုပ်ရှားမှုကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်-

ကျွန်တော်တို့ FTT (Fright The Thieves) အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လှုပ်ရှားမှု ပုံရိပ်များ။ ပထမအကြိမ် လှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက နာမည်ထွက်တဲ့ ယာဉ်လိုင်းအချို့ကို စီးနင်းခဲ့ပါတယ်။ ကျွန်တော်တို့ ခိုးဆိုးလူနှိုက်တွေကို အဲ့အပတ်က မတွေ့ခဲ့ပါဘူး။ ပိတ်ရက်ကြောင့်လားလို့တော့ တွေးထင်မိတယ်။

လူလည်းအဲ့အပတ်က မစုံသေးပါဘူး။ ကျွန်တော်တို့အဖွဲ့မှာ ယနေ့ဒုတိယကြိမ်မြောက် လှုပ်ရှားမှုမှာတော့ အခုတလော လိုင်းပေါ်နာမည်နည်းနည်းထွက်နေတဲ့ တာမွေမြို့နယ် ကြက်ဘဲစျေးအနီးက စျေးလေးမှတ်တိုင်မှာ ဖဲသုံးချပ်လောင်းကစား အယောင်ပြပြီး မှတ်တိုင်မှာခိုးဆိုးလုယက်နေတဲ့ အဖွဲ့ကို မနက်ကတည်းက သွားစောင့်ခဲ့တာ ညနေ၄နာရီလောက်မှာတော့ သူတို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

သူတို့က တိုယိုတာ ကယ်ဒီနာ နက်ပြာရောင်နဲ့လာတာပါ။ သူတို့အဖွဲ့မှာ မိန်းခလေးတစ်ယောက်အပါဝင် ခိုးဆိုးလုနှိုက် ၇ ယောက် နီးပါး ပါတယ်ဗျ။ ဝမ်းနည်းစရာကတော့ အဲ့ကောင်တွေကို ကျွန်တော်တို့အဖွဲ့ရောက်ရှိနေကြောင်း သတင်းပေးသူရှိလို့လားမသိဘူး။ ထိပ်တိုက်တွေ့တွေ့ချင်း ချက်ချင်းသူတို့ကားပေါ်တက်ပြီး မောင်းပြေးသွားတယ်ဗျ။

သူတို့က ပလေကပ်ပုဆိုး အကုန်နီးပါး ဝတ်ထားတယ်ခင်ဗျ။ ဓာတ်ပုံရိုက်ချိန်တောင် မရလိုက်ဘူး။ အနှစ်ချုပ်ပြောရရင်တော့ ကျွန်တော်တို့အဖွဲ့မှာ လူအင်အားအတော်များလာပါပြီ။ ငွေကြေးလည်း ကျွန်တော်တို့ ကိုယ်ထူ ကိုယ်ထအစီစဉ်နဲ့ ထည့်ဝင်ပြီး လှုပ်ရှားနေရတာပါ။ နောက်ထပ် စိတ်တူ ကိုယ်တူ ညီကိုမောင်နှမများရှိခဲ့ရင်လည်း ကျွန်တော်တို့ စီဘီကိုကြွပါခင်ဗျ။ ငွေကြေးအင်အားရော လူအင်အားရော လိုအပ်ချက်လေးတွေတော့ ရှိနေပါသေးတယ်။

ကျွန်တော်တို့ လုပ်ကိုင်မှု ပုံရိပ်လေးတွေလည်း လုံခြုံရေးအခြေနေကြည့်ပြီး ချပြပေးပါ့မယ်။ အလျဉ်းသင့်ရင် အဖွဲ့ဝင်တွေကိုလည်း အသေးစိတ် ကိုယ်ရေးအချက်လက်စစ်ဆေးပြီးမှ အဖွဲ့ထဲလက်ခံပေးတာပါ။ ယုံကြည်စွာ စီဘီကိုသာ ကြွလှမ်းခဲ့ကြပါဗျာ။

လက်ရှိအခြေနေအရ ပြည်သူတွေ အစစ အရာရာ အခက်အခဲရှိနေတဲ့ ကာလမို့ သက်ဆိုင်ရာ လူကြီးမင်းများ လုံခြုံရေးအဖွဲ့စည်းများ အနေဖြင့်လည်း ကျွန်တော်တို့ကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျ။ ကိုယ်ထူ ကိုယ်ထ လုံခြုံရေးယူနေဆဲကာလမို့ပါ။ (Min Htet Naing )

zawgyi

လုယက္မႈေတြ မ်ားျပားေနတဲ့ ရန္ကုန္ၿမိဳ႕မွာ ဒုစ႐ိုက္မႈေတြကို ကိုယ္ထူကိုယ္ထ ကာကြယ္ေပးမယ့္ အဖြဲ႕ တဖြဲ႕ ေပၚေပါက္လာၿပီ ျဖစ္ပါတယ္။ ယင္းအဖြဲ႕ရဲ႕ ေခါင္းေဆာင္တဦး ေျပာျပတဲ့ အဖြဲ႕လႈပ္ရွားမႈကို ျပန္လည္ေဖာ္ျပ ေပးလိုက္ပါတယ္-

ကြၽန္ေတာ္တို႔ FTT (Fright The Thieves) အဖြဲ႕ရဲ႕ ဒုတိယအႀကိမ္ေျမာက္ လႈပ္ရွားမႈ ပုံရိပ္မ်ား။ ပထမအႀကိမ္ လႈပ္ရွားမႈအျဖစ္ ၿပီးခဲ့တဲ့ တနဂၤေႏြတုန္းက နာမည္ထြက္တဲ့ ယာဥ္လိုင္းအခ်ိဳ႕ကို စီးနင္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ခိုးဆိုးလူႏႈိက္ေတြကို အဲ့အပတ္က မေတြ႕ခဲ့ပါဘူး။ ပိတ္ရက္ေၾကာင့္လားလို႔ေတာ့ ေတြးထင္မိတယ္။

လူလည္းအဲ့အပတ္က မစုံေသးပါဘူး။ ကြၽန္ေတာ္တို႔အဖြဲ႕မွာ ယေန႔ဒုတိယႀကိမ္ေျမာက္ လႈပ္ရွားမႈမွာေတာ့ အခုတေလာ လိုင္းေပၚနာမည္နည္းနည္းထြက္ေနတဲ့ တာေမြၿမိဳ႕နယ္ ၾကက္ဘဲေစ်းအနီးက ေစ်းေလးမွတ္တိုင္မွာ ဖဲသုံးခ်ပ္ေလာင္းကစား အေယာင္ျပၿပီး မွတ္တိုင္မွာခိုးဆိုးလုယက္ေနတဲ့ အဖြဲ႕ကို မနက္ကတည္းက သြားေစာင့္ခဲ့တာ ညေန၄နာရီေလာက္မွာေတာ့ သူတို႔အဖြဲ႕နဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ပါတယ္။

သူတို႔က တိုယိုတာ ကယ္ဒီနာ နက္ျပာေရာင္နဲ႔လာတာပါ။ သူတို႔အဖြဲ႕မွာ မိန္းခေလးတစ္ေယာက္အပါဝင္ ခိုးဆိုးလုႏႈိက္ ၇ ေယာက္ နီးပါး ပါတယ္ဗ်။ ဝမ္းနည္းစရာကေတာ့ အဲ့ေကာင္ေတြကို ကြၽန္ေတာ္တို႔အဖြဲ႕ေရာက္ရွိေနေၾကာင္း သတင္းေပးသူရွိလို႔လားမသိဘူး။ ထိပ္တိုက္ေတြ႕ေတြ႕ခ်င္း ခ်က္ခ်င္းသူတို႔ကားေပၚတက္ၿပီး ေမာင္းေျပးသြားတယ္ဗ်။

သူတို႔က ပေလကပ္ပုဆိုး အကုန္နီးပါး ဝတ္ထားတယ္ခင္ဗ်။ ဓာတ္ပုံ႐ိုက္ခ်ိန္ေတာင္ မရလိုက္ဘူး။ အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕မွာ လူအင္အားအေတာ္မ်ားလာပါၿပီ။ ေငြေၾကးလည္း ကြၽန္ေတာ္တို႔ ကိုယ္ထူ ကိုယ္ထအစီစဥ္နဲ႔ ထည့္ဝင္ၿပီး လႈပ္ရွားေနရတာပါ။ ေနာက္ထပ္ စိတ္တူ ကိုယ္တူ ညီကိုေမာင္ႏွမမ်ားရွိခဲ့ရင္လည္း ကြၽန္ေတာ္တို႔ စီဘီကိုႂကြပါခင္ဗ်။ ေငြေၾကးအင္အားေရာ လူအင္အားေရာ လိုအပ္ခ်က္ေလးေတြေတာ့ ရွိေနပါေသးတယ္။

ကြၽန္ေတာ္တို႔ လုပ္ကိုင္မႈ ပုံရိပ္ေလးေတြလည္း လုံၿခဳံေရးအေျခေနၾကည့္ၿပီး ခ်ျပေပးပါ့မယ္။ အလ်ဥ္းသင့္ရင္ အဖြဲ႕ဝင္ေတြကိုလည္း အေသးစိတ္ ကိုယ္ေရးအခ်က္လက္စစ္ေဆးၿပီးမွ အဖြဲ႕ထဲလက္ခံေပးတာပါ။ ယုံၾကည္စြာ စီဘီကိုသာ ႂကြလွမ္းခဲ့ၾကပါဗ်ာ။

လက္ရွိအေျခေနအရ ျပည္သူေတြ အစစ အရာရာ အခက္အခဲရွိေနတဲ့ ကာလမို႔ သက္ဆိုင္ရာ လူႀကီးမင္းမ်ား လုံၿခဳံေရးအဖြဲ႕စည္းမ်ား အေနျဖင့္လည္း ကြၽန္ေတာ္တို႔ကို နားလည္ခြင့္လႊတ္ေပးေစခ်င္ပါတယ္ခင္ဗ်။ ကိုယ္ထူ ကိုယ္ထ လုံၿခဳံေရးယူေနဆဲကာလမို႔ပါ။ (Min Htet Naing )

 

Leave a Reply

Your email address will not be published. Required fields are marked *