ကျန်းမာရေး

ငွေတစ်ရာ ၁၀၀ ထဲဖြင့် လေဖြတ်ခြင်းနှင့် အဝလွန်ခြင်းကို ကာကွယ်ပေးမည့် နည်းလမ်း

ငွေတစ်ရာ ၁၀၀ ထဲဖြင့် လေဖြတ်ခြင်းနှင့် အဝလွန်ခြင်းကို ကာကွယ်ပေးမည့် နည်းလမ်း

ငွေတစ်ရာထဲဖြင့် လေဖြတ်ခြင်းနှင့် အဝလွန်ခြင်းကို ကာကွယ်ပေးမည့် နည်းလမ်း

ဒီတစ်ပတ်မှာတော့ငွေ ၁၀၀ ကျပ်လောက်ရှိရုံနဲ့ အလွယ်အကူဝယ်ယူလို့ရပြီး အင်မတန်မှဆေးဘက်ဝင်အကျိုးများတဲ့ ရှောက်ရွက်အကြောင်းလေးတင်ပြချင်ပါတယ်

ရှောက်ရွက်ဟာ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အနံ့ရှိပြီး မြန်မာတွေအနေနဲ့ တို့စရာနဲ့အသုတ်တွေမှာ ထည့်သုံးစားသောက်တတ်ကြပါတယ်

ဘာတွေအကျိုးများတာလဲ? မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်

ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်

ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်

ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင်ရင်တော့ လွယ်ပါတယ်

ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် အရင့် ၁၁ ရွက် တချို့က ၉ရွက် ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး ရေသန့်လည်းရ အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ရက်လောက်နေလှန်းလိုက်ပါ

ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ် ပုလင်းလှုပ်ပြီး လက်ဖက်ရည်ကြမ်းပန်းကန်လုံးတစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လနှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေးဘော်ဒီလေးရသွားပါလိမ့်မယ်

ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ်စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီးခပ်သောက်ကြပါ

အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ထမင်းကြော်စားတဲ့နေရာမှာလည်း အနံ့လေးမွှေးအောင် ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံးလှပကျော့ရှင်း၊ ကျန်းမာခြင်းတွေပြည့်ဝကြပါစေ

Source ဖိုးဝဇီ

ေငြတစ္ရာ(၁၀၀)ထဲျဖင့္ ေလျဖတ္ျခင္းႏွင့္ အဝလြန္ျခင္းကို ကာကြယ္ေပးမည့္ နည္းလမ္း

ေငြတစ္ရာထဲျဖင့္ ေလျဖတ္ျခင္းႏွင့္ အဝလြန္ျခင္းကို ကာကြယ္ေပးမည့္ နည္းလမ္း

ဒီတစ္ပတ္မွာေတာ့ေငြ ၁၀၀ က်ပ္ေလာက္ရွိ႐ုံနဲ႔ အလြယ္အကူဝယ္ယူလို႔ရၿပီး အင္မတန္မွေဆးဘက္ဝင္အက်ိဳးမ်ားတဲ့ ေရွာက္ရြက္အေၾကာင္းေလးတင္ျပခ်င္ပါတယ္

ေရွာက္ရြက္ဟာ စိတ္ၾကည္လင္လန္းဆန္းေစတဲ့ အနံ့ရွိၿပီး ျမန္မာေတြအေနနဲ႔ တို႔စရာနဲ႔အသုတ္ေတြမွာ ထည့္သုံးစားေသာက္တတ္ၾကပါတယ္

ဘာေတြအက်ိဳးမ်ားတာလဲ? ျမန္မာလဆန္းရက္မွာ ေရွာက္ရြက္ကိုစားထားရင္ အဲဒီတစ္လလုံးေလမျဖတ္ေတာ့ဘူးလို႔ ေရွးရိုးစကားရွိပါတယ္

ေရွာက္ရြက္ကိုၾကက္သြန္ျဖဴ၊ျငဳပ္ေကာင္းတို႔နဲ႔ဟင္းခါးခ်က္ၿပီးအျမဲတမ္းေသာက္ေပးရင္ ေလငန္းေရာဂါေပ်ာက္ပါတယ္။ဒါတင္ပဲလား? မဟုတ္ပါဘူး၊ကမၻာေပၚမွာအျဖစ္မ်ားၿပီး၊အေပ်ာက္နည္းတဲ့ ကင္ဆာေရာဂါကိုလည္းကာကြယ္ေပးပါတယ္

ေရွာက္ရြက္ဟာ ကင္ဆာဆဲလ္ေတြကို ခႏၶာကိုယ္ထဲမွာ မႀကီးထြားနိုင္ေအာင္ကူညီေပးပါတယ္။တစ္ပတ္ကို ၃/၄ ႀကိမ္စားသုံးေပး႐ုံနဲ႔ ႀကိဳတင္ကာကြယ္ၿပီးသားျဖစ္သြားပါလိမ့္မယ္

ေရွာက္ရြက္မွာ စိတ္ဖိစီးမႈကိုေလၽွာ့ခ်နိုင္တဲ့ Astsiri အဆီဓာတ္တစ္မ်ိဳးပါဝင္ၿပီး သူ႔ အနံ့က ဦးေႏွာက္ကို စိတ္ဖိစီးမႈ ေလ်ာ့ခ်တဲ့ေဟာ္မႈန္းတစ္မ်ိဳးထုတ္လုပ္ေအာင္ ႏွိုးဆြေပးတဲ့အတြက္ စိတ္ဖိစီးမႈဒဏ္ခံေနရသူမ်ား အထူးစားသုံးသင့္ပါတယ္

ေရွာက္ရြက္မွာ ပိုးသတ္ေဆးလိုမ်ိဳး ပိုးမႊားေတြကိုေသေစနိုင္တဲ့အစြမ္းလည္းရွိတဲ့အတြက္ ဖ်ားနာေနရင္ ဒါမွမဟုတ္ ကိုယ္ခံအားက်ဆင္းေနရင္ ေရွာက္ရြက္ကို စားသုံးသင့္ပါတယ္

ပြက္ပြက္ဆူေနတဲ့ေရထဲကို ေရွာက္ရြက္ခပ္ၿပီး မနက္မိုးလင္းမွာေသာက္ရင္ ကိုယ္ခံအားကိုျမႇင့္တင္ေပးပါတယ္။အဝလြန္၊အေနခက္၊ အလွပ်က္ကာ အဆီပို၊ဗိုက္ေခါက္ထူေနၾကတဲ့ အမ်ိဳးသမီးေတြ၊ ခါးေသးရင္ခ်ီ၊စလင္းေဘာ္ဒီျဖစ္ၿပီး လူတကာေတြ ျပန္လွည့္ေငးရေလာက္ေအာင္ျဖစ္ခ်င္ရင္ေတာ့ လြယ္ပါတယ္

ပုလင္းလြတ္တစ္လုံးမွာ ေရွာက္ရြက္ အရင့္ ၁၁ ရြက္ တခ်ိဳ႕က ၉ရြက္ ကိုထည့္၊ သၾကားစားပြဲတင္ဇြန္း သုံးဇြန္းနဲ႔ေရက်က္ေအး ေရသန႔္လည္းရ အျပည့္ျဖည့္၊လုံေအာင္ပိတ္ၿပီး ေနပူပူမွာ ၁၁ရက္ေလာက္ေနလွန္းလိုက္ပါ

ရက္ျပည့္သြားရင္ မနက္တစ္ႀကိမ္၊ညတစ္ႀကိမ္ ပုလင္းလႈပ္ၿပီး လက္ဖက္ရည္ၾကမ္းပန္းကန္လုံးတစ္ဝက္ေလာက္ ေန႔စဥ္မွန္မွန္ေသာက္သြားေပးရင္ တစ္လႏွစ္လအတြင္းမွာ အသားအေရစစ္သြားၿပီး၊ အမ်ားေငးတဲ့ အလွပေဂးေဘာ္ဒီေလးရသြားပါလိမ့္မယ္

ဒါ့အျပင္အသည္းအဆီဖုံးတာေတြ၊ႏွလုံးအဆီပိတ္တာေတြလည္းမျဖစ္ေတာ့ပါဘူး။အခ်ိန္မရလို႔ မလုပ္ျဖစ္ခဲ့ရင္ေတာင္မွ အနည္းဆုံး တို႔စရာအျဖစ္စားသုံးၾကပါ။ အျပဳတ္ေတြ၊ ဟင္းခ်ိဳေတြထဲမွာ မီးဖိုေပၚကခ်ခါနီးခပ္ေသာက္ၾကပါ

အသုတ္ေတြထဲမွာ လွီးထည့္ၿပီး စားၾကပါ။ထမင္းေၾကာ္စားတဲ့ေနရာမွာလည္း အနံ့ေလးေမႊးေအာင္ ေရွာက္ရြက္ေလးကို ညႇပ္ထည့္ၿပီး ေၾကာ္စားၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။ အားလုံးလွပေက်ာ့ရွင္း၊ က်န္းမာျခင္းေတြျပည့္ဝၾကပါေစ

Source ဖိုးဝဇီ

Leave a Reply

Your email address will not be published. Required fields are marked *