ကြားသိရသမျှ

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

သူတို့နှစ်ဦးလုံးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်၂နှစ်၊ ရက်ဂေးအဆိုတော်အဖြစ်လူသိများတဲ့ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မင်းထင်ကိုကိုကြီးဟာ သူ့အိမ်ရှေ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်သားတွေရာက်နေပြီ ဆိုတဲ့အကြောင်း အဖမ်းမခံရခင်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။
အခုအခါ ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကိုပြန်လည်ရောက်ရှိပြီ ဆိုတဲ့အကြောင်း မင်းထင်ကိုကိုကြီးနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

အဆိုတော်စောဖိုးခွားဟာ သူရဲ့အနုပညာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်လေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ပါတီ အောင်နိုင်ရေးစည်းရုံးရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒီကနေ့ သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံအတည်ပြုမေးမြန်းဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

crd BBC

ZAWGYI

ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးနဲ႔ အဆိုေတာ္ ေစာဖိုးခြားတို႔ အင္းစိန္ေထာင္က ျပန္လြတ္

ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးနဲ႔ အဆိုေတာ္ ေစာဖိုးခြားတို႔ ဒီေန႔ ႏိုဝင္ဘာ ၁၅ ရက္မွာ အင္းစိန္အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတယ္လို႔ နီးစပ္သူေတြထံကသိရပါတယ္။

သူတို႔ႏွစ္ဦးလုံးဟာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တည္းက အေစာဆုံးဖမ္းဆီးခံခဲ့ရသူေတြျဖစ္ၿပီး မင္းထင္ကိုကိုႀကီးကို ဆူပူရန္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ (ခ)နဲ႔ ေထာင္၂ႏွစ္၊ ရက္ေဂးအဆိုေတာ္အျဖစ္လူသိမ်ားတဲ့ ေစာဖိုးခြားကိုေတာ့ သဘာဝေဘးစီမံခန္႔ခြဲမႈပုဒ္မ ၃၀(က) ၊ ဆူပူရန္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ (ခ) ႏွစ္မႈနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလတုန္းက စုစုေပါင္း ေထာင္ႏွစ္ႏွစ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

မင္းထင္ကိုကိုႀကီးဟာ သူ႔အိမ္ေရွ႕ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ စစ္သားေတြရာက္ေနၿပီ ဆိုတဲ့အေၾကာင္း အဖမ္းမခံရခင္မွာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အသိေပးခဲ့ပါတယ္။
အခုအခါ ျပန္လည္လြတ္ေျမာက္လာၿပီး ေနအိမ္ကိုျပန္လည္ေရာက္ရွိၿပီ ဆိုတဲ့အေၾကာင္း မင္းထင္ကိုကိုႀကီးနဲ႔ နီးစပ္သူတစ္ဦးက ဘီဘီစီကိုအတည္ျပဳပါတယ္။

အဆိုေတာ္ေစာဖိုးခြားဟာ သူရဲ႕အႏုပညာနဲ႔ ၿငိမ္းခ်မ္းေရးဆိုင္ရာ လႈပ္ရွားမႈေတြကို အင္တိုက္အားတိုက္ျပဳလုပ္ေလ့ရွိၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲကာလတုန္းကလည္း NLD ပါတီ ေအာင္ႏိုင္ေရးစည္း႐ုံးေရးလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ဒီကေန႔ သူတို႔ႏွစ္ဦး ျပန္လည္လြတ္ေျမာက္လာတဲ့အေျခအေနနဲ႔ပတ္သက္ၿပီး အေသးစိတ္ကိုထပ္မံအတည္ျပဳေမးျမန္းဖို႔ ဘီဘီစီက ႀကိဳးစားေနပါတယ္။

CRD BBC

Leave a Reply

Your email address will not be published. Required fields are marked *