ကြားသိရသမျှ

နံနံပင်ပြီးတော့ ငရုတ်သီးစိမ်း လာပါပြီ (ရခိုင်တွင် ငရုတ်သီး တတောင့် ငွေ ၁၀၀ နဲ့ ဝယ်နေရ)

လတ်တလော ရန်ကုန်မှာ နံနံပင် တပိဿာ သုံးသောင်းဈေး ဖြစ်နေတာကြောင့် ပြည်သူလူထုတွေ အကြား ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ နံနံပင်ကို လူတိုင်း မစားပေမယ့် မြန်မာ့ထမင်းဝိုင်းတွေမှာ မရှိမဖြစ် အရာတခု ဖြစ်ပါတယ်။

နံနံပင်ဈေး အဆမတန်မြင့်တက်လာပြီးတဲ့နောက် ထပ်မံမြင့်တက်လာတဲ့ ကုန်စိမ်းကတော့ ငရုတ်သီးစိမ်းပဲ ဖြစ်ပါတယ်။ ရန်ကုန်လို လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများမှာ ဈေးနှုန်း မသိသာပေမယ့် အခြေအနေ မတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်လို ဒေသမျိုးမှာ ကုန်စိမ်းဈေးတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။ ငရုတ်သီးစိမ်း တတောင့်ကို ကျပ်ငွေ ၁၀၀ နဲ့ ဝယ်ယူနေရတဲ့အကြောင်း ရခိုင်ပြည်နယ်က အိမ်ရှင်မတဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြလိုက်ပါတယ်-

“ကျမတို့မြို့မှာ ငရုတ်သီး တစ်တောင့် ၁၀၀ ဖြစ်နေတယ်။ ပုံထဲကဟာက ၂၀၀၀ ဖိုးပါ။ တိုက်ပွဲတွေဖြစ်တော့ ကားလမ်းပိတ်ထားတော့ ကုန်စိမ်းတွေက ဇိမ်ခံပစ္စည်း ဖြစ်လာနေတယ်။ စစ်တွေကပါ စစ်တွေကို ဘယ်ကပဲ လာလာလမ်းက တစ်လမ်းထဲ ရှိတာ။ ပိတ်တာ ၄ ရက်ရှိသွားပြီး ပစ္စည်းတွေ စျေးထိုးတက်သွားတယ်။

ကိုယ်တွေဆီမှာက ပင်လယ်စာနဲ့ စပါးပဲထွက်တာ။ ကျန်တာတွေက အရမ်းနည်းတယ်။ ကျန်တဲ့ဟာတွေလဲ အဆမတန် စျေးတက်ပါတယ်။ ကုန်စိမ်းမှန်သမျှ စျေးတွေ ထိုးတက်ပါတယ်။ မနက်ဖြန် စျေးမသွားရဲတော့ဘူး။ ကြာရင်ငတ်မှာ သေချာတယ်။ လမ်းတွေ မြန်မြန်ပြန်ဖွင့်ပါစေလိုပဲ ဆုတောင်းနေရတယ်။” (Khin Htet Htet Khine)

ထိုသို့ အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် ငရုတ်သီးမပါရင် စားလို့မမြိန်ကြတဲ့ ရခိုင်ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်မှု၊ လုံခြုံရေး အခြေအနေ မတည်ငြိမ်မှုတို့ကြောင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်နေတာကြောင့် ဈေးနှုန်းများ နဂိုရှိသင့်သည်ထက် ပိုမို များပြားနေတာ ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

zawgyi

လတ္တေလာ ရန္ကုန္မွာ နံနံပင္ တပိႆာ သုံးေသာင္းေဈး ျဖစ္ေနတာေၾကာင့္ ျပည္သူလူထုေတြ အၾကား ေဝဖန္မႈေတြ ျမင့္တက္ေနတာ ျဖစ္ပါတယ္။ နံနံပင္ကို လူတိုင္း မစားေပမယ့္ ျမန္မာ့ထမင္းဝိုင္းေတြမွာ မရွိမျဖစ္ အရာတခု ျဖစ္ပါတယ္။

နံနံပင္ေဈး အဆမတန္ျမင့္တက္လာၿပီးတဲ့ေနာက္ ထပ္မံျမင့္တက္လာတဲ့ ကုန္စိမ္းကေတာ့ င႐ုတ္သီးစိမ္းပဲ ျဖစ္ပါတယ္။ ရန္ကုန္လို လမ္းပမ္းဆက္သြယ္ေရး ေကာင္းမြန္သည့္ ေဒသမ်ားမွာ ေဈးႏႈန္း မသိသာေပမယ့္ အေျခအေန မတည္ၿငိမ္တဲ့ ရခိုင္ျပည္နယ္လို ေဒသမ်ိဳးမွာ ကုန္စိမ္းေဈးေတြ အဆမတန္ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။ င႐ုတ္သီးစိမ္း တေတာင့္ကို က်ပ္ေငြ ၁၀၀ နဲ႔ ဝယ္ယူေနရတဲ့အေၾကာင္း ရခိုင္ျပည္နယ္က အိမ္ရွင္မတဦးရဲ႕ ရင္ဖြင့္သံကို ေဖာ္ျပလိုက္ပါတယ္-

“က်မတို႔ၿမိဳ႕မွာ င႐ုတ္သီး တစ္ေတာင့္ ၁၀၀ ျဖစ္ေနတယ္။ ပုံထဲကဟာက ၂၀၀၀ ဖိုးပါ။ တိုက္ပြဲေတြျဖစ္ေတာ့ ကားလမ္းပိတ္ထားေတာ့ ကုန္စိမ္းေတြက ဇိမ္ခံပစၥည္း ျဖစ္လာေနတယ္။ စစ္ေတြကပါ စစ္ေတြကို ဘယ္ကပဲ လာလာလမ္းက တစ္လမ္းထဲ ရွိတာ။ ပိတ္တာ ၄ ရက္ရွိသြားၿပီး ပစၥည္းေတြ ေစ်းထိုးတက္သြားတယ္။

ကိုယ္ေတြဆီမွာက ပင္လယ္စာနဲ႔ စပါးပဲထြက္တာ။ က်န္တာေတြက အရမ္းနည္းတယ္။ က်န္တဲ့ဟာေတြလဲ အဆမတန္ ေစ်းတက္ပါတယ္။ ကုန္စိမ္းမွန္သမွ် ေစ်းေတြ ထိုးတက္ပါတယ္။ မနက္ျဖန္ ေစ်းမသြားရဲေတာ့ဘူး။ ၾကာရင္ငတ္မွာ ေသခ်ာတယ္။ လမ္းေတြ ျမန္ျမန္ျပန္ဖြင့္ပါေစလိုပဲ ဆုေတာင္းေနရတယ္။” (Khin Htet Htet Khine)

ထိုသို႔ အေျခအေနေတြ ျဖစ္ေပၚေနတာေၾကာင့္ င႐ုတ္သီးမပါရင္ စားလို႔မၿမိန္ၾကတဲ့ ရခိုင္ေဒသခံေတြအေနနဲ႔ အခက္အခဲေတြ ျဖစ္ေပၚေနၾကတယ္လို႔ သိရပါတယ္။ စက္သုံးဆီေဈးႏႈန္း ျမင့္တက္မႈ၊ လုံၿခဳံေရး အေျခအေန မတည္ၿငိမ္မႈတို႔ေၾကာင့္ ကုန္သြယ္မႈလမ္းေၾကာင္းမ်ား ျပတ္ေတာက္ေနတာေၾကာင့္ ေဈးႏႈန္းမ်ား နဂိုရွိသင့္သည္ထက္ ပိုမို မ်ားျပားေနတာ ျဖစ္တယ္လို႔ ေဈးကြက္ကြၽမ္းက်င္သူမ်ားက သုံးသပ္ေနၾကပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *