ကြားသိရသမျှ

သူငယ်ချင်းတွေတောင် မယုံရတဲ့ခေတ်…အကူအညီတောင်းလို့လိုက်ပို့တဲ့ (၁၆)နှစ်အရွယ် မဖူးပွင့်ကဗျာရဲ့ အဖြစ်ဆို

သူငယ်ချင်းတွေတောင် မယုံရတဲ့ခေတ်…အကူအညီတောင်းလို့လိုက်ပို့တဲ့ (၁၆)နှစ်အရွယ် မဖူးပွင့်ကဗျာရဲ့ အဖြစ်ဆိုး

အကူအညီတောင်းလို့ လိုက်ပို့တဲ့ (၁၆)နှစ်အရွယ် မဖူးပွင့်ကဗျာ ကံဆိုးမှုတွေနဲ့ ကြုံတွေ့ရ

ရေးမြို့နယ်၊နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်အား ဓ-ားဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိ

မွန်ပြည်နယ်၊ရေးမြို့နယ်၊နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်အား ယမန်နေ့ (နိုဝင်ဘာ ၆ရက်)၊ မွန်းလွဲပိုင်းတွင်

ဓ-ားဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရွှေဟင်္သာ လူမှုကူညီရေးအသင်းထံမှ သိရသည်

အဆိုပါ ပျောက်ဆုံးသူ အသက် ၁၆ နှစ်အရွယ်ရှိ မဖူးပွင့်ကဗျာအား နှစ်ကရင်ရွာအထွက် ရော်ဘာခြံလမ်းကြား (သင်္ချိုင်းအနီး) ခြုံကြားတွင်

ထိုးသွင်း ဓ-ားဒဏ်ရာငါးချက်၊ ထိုးကြိတ်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူမှဆိုသည်။

“လက်ရှိမှာတော့ မော်လမြိုင်ဆေးရုံကြီးမှာပါ။သက်သာသွားပါပြီ။ ဒဏ်ရာက ငါးချက်ထိတာမှာ တစ်ချက်နှစ်ချက်ပဲ နက်တဲ့ဒဏ်ရာရတာ

ကျန်တာအ‌ပေါ်ယံထိရုံပါပဲ”ဟု ‌အဆိုပါ တာဝန်ရှိသူမှ စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်

မဖူးပွင့်ကဗျာ ဝတ်ဆင်ထားသည့် လက်ဝတ်လက်စားများ နှင့် Wave – I 125 အမျိုးအစား (ဖြူ/နီ အရောင်) မော်တော်ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ပြည်နယ်၊သံဖြုဇရပ်မြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားပြီးတရားခံများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်

ပြီးခဲ့သည့် (နိုဝင်ဘာ ၅ ရက်)၊မွန်းလွဲ ၂ နာရီတွင် နှစ်ကရင်ကျေးရွာ၌ နေထိုင်သူ မဖူးပွင့်ကဗျာ ထံအလည်လာသည့်

နှစ်ကရင်ကျေးရွာသူ မပြည့်ဖြိုးဝေ နှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံ နှစ်ဦးသည်

သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာ လမ်းဝ သို့ ပို့ဆောင်ပေးရန် အကူအညီတောင်းသဖြင့် လိုက်လံ‌ပို့‌ဆောင်ပေးရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်ဓာတ်ပုံ-ရွှေဟင်္သာ လူမှုကူညီရေးအသင်း

zawgyi

သူငယ္ခ်င္းေတြေတာင္ မယုံရတဲ့ေခတ္…အကူအညီေတာင္းလို႔လိုက္ပို႔တဲ့ (၁၆)ႏွစ္အ႐ြယ္ မဖူးပြင့္ကဗ်ာရဲ႕ အျဖစ္ဆိုး

အကူအညီေတာင္းလို႔ လိုက္ပို႔တဲ့ (၁၆)ႏွစ္အ႐ြယ္ မဖူးပြင့္ကဗ်ာ ကံဆိုးမႈေတြနဲ႔ ႀကဳံေတြ႕ရ

ေရးၿမိဳ႕နယ္၊ႏွစ္ကရင္ေက်း႐ြာမွ ေပ်ာက္ဆုံးေနသူ အမ်ိဳးသမီးငယ္အား ဓ-ားဒဏ္ရာမ်ားျဖင့္ ျပန္လည္ေတြ႕ရွိ

မြန္ျပည္နယ္၊ေရးၿမိဳ႕နယ္၊ႏွစ္ကရင္ေက်း႐ြာမွ ေပ်ာက္ဆုံးေနသူ အမ်ိဳးသမီးငယ္အား ယမန္ေန႔ (ႏိုဝင္ဘာ ၆ရက္)၊ မြန္းလြဲပိုင္းတြင္

ဓ-ားဒဏ္ရာမ်ားျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ေ႐ႊဟသၤာ လူမႈကူညီေရးအသင္းထံမွ သိရသည္

အဆိုပါ ေပ်ာက္ဆုံးသူ အသက္ ၁၆ ႏွစ္အ႐ြယ္ရွိ မဖူးပြင့္ကဗ်ာအား ႏွစ္ကရင္႐ြာအထြက္ ေရာ္ဘာၿခံလမ္းၾကား (သခ်ႋဳင္းအနီး) ၿခဳံၾကားတြင္

ထိုးသြင္း ဓ-ားဒဏ္ရာငါးခ်က္၊ ထိုးႀကိတ္ခံထားရသည့္ ဒဏ္ရာမ်ားျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ယင္းလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူမွဆိုသည္။

“လက္ရွိမွာေတာ့ ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာပါ။သက္သာသြားပါၿပီ။ ဒဏ္ရာက ငါးခ်က္ထိတာမွာ တစ္ခ်က္ႏွစ္ခ်က္ပဲ နက္တဲ့ဒဏ္ရာရတာ

က်န္တာအ‌ေပၚယံထိ႐ုံပါပဲ”ဟု ‌အဆိုပါ တာဝန္ရွိသူမွ စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္သို႔ေျပာသည္

မဖူးပြင့္ကဗ်ာ ဝတ္ဆင္ထားသည့္ လက္ဝတ္လက္စားမ်ား ႏွင့္ Wave – I 125 အမ်ိဳးအစား (ျဖဴ/နီ အေရာင္) ေမာ္ေတာ္ဆိုင္ကယ္ကိုလည္း ယူေဆာင္သြားေၾကာင္း မိသားစုႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မြန္ျပည္နယ္၊သံျဖဳဇရပ္ၿမိဳ႕နယ္ရဲစခန္း၌ အမႈဖြင့္ထားၿပီးတရားခံမ်ားအား ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္းသိရသည္

ၿပီးခဲ့သည့္ (ႏိုဝင္ဘာ ၅ ရက္)၊မြန္းလြဲ ၂ နာရီတြင္ ႏွစ္ကရင္ေက်း႐ြာ၌ ေနထိုင္သူ မဖူးပြင့္ကဗ်ာ ထံအလည္လာသည့္

ႏွစ္ကရင္ေက်း႐ြာသူ မျပည့္ၿဖိဳးေဝ ႏွင့္ သံျဖဴဇရပ္ၿမိဳ႕သား ေမာင္ခ်မ္းမြန္ (ခ) အာ႐ုံဦးတို႔ ဇနီးေမာင္ႏွံ ႏွစ္ဦးသည္

သံျဖဴဇရပ္သို႔ ျပန္ရန္ ႏွစ္ကရင္ေက်း႐ြာ လမ္းဝ သို႔ ပို႔ေဆာင္ေပးရန္ အကူအညီေတာင္းသျဖင့္ လိုက္လံ‌ပို႔‌ေဆာင္ေပးရာမွ ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

သတင္း-စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္ဓာတ္ပုံ-ေ႐ႊဟသၤာ လူမႈကူညီေရးအသင္း

Leave a Reply

Your email address will not be published. Required fields are marked *