အထွေထွေဗဟုသုတ

တိုက်ခန်းပိုင်ရှင်တို့ သိထားသင့်သည့် ဝယ်ထားသောတိုက်ခန်း သက်တမ်း ကုန်ဆုံး/ ပျက်စီးလျှင် အခန်း ပြန်ရနိုင်မလား ဆိုတာ…









Unicode

ဝယ်ထားသောတိုက်ခန်း သက်တမ်း ကုန်ဆုံး/ ပျက်စီးလျှင် အခန်း ပြန်ရနိုင်မလား…

ဝယ်ထားသော တိုက်ခန်း သက်တမ်း ကုန်ဆုံးခြင်း ဖြစ်စေ၊ အကြောင်း အမျိုးမျိုး ကြောင့် ပြိုကျ ပျက်စီးခြင်း ဖြစ်စေ ဆုံးရှုံးသည့် အခါ အခန်း ပြန်မရနိုင် ပါ။

ဝယ်ထားသော အခန်း ပဲ ပိုင်ခြင်း ဖြစ်သည့် အတွက် အခန်း မရှိတော့ လျှင် လက်ဆုပ် လက်ကိုင် ပြစရာမ ရှိပေမဲ့ မြေရှင် မှ

တိုက်ခန်း အသစ် ပြန် ဆောက်လျှင် မိမိ အထပ်၊ မိမိ အခန်း နေရာ ပြန်ရရန် တောင်းဆို ပိုင်ခွင့် ရှိပါသည်။

ပြန်ဆောက် မည့် အခန်း အတွက် ဆောက်လုပ် ကုန်ကျစရိတ် ပေးရန် တာဝန်လည်း ရှိသည်။ တိုက်သစ် ဆောက်လျှင် မြေရှင် ၏ စိုက်ထုတ် ကုန်ကျစရိတ် ရှိသောကြောင့် မိမိအခန်း အတွက် ဆောက်လုပ် ကုန်ကျ စရိတ် အား ထပ်ပေးရသည့် သဘော ဖြစ်သည်။

ယခင် တိုက် အဟောင်း အခန်း ဝယ်ယူ ခဲ့တုန်းက မြေရှင် သဘောတူ လက်မှတ် ရေးထိုးထားသည့် စာချုပ်စာတမ်း များ ရှိနေသည့် အတွက်

အခန်းပိုင်ရှင် ဖြစ်နေသေးပြီး အပြင်လူဝယ်သည့် ဈေးအတိုင်းပေးရန် မလိုကြောင်းသိရသည်။

မူရင်း ရေးသားသူ အား Credit ပေးပါ သည်။

Leave a Reply

Your email address will not be published. Required fields are marked *