ဗေဒင်
စနေနေ့တိုင်းပြုလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေတဲ့ ယတြာ…
စနေနေ့တိုင်းပြုလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေတဲ့ ယတြာ…
ရက်တစ်ပတ်လျှင်တစ်ကြိမ် စနေနေ့ကျရောက်သည့်နေ့တွင် ခြေသည်းလက်သည်း ညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း (သို့မဟုတ်) ခေါင်းလျှော်ခေါင်းဆေး
မင်္ဂလာပြုလုပ်၍ ရေချိုးကာသန့်စင်ခြင်း၊ အိမ်အတွင်းရှိ အမှိုက်သရိုက်များသန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်ထမင်းစားခန်းသီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။
မိသားစုပျော်ရွှင်ရယ်မောစေသည့် ဓါတ်ပုံများ၊ကျက်သရေရှိ ပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန်စီးပွားတက်လာဘ်ရွှင်သည်။
ပိုက်ဆံ {1000} ဖြစ်စေတစ်သောင်း ဖြစ်စေ ပံသကူပစ်လှူခြင်း၊ သံဃာတော်ဘုန်းကြီး သူတော်စင်များ၊ သက်ကြီးရွယ်အိုများကို
မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများလှူဒါန်းပေးရခြင်း၊ တာလီစက်များလှူပေးရခြင်း၊တိုင်ကပ်နာရီလှူပေးရခြင်း။
မြတ်စွာဘုရားရှင်အား နှမ်းဆီဖြင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ကံချေကန်တော့၊ ငါးပါးသီလခံယူပြီး”သုဂတော”ဂုဏ်တော်ကို ပုတီး(၁၀)ပတ်တိတိ စိပ်ရခြင်း၊
မေတ္တာပို့ပေးခြင်း၊သူတော်စင်သူတော်မြတ်များ၏မေတ္တာကို ခံယူခြင်း၊
အထက်ပါအတိုင်း စနေနေ့တွင် သတိတရလုပ်ဆောင် သွားမည်ဆိုပါက ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေပြီး
ငွေအကြွေးတင်နေလို့သောကရောက်နေသူများကို အကြွေး မြန်မြန်ကြေစေရန်၊ ငွေကြေးကံနှိမ့်နေသူ၊ လာဘ် ပိတ်နေသူများငွေကံမြင့်ပြီးလာဘ်ပွင့်စေမယ့်နည်းကောင်း
များပါ။ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ပက်သက်ပြီး ကြံကြံဖန်ဖန်အဆင်ပြေသွားနေခြင်းကိုမုချ တွေ့နေရပါလိမ့်မယ်။
ဖော်ပြထားသည့်လုပ်ဆောင်ချက်များ အားလုံးမလုပ်နိုင်ခဲ့သည်ဆိုရင်တောင်မှ နည်းတစ်ခုခုတော့ လုပ်ဖြစ်အောင်လုပ်ပေးသွားကြပါခင်ဗျ။
တစ်ခြားနေ့ရက်များတွင်လည်း အထက်ပါ လုပ်ဆောင်ချက်များလုပ်လို့ရပါတယ် ။အတိုက်အခိုက် အနှောင့်အယှက် ကင်းဝေးစေပြီး စိတ်ချမ်းသာစေပါတယ်ခင်ဗျ။
ဆရာဦးမင်းနိုင်
ဆရာကိုယ်တိုင်လုပ်ဆောင်နေတာကြာလာခဲ့ပါပြီ။ အကျိုးခံစားချက်အာနိသင်များကို ဆရာ့မိတ်ဆွေများ တမြုံမြုံအားရပါးရ ရရှိစေရန် စေတနာနှင့် မျှဝေပေးလိုက်ရပါတယ်ခင်ဗျ။
zawgyi
ဆရာဦးမင်းနိုင်
Leave a Reply
Your email address will not be published. Required fields are marked *