ကြားသိရသမျှ

ဂျွမ်းပြန်ကျသွားတဲ့ ဂျွန်းနဲ့ ခြေရာဖျောက် ဝက်ဝံလေး (မြန်မာတို့ရဲ့ အသိဉာဏ်ကို စမ်းသပ်ခြင်း)

ယနေ့မနက်မှာပဲ ကြားရတဲ့ သတင်းတွေကတော့ ခိုအားလား လို့ ခေါ်ကြတဲ့ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုက ငွေသိန်းသောင်းချီ လိမ်သွားပြီဆိုတဲ့ သတင်းပါပဲ။ အကျိုးအမြတ် ရချင်လို့ အရင်းအနှီးထည့်ထားတဲ့ သူတွေအတွက် ဝမ်းနည်းစရာ မနက်ခင်း တခု ဖြစ်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း ဂျွန်းလို့ ခေါ်ကြတဲ့ ဝက်ဘ်ဆိုက် တခုလည်း သိန်းသောင်းချီ ပမာဏကို လိမ်လည်ပြီး နိဂုံးချုပ်သွားခဲ့ပါသေးတယ်။

အဆိုပါ လူလိမ်အဖွဲ့တွေဟာ အွန်လိုင်းမှာ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေကို ဝယ်ယူပြီး ကမ္ဘာကျော် ကုမ္ပဏီအယောင်ဆောင်ထားတာ ဖြစ်ပါတယ်။ အွန်လိုင်းနဲ့ မနီးစပ်တဲ့သူတွေကို မက်လုံးပေး ဆွယ်တရားဟောပြီး အလိမ်ခံရတဲ့သူတွေရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုပါ ဆက်လိမ်ခဲ့တာပဲ ဖြစ်ပါတယ်။

အများဆုံး အလိမ်ခံရတာက လက်ထဲမှာ ပိုက်ဆံ အနည်းငယ်ရှိပြီး ဘာအလုပ်လုပ်လို့ လုပ်ရမှန်း မသိတဲ့ လူလတ်တန်းစား အိမ်ရှင်မတွေပဲ ဖြစ်ပါတယ်။ ရှိတဲ့ပိုက်ဆံကို ရင်းနှီးမြှုပ်နှံချင်တယ်၊ အိုးမကွာ အိမ်မကွာဘဲ လုပ်လို့ ရတယ်၊ အမြတ်လည်း ပုံမှန်ရတယ်ဆိုတဲ့ ဆွယ်တရားတွေကြောင့် လူအများအပြားက ငွေထည့်ခဲ့ကြပြီး လူလိမ်တွေက လိုချင်တဲ့ ပမာဏ ရောက်တဲ့ အချိန်မှာ ငွေတွေ လိမ်ပြေးသွားတာလည်း ဖြစ်ပါတယ်။

အဲဒီလို ငွေထည့်၊ လူခေါ်ပြီး ကလစ်နှိပ်၊ ပို့စ်တင်၊ အရောင်းအဝယ်လုပ်၊ ဂိမ်းဆော့ပေးရတဲ့ အတုအယောင် ဝက်ဘ်ဆိုက်တွေ ဆယ်နဲ့ ချီပြီး မြန်မာပြည်ထဲမှာ ရှိကြပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ မိတ်ဆွေ အချင်းချင်း ကူညီစောင့်ရှောက်တတ်တဲ့ စိတ်စေတနာကို ကောင်းကောင်း အသုံးချသွားတာပဲ ဖြစ်ပါတယ်။

ယခင်က မာလ်တီလယ်ဗယ်မားကတ်တင်းမှာ လူသုံးကုန်ပစ္စည်းတွေ၊ ကုမ္ပဏီအမှန်အကန်တွေနဲ့ အမြတ်ကြီးစားခဲ့ပေမယ့် ယခုခေတ်မှာတော့ အကောင်အထည် မရှိဘဲ လေထဲက မက်လုံး၊ လေထဲက အပြောတွေနဲ့ပဲ မိမိမှာ တကယ်ရှိတဲ့ ပိုက်ဆံတွေ ပါသွားတာ အလွန် ဝမ်းနည်းဖို့ ကောင်းပါတယ်။

ကိုဇင်ဇေလွင်တို့လို့ တတ်သိနားလည်တဲ့သူတွေက အမှန်တွေကို ဘယ်လောက်ပဲ တရားဟောပါစေ။ လောဘကို အရင်းခံနေကျတဲ့ လူတစုကတော့ အမှန်ကို မမြင်ခဲ့ကြပါဘူး။ မြန်မာပြည်မှာ အွန်လိုင်းအသုံးပြုမှု တွင်ကျယ်လာမှုနဲ့အတူ ရောပြီးပါလာတဲ့ ဒီလို လိမ်လည်ခြင်းမျိုးကို အသိပညာပေးတဲ့ အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးစနစ် ပျက်စီးမှုကြောင့် ပြည်သူတွေ ဝင်ငွေလျော့နည်းနေချိန်မှာ ရေနစ်သူ ဝါးကူထိုးသလို ဖြစ်ခဲ့တဲ့ ဒီလို အဖြစ်အပျက်တွေကြောင့် မြန်မာပြည်သူတွေ အသိတရား ရလောက် ပါပြီ။ ရလည်း ရသွားပြီလို့ ထင်ပါတယ်။ ဘာပဲ ပြောပြော ဒီနေ့ မနက်ကတော့ လေထဲက ပိုက်ဆံကို မက်တဲ့သူတွေအတွက် ရင်ကွဲပက်လက် မနက်ခင်းတခုပဲ ဖြစ်နေပါတော့တယ်ဗျာ။

zawgyi

ယေန႔မနက္မွာပဲ ၾကားရတဲ့ သတင္းေတြကေတာ့ ခိုအားလား လို႔ ေခၚၾကတဲ့ အြန္လိုင္းရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းတခုက ေငြသိန္းေသာင္းခ်ီ လိမ္သြားၿပီဆိုတဲ့ သတင္းပါပဲ။ အက်ိဳးအျမတ္ ရခ်င္လို႔ အရင္းအႏွီးထည့္ထားတဲ့ သူေတြအတြက္ ဝမ္းနည္းစရာ မနက္ခင္း တခု ျဖစ္သြားခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းကလည္း ဂြၽန္းလို႔ ေခၚၾကတဲ့ ဝက္ဘ္ဆိုက္ တခုလည္း သိန္းေသာင္းခ်ီ ပမာဏကို လိမ္လည္ၿပီး နိဂုံးခ်ဳပ္သြားခဲ့ပါေသးတယ္။

အဆိုပါ လူလိမ္အဖြဲ႕ေတြဟာ အြန္လိုင္းမွာ ေဈးေပါေပါနဲ႔ ဝယ္လို႔ရတဲ့ ဝက္ဘ္ဆိုက္ေတြကို ဝယ္ယူၿပီး ကမာၻေက်ာ္ ကုမၸဏီအေယာင္ေဆာင္ထားတာ ျဖစ္ပါတယ္။ အြန္လိုင္းနဲ႔ မနီးစပ္တဲ့သူေတြကို မက္လုံးေပး ဆြယ္တရားေဟာၿပီး အလိမ္ခံရတဲ့သူေတြရဲ႕ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းကိုပါ ဆက္လိမ္ခဲ့တာပဲ ျဖစ္ပါတယ္။

အမ်ားဆုံး အလိမ္ခံရတာက လက္ထဲမွာ ပိုက္ဆံ အနည္းငယ္ရွိၿပီး ဘာအလုပ္လုပ္လို႔ လုပ္ရမွန္း မသိတဲ့ လူလတ္တန္းစား အိမ္ရွင္မေတြပဲ ျဖစ္ပါတယ္။ ရွိတဲ့ပိုက္ဆံကို ရင္းႏွီးျမႇဳပ္ႏွံခ်င္တယ္၊ အိုးမကြာ အိမ္မကြာဘဲ လုပ္လို႔ ရတယ္၊ အျမတ္လည္း ပုံမွန္ရတယ္ဆိုတဲ့ ဆြယ္တရားေတြေၾကာင့္ လူအမ်ားအျပားက ေငြထည့္ခဲ့ၾကၿပီး လူလိမ္ေတြက လိုခ်င္တဲ့ ပမာဏ ေရာက္တဲ့ အခ်ိန္မွာ ေငြေတြ လိမ္ေျပးသြားတာလည္း ျဖစ္ပါတယ္။

အဲဒီလို ေငြထည့္၊ လူေခၚၿပီး ကလစ္ႏွိပ္၊ ပို႔စ္တင္၊ အေရာင္းအဝယ္လုပ္၊ ဂိမ္းေဆာ့ေပးရတဲ့ အတုအေယာင္ ဝက္ဘ္ဆိုက္ေတြ ဆယ္နဲ႔ ခ်ီၿပီး ျမန္မာျပည္ထဲမွာ ရွိၾကပါတယ္။ ျမန္မာႏိုင္ငံသားေတြရဲ႕ မိတ္ေဆြ အခ်င္းခ်င္း ကူညီေစာင့္ေရွာက္တတ္တဲ့ စိတ္ေစတနာကို ေကာင္းေကာင္း အသုံးခ်သြားတာပဲ ျဖစ္ပါတယ္။

ယခင္က မာလ္တီလယ္ဗယ္မားကတ္တင္းမွာ လူသုံးကုန္ပစၥည္းေတြ၊ ကုမၸဏီအမွန္အကန္ေတြနဲ႔ အျမတ္ႀကီးစားခဲ့ေပမယ့္ ယခုေခတ္မွာေတာ့ အေကာင္အထည္ မရွိဘဲ ေလထဲက မက္လုံး၊ ေလထဲက အေျပာေတြနဲ႔ပဲ မိမိမွာ တကယ္ရွိတဲ့ ပိုက္ဆံေတြ ပါသြားတာ အလြန္ ဝမ္းနည္းဖို႔ ေကာင္းပါတယ္။

ကိုဇင္ေဇလြင္တို႔လို႔ တတ္သိနားလည္တဲ့သူေတြက အမွန္ေတြကို ဘယ္ေလာက္ပဲ တရားေဟာပါေစ။ ေလာဘကို အရင္းခံေနက်တဲ့ လူတစုကေတာ့ အမွန္ကို မျမင္ခဲ့ၾကပါဘူး။ ျမန္မာျပည္မွာ အြန္လိုင္းအသုံးျပဳမႈ တြင္က်ယ္လာမႈနဲ႔အတူ ေရာၿပီးပါလာတဲ့ ဒီလို လိမ္လည္ျခင္းမ်ိဳးကို အသိပညာေပးတဲ့ အစီအစဥ္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ မရွိခဲ့ပါဘူး။

အာဏာသိမ္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ စီးပြားေရးစနစ္ ပ်က္စီးမႈေၾကာင့္ ျပည္သူေတြ ဝင္ေငြေလ်ာ့နည္းေနခ်ိန္မွာ ေရနစ္သူ ဝါးကူထိုးသလို ျဖစ္ခဲ့တဲ့ ဒီလို အျဖစ္အပ်က္ေတြေၾကာင့္ ျမန္မာျပည္သူေတြ အသိတရား ရေလာက္ ပါၿပီ။ ရလည္း ရသြားၿပီလို႔ ထင္ပါတယ္။ ဘာပဲ ေျပာေျပာ ဒီေန႔ မနက္ကေတာ့ ေလထဲက ပိုက္ဆံကို မက္တဲ့သူေတြအတြက္ ရင္ကြဲပက္လက္ မနက္ခင္းတခုပဲ ျဖစ္ေနပါေတာ့တယ္ဗ်ာ။

crd

Leave a Reply

Your email address will not be published. Required fields are marked *