ကြားသိရသမျှ

စကစ ဘက်တော်သား ရွှေရူပါဦးကို တကွက်ပြလိုက်တဲ့ အဆိုတော် ချောစုခင်

လားရှိုးမြို့မှာ ပြုလုပ်မယ့် တန်ဆောင်တိုင်ဖျော်ဖြေပွဲမှာ သရုပ်ဆောင် ရွှေရူပါဦး ပါဝင်သီဆိုမှာဖြစ်တဲ့အတွက် အဆိုတော်ချောစုခင်က သူပါဝင်သီဆိုမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အဆိုတော် ချောစုခင်က ဒီလို ဖျော်ဖြေပွဲမှာ ဝင်ရောက်မသီဆိုဖြစ်တော့ပဲ ဖျက်သိမ်းသွားတဲ့အကြောင်းကို ပွဲစီစဉ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာပါ။ အဆိုပါ လားရှိုးတန်ဆောင်တိုင်ဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာလ ၄ ရက်ကနေ ၇ရက်နေ့ထိ လားရှိုးမြို့က မြို့ဦးစေတီဝင်းမှာ ပြုလုပ်မှာလို့ သိရပါတယ်။

ယင်းဖျော်ဖြေပွဲမှာ တေးသံရှင်နောနော်၊ လားရှိုးမောင်ဝင်း၊ ဖော့ကိုင်၊ မိုးအောင်ရင်၊ ချောစုခင်၊ Lဆိုင်းဇီ၊ ရွှေရူပါဦး၊ Aမီဈာန် စတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တွေ သီဆိုဖျော်ဖြေမှာဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

အဆိုပါ တန်ဆောင်တိုင် ဖျော်ဖြေပွဲ ကြော်ငြာ အွန်လိုင်းပေါ်မှာ တက်လာစဉ်ကတည်းက လူမှုကွန်ရက် အသုံးပြုသူများက ဝေဖန်မှုများ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေရူပါဦးဟာ အာဏာသိမ်း စကစရဲ့ ဝါဒဖြန့်ချိသူ တဦးအဖြစ် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေသူတဦးလည်း ဖြစ်ပါတယ်။ ယခုပွဲဟာ စကစဖက်က ဦးစီးပြီး ပြုလုပ်တဲ့ပွဲလို့လည်း သိရပါတယ်။

ကချင်အဆိုတော်တွေ ဖြစ်တဲ့ နောနော်၊ Lဆိုင်းဇီတို့ကိုလည်း ဖားကန့်ဖြစ်စဉ်မှာ အသံမထွက်တဲ့အပေါ် ပရိသတ်များက ဝေဖန်နေကြပြီး မကြာခင်က ပွဲဖြစ်ခဲ့တဲ့ မိုးအောင်ရင် (ဒီဂျေစိုင်း) ကိုလည်း ဝေဖန်နေကြတာ တွေ့ရှိရပါတယ်။

zawgyi

လားရႈိးၿမိဳ႕မွာ ျပဳလုပ္မယ့္ တန္ေဆာင္တိုင္ေဖ်ာ္ေျဖပြဲမွာ သ႐ုပ္ေဆာင္ ေ႐ႊ႐ူပါဦး ပါဝင္သီဆိုမွာျဖစ္တဲ့အတြက္ အဆိုေတာ္ေခ်ာစုခင္က သူပါဝင္သီဆိုမယ့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို႔ သိရပါတယ္။

အဆိုေတာ္ ေခ်ာစုခင္က ဒီလို ေဖ်ာ္ေျဖပြဲမွာ ဝင္ေရာက္မသီဆိုျဖစ္ေတာ့ပဲ ဖ်က္သိမ္းသြားတဲ့အေၾကာင္းကို ပြဲစီစဥ္သူက သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေရးသားထားတာပါ။ အဆိုပါ လားရႈိးတန္ေဆာင္တိုင္ေဖ်ာ္ေျဖပြဲကို လာမယ့္ ႏိုဝင္ဘာလ ၄ ရက္ကေန ၇ရက္ေန႔ထိ လားရႈိးၿမိဳ႕က ၿမိဳ႕ဦးေစတီဝင္းမွာ ျပဳလုပ္မွာလို႔ သိရပါတယ္။

ယင္းေဖ်ာ္ေျဖပြဲမွာ ေတးသံရွင္ေနာေနာ္၊ လားရႈိးေမာင္ဝင္း၊ ေဖာ့ကိုင္၊ မိုးေအာင္ရင္၊ ေခ်ာစုခင္၊ Lဆိုင္းဇီ၊ ေ႐ႊ႐ူပါဦး၊ Aမီဈာန္ စတဲ့ အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္ေတြ သီဆိုေဖ်ာ္ေျဖမွာျဖစ္တယ္လို႔ ေၾကညာထားတာ ျဖစ္ပါတယ္။

အဆိုပါ တန္ေဆာင္တိုင္ ေဖ်ာ္ေျဖပြဲ ေၾကာ္ျငာ အြန္လိုင္းေပၚမွာ တက္လာစဥ္ကတည္းက လူမႈကြန္ရက္ အသုံးျပဳသူမ်ားက ေဝဖန္မႈမ်ား ျမင့္တက္ခဲ့တာ ျဖစ္ပါတယ္။ ေ႐ႊ႐ူပါဦးဟာ အာဏာသိမ္း စကစရဲ႕ ဝါဒျဖန႔္ခ်ိသူ တဦးအျဖစ္ ေပၚေပၚထင္ထင္ လုပ္ကိုင္ေနသူတဦးလည္း ျဖစ္ပါတယ္။ ယခုပြဲဟာ စကစဖက္က ဦးစီးၿပီး ျပဳလုပ္တဲ့ပြဲလို႔လည္း သိရပါတယ္။

ကခ်င္အဆိုေတာ္ေတြ ျဖစ္တဲ့ ေနာေနာ္၊ Lဆိုင္းဇီတို႔ကိုလည္း ဖားကန႔္ျဖစ္စဥ္မွာ အသံမထြက္တဲ့အေပၚ ပရိသတ္မ်ားက ေဝဖန္ေနၾကၿပီး မၾကာခင္က ပြဲျဖစ္ခဲ့တဲ့ မိုးေအာင္ရင္ (ဒီေဂ်စိုင္း) ကိုလည္း ေဝဖန္ေနၾကတာ ေတြ႕ရွိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *