ကြားသိရသမျှ

လက်ဆောင်ပေးဖို့ဝယ်လာတဲ့ဒူးရင်းသီး(၆)သောင်းဖိုးကိုအိမ်ရောက်မှခွဲကြည့်လိုက်တဲ့အခါ

အဖြစ်ကဒီလိုပါ ကျွန်တော်တို့မောင်နှမတွေရန်ကုန်ကိုဘုရားဖူးပြီး ညနေ၃နာရီထွက်သောဂျပန်ရထားခေါ်သောထိုရထားနဲ့လိုက်ခဲ့ပါသည်။

ပဲခူးဘူတာသို့ညနေ၆နာရီ၃၀တွင်ရောက်ပါသည် လိုရင်းကိုခနနေဆက်ပါမည်ဘူတာတိုင်းတွင်ဈေးသည်များနှင့်ဈေးဆိုင်များမရှိတော့ပါ။

ဘူတာထဲဈေးမရောင်းရလို့စည်းကမ်းထုတ်ထားတယ် ထင်သည်ဟုတွေးရင်းဈေးသည်လေးများဘာလုပ်စားကြပါလ်မ့်လို့ စဉ်းစားပြီးသနားမိသည်။

သို့သော် ဘူတာတိုင်းမှာသန့်ရှင်းသွားတာကိုတော့ြကိုဆိုပါသည် လိုရင်းကိုဆက်ပါမည် ပဲခူးဘူတာတွင် ၃မိနစ်ရပ်နားပါသည် ရထားပေါ်သို့ဒူးရင်းသီးများရောင်းသော ဈေးသည်များတက်လာပါသည်။

အလာတုန်းကလဲ အချိန်လုပြီးလာရပါသဖြင့်မန်းတလေးမှမိတ်ဆွေများအတွက် လက်ဆောင်မပါသဖြင့် အတော်ပဲဟုစဉ်းစားပြီး ဈေးနှုန်းများကိုမေးကြည့်သောအခါ ၃လုံးတစ်တွဲ အသေးဆိုရင်၄ထောင်ကျပ် အကြီးလုံးဆိုရင် ၇ထောင်ကျပ်ဟုပြောပါသည်။

နောက်ဆုံးအကြီး၃လုံးတစ်တွဲကို၅ထောင်ကျပ်ပဲပေးပါဟုပြောပါသည် မန်းလေးမှာတစ်လုံးကို ၅ထောင်ကျပ် လောက်ရှိတာတန်လှချည်လားဟု လက်ဆောင်ပေးချင်တဲ့စိတ်ရယ်ရထားကလည်း၃မိနစ်ပြည့်လို ထွက်ဖို့ခရာသံကြားတာရယ်ကြောင့် မြန်မြန်လေးဝယ်လိုက်ပါသည်။

နံနက်အိမ်ကိုရောက်ပီး လက်ဆောင်တွေလည်းပေးလိုက်ပါသည် အမတွေရဲ့အိမ်ဘက်ကို ပစ္စည်းတခုမေ့ကျန်နေ၍သွားယူသောအခါ အမမှ မင်းဒူးရင်းသီးတွေခွဲပြီးပြီလားဟုမေးပါသည်လက်ဆောင်တော့ပေးပြီးပြီ ကိုယ့်စားဖို့တော့ နေ့လည်မှခွဲစားတော့မည်ဟုပြောသောအခါအမကရီပါတော့သည် ငါ့မောင်ရေ မခွဲနဲ့တော့အကုန်လွှတ်ပစ်လိုက်တော့ဟုပြောပါသည်။

ဘာဖစ်လို့လဲဟုမေးသောအခါ ဒူးရင်းသီးတွေကအခွံနွှာပြီးသားတွေကို စားပြီးသားအစေ့တွေနဲ့ပုတ်နေတဲံအသားတွေထည့်ထားတာ ငါတော့အကုန်လွှတ်ပစ်လိုက်ရသည်ဟုပြောပါသည်။

ဟာ ငါတော့ဒုက္ခပဲ လက်ဆောင်တွေလည်းပေးပြီးပြီ အိမ်မြန်မြန်ပြန်ပြီးကျန်တဲံအလုံးတွေကို ကြည့်အုံးမှာပဲဆိုပီး အလုံးများကိုခုံပေါ်တင်ပီး တစ်လုံးချင်း ကျွတ်ကျွတ်အိတ်ကြိုးကိုဖြည်လိုက်သောအခါ ခွဲစရာမလိုတော့ပါ အမပြောသလို ပုံပါအတိုင်းဖြစ်သွားပါသည်။

ဒါကြောင့် ကျွတ်ကျွတ်အိတ်အထပ်ထပ်ချည်ထားခြင်းဖြစ်ပါသည် ကျွန်တော်တို့မောင်နှမ ၆သောင်းဖိုးအလိမ်ခံလိုက်ရပါသည် ပြောချင်တာက ပဲခူးဘူတာရောက်လျှင် ကျွန်တော်တို့လိုမခံရအောင်ဒူးရင်းသီးများမဝယ်ကြဖို့ပြောပြပါရစေ

နောက်ပီးဒီကိစ္စကို ဘူတာမှာတာဝန်ရှိတာလားဘူတာမှာစောင့်သောပြင်သူရဲများမှာလား ခင်ဗျားးးနောက်လူတွေမခံရအောင်သေချာစစ်ဆေးပြီးအရေးယူသင့်ပါကြောင်း တင်ပြအပ်ပါသည်

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *