ကြားသိရသမျှ

ေတာ္လွန္‌ေရးတာဝန္ေတြကို ႀကိဳးစားထမ္းေဆာင္ေနၾကတဲ့ အမွန္တရားကိုခ်စ္ျမတ္ႏိုးတဲ့ အႏုပညာရွင္ အမ်ိဳးသမီးမ်ား

တော်လှန်‌ရေးတာဝန်တွေကို ကြိုးစားထမ်းဆောင်နေကြတဲ့ အမှန်တရားကိုချစ်မြတ်နိုးတဲ့ အနုပညာရှင် အမျိုးသမီးများ

တော်လှန်ရေးတာဝန်ကို အနုပညာနဲ့ကြိုးစားထမ်းဆောင်နေကြတဲ့ အနုပညာရှင်အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ အာဂအမျိုးသမီးတွေများစွာ ရှိပါသေးတယ်နော်။

မင်းသမီး ချစ်သုဝေ

မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ချစ်သုဝေ ကိုတော့ အားလုံးပဲသိကြမှာပါ။ သူမကတော့ အဆိုတော် လင်းလင်းနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လှမ်းနေပြီးတော့ ချစ်ဖို့‌ကောင်းတဲ့အမွှာသမီးလေးတွေကို ပိုင်ဆိုင်ထားပါတယ်။

ချစ်သုဝေ ဟာ ခင်ပွန်းဖြစ်သူ လင်းလင်း လိုပဲ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ နေအိမ်ချိတ်ပိတ်ခံရတဲ့အပြင် ၅၀၅ က နဲ့တရားစွဲဆိုခံရပြီး တိမ်းရှောင်နေရပေမယ့် တော်လှန်ရေးတာဝန်တွေကို ရောက်တဲ့နေရာကနေ ကြိုးစားထမ်းဆောင်နေတာပါ။

မင်းသမီး ပိုင်ဖြိုးသု

ချစ်ဖို့ကောင်းတဲ့ အပြုံးပိုင်ရှင် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ မင်းသမီး ပိုင်ဖြိုးသု ကတော့ နွေဦးတော်လှန်ရေးမှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသားဝန်းရံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လဲ မိခင်ဖြစ်သူမှ သမီးအဖြစ်အမွေပြတ်စွန့်လွှတ်ခြင်းကို ခံခဲ့ရပေမယ့် တော်လှန်ရေးအတွက် နောက်မဆုတ်ပဲ ဆက်လက်တိုက်ပွဲဝင်နေဆဲပါပဲ။

အရေးတော်ပုံအောင်မှ အိမ်ပြန်မယ်လို့ ကြွေးကြော်ထားတဲ့ မင်းသမီးချောလေးလဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေရှာတဲ့ပွဲတွေမှာ အားသွန်ခွန်စိုက်ပါဝင်ခဲ့ပြီး သူမတတ်ကျွမ်းတဲ့အနုပညာနဲ့လဲ ပါဝင်ကူညီနေသူလေး ဖြစ်ပါတယ်။

MRTV-4 မင်းသမီး မြနှင်းရည်လွင်

MRTV-4 ဇာတ်လမ်းတွဲတွေမှာ အိုက်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်ရင်း လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသမီး မြနှင်းရည်လွင် ကိုတော့ အားလုံးပဲ သိကြမှာပါနော်။ မြနှင်းရည်လွင် ဟာလဲ အောင်မြင်မှု့တွေကို မနှမြော တော်လှန်ရေးအတွက်ကိုပဲ အာရုံစိုက်ပြီး တာဝန်တွေကိုကျေပွန်ဖို့ အမြဲတမ်းကြိုးစားနေသူပါပဲ။

လက်ရှိမှာ သူမဟာ လွတ်မြောက်နယ်မြေမှာ နေထိုင်နေပြီးတော့ တော်လှန်ရေးကြီး အောင်မြင်ဖို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ အကောင်းဆုံးကြိုးစားနေဆဲပါပဲ။

အလှမယ် ထားထက်ထက်

မြန်မာ့နိုင်ငံကိုယ်စားပြုပြီး နိုင်ငံရပ်ခြားမှာ သွားရောက်ယျဥ်ပြိုင်ခဲ့တဲ့ အလှမယ်လဲဖြစ် ကျွမ်းဘားမယ်လဲ ဖြစ်တဲ့ ထားထက်ထက် ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ပါဝင်ခဲ့သူပါ။ အလှမယ်ပေမယ့် ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး ကြံ့ခိုင်တဲ့အင်အားတွေနဲ့ တော်လှန်ဖို့ကြိုးစားနေတာပါ။

လွတ်မြောက်နယ်မြေကို တော်လှန်ရေးကြီးစတင်ထဲက ရောက်ရှိနေတာဖြစ်ပြီး အခုချိန်ထိ အားမလျော့ ပဲ တော်လှန်ရေးကြီး အောင်မြင်ဖို့ကြိုးစားနေပါတယ်။

မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး

တတ်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီးတော့ အနာဂတ်မှာအောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေ တန်းစီနေတဲ့သူလေးကတော့ မြတ်နိုးအေး ပဲ ဖြစ်ပါတယ်။ သူမဟာလဲ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး မြန်မာပြည်မှာဖြစ်ပျက်နေတာတွေကို ကမ္ဘာ့နိုင်ငံတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် Speak Out လုပ်ပေးခဲ့သူလေးဖြစ်ပါတယ်။

ဒါကြောင့်လဲ ၅၀၅ စာရင်းမှာပါဝင်ခဲ့ပြီး သူမရဲ့ငယ်ရွယ်နုပျိုမူ့တွေကိုတော့ လွတ်မြောက်နယ်မြေမှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ အောင်မြင်မှု့တွေကို ပြတ်ပြတ်သားသားစွန့်လွှတ်ပြီး တော်လှန်ရေးအောင်နိုင်ဖို့အတွက်ကိုပဲ တာဝန်တွေကိုကြိုးစားထမ်းဆောင်နေပါတယ်။

Credit

zawgyi

ေတာ္လွန္‌ေရးတာဝန္ေတြကို ႀကိဳးစားထမ္းေဆာင္ေနၾကတဲ့ အမွန္တရားကိုခ်စ္ျမတ္ႏိုးတဲ့ အႏုပညာရွင္ အမ်ိဳးသမီးမ်ား

ေတာ္လွန္ေရးတာဝန္ကို အႏုပညာနဲ႔ႀကိဳးစားထမ္းေဆာင္ေနၾကတဲ့ အႏုပညာရွင္အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိတာဝန္ထမ္းေဆာင္ေနၾကတဲ့ အာဂအမ်ိဳးသမီးေတြမ်ားစြာ ရွိပါေသးတယ္ေနာ္။

မင္းသမီး ခ်စ္သုေဝ

ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ခ်စ္သုေဝ ကိုေတာ့ အားလုံးပဲသိၾကမွာပါ။ သူမကေတာ့ အဆိုေတာ္ လင္းလင္းနဲ႔ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးခရီးလမ္းကို ေလွ်ာက္လွမ္းေနၿပီးေတာ့ ခ်စ္ဖို႔‌ေကာင္းတဲ့အမႊာသမီးေလးေတြကို ပိုင္ဆိုင္ထားပါတယ္။

ခ်စ္သုေဝ ဟာ ခင္ပြန္းျဖစ္သူ လင္းလင္း လိုပဲ အမွန္တရားကိုခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္တာေၾကာင့္ ေႏြဦးေတာ္လွန္ေရးမွာ ျပည္သူေတြနဲ႔အတူ ပါဝင္ခဲ့ပါတယ္။ ေနအိမ္ခ်ိတ္ပိတ္ခံရတဲ့အျပင္ ၅၀၅ က နဲ႔တရားစြဲဆိုခံရၿပီး တိမ္းေရွာင္ေနရေပမယ့္ ေတာ္လွန္ေရးတာဝန္ေတြကို ေရာက္တဲ့ေနရာကေန ႀကိဳးစားထမ္းေဆာင္ေနတာပါ။

မင္းသမီး ပိုင္ၿဖိဳးသု

ခ်စ္ဖို႔ေကာင္းတဲ့ အၿပဳံးပိုင္ရွင္ မင္းသမီးေလးတစ္လက္ျဖစ္တဲ့ မင္းသမီး ပိုင္ၿဖိဳးသု ကေတာ့ ေႏြဦးေတာ္လွန္ေရးမွာ ခင္ပြန္းျဖစ္သူ ဒါ႐ိုက္တာ ဏႀကီးနဲ႔အတူ အမွန္တရားဘက္က ျပတ္ျပတ္သားသားဝန္းရံခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္လဲ မိခင္ျဖစ္သူမွ သမီးအျဖစ္အေမြျပတ္စြန႔္လႊတ္ျခင္းကို ခံခဲ့ရေပမယ့္ ေတာ္လွန္ေရးအတြက္ ေနာက္မဆုတ္ပဲ ဆက္လက္တိုက္ပြဲဝင္ေနဆဲပါပဲ။

အေရးေတာ္ပုံေအာင္မွ အိမ္ျပန္မယ္လို႔ ေႂကြးေၾကာ္ထားတဲ့ မင္းသမီးေခ်ာေလးလဲ ျဖစ္ပါတယ္။ ေတာ္လွန္ေရးအတြက္ ရန္ပုံေငြရွာတဲ့ပြဲေတြမွာ အားသြန္ခြန္စိုက္ပါဝင္ခဲ့ၿပီး သူမတတ္ကြၽမ္းတဲ့အႏုပညာနဲ႔လဲ ပါဝင္ကူညီေနသူေလး ျဖစ္ပါတယ္။

MRTV-4 မင္းသမီး ျမႏွင္းရည္လြင္

MRTV-4 ဇာတ္လမ္းတြဲေတြမွာ အိုက္တင္ေကာင္းေကာင္းနဲ႔ သ႐ုပ္ေဆာင္ရင္း လူသိမ်ားနာမည္ႀကီးလာခဲ့တဲ့ မင္းသမီး ျမႏွင္းရည္လြင္ ကိုေတာ့ အားလုံးပဲ သိၾကမွာပါေနာ္။ ျမႏွင္းရည္လြင္ ဟာလဲ ေအာင္ျမင္မႈ႕ေတြကို မႏွေျမာ ေတာ္လွန္ေရးအတြက္ကိုပဲ အာ႐ုံစိုက္ၿပီး တာဝန္ေတြကိုေက်ပြန္ဖို႔ အၿမဲတမ္းႀကိဳးစားေနသူပါပဲ။

လက္ရွိမွာ သူမဟာ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနၿပီးေတာ့ ေတာ္လွန္ေရးႀကီး ေအာင္ျမင္ဖို႔တတ္ကြၽမ္းတဲ့ အႏုပညာနဲ႔ အေကာင္းဆုံးႀကိဳးစားေနဆဲပါပဲ။

အလွမယ္ ထားထက္ထက္

ျမန္မာ့ႏိုင္ငံကိုယ္စားျပဳၿပီး ႏိုင္ငံရပ္ျခားမွာ သြားေရာက္ယ်ဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္လဲျဖစ္ ကြၽမ္းဘားမယ္လဲ ျဖစ္တဲ့ ထားထက္ထက္ ကေတာ့ ေႏြဦးေတာ္လွန္ေရးမွာ ျပည္သူနဲ႔အတူ ပါဝင္ခဲ့သူပါ။ အလွမယ္ေပမယ့္ ခိုင္မာတဲ့စိတ္ဓာတ္ေၾကာင့္ လြတ္ေျမာက္နယ္ေျမမွာ လက္နက္ကိုင္ၿပီး ႀကံ့ခိုင္တဲ့အင္အားေတြနဲ႔ ေတာ္လွန္ဖို႔ႀကိဳးစားေနတာပါ။

လြတ္ေျမာက္နယ္ေျမကို ေတာ္လွန္ေရးႀကီးစတင္ထဲက ေရာက္ရွိေနတာျဖစ္ၿပီး အခုခ်ိန္ထိ အားမေလ်ာ့ ပဲ ေတာ္လွန္ေရးႀကီး ေအာင္ျမင္ဖို႔ႀကိဳးစားေနပါတယ္။

ေမာ္ဒယ္သ႐ုပ္ေဆာင္ ျမတ္ႏိုးေအး

တတ္သစ္စ ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ၿပီးေတာ့ အနာဂတ္မွာေအာင္ျမင္ႏိုင္တဲ့ အခြင့္အလမ္းေတြ တန္းစီေနတဲ့သူေလးကေတာ့ ျမတ္ႏိုးေအး ပဲ ျဖစ္ပါတယ္။ သူမဟာလဲ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ခဲ့ၿပီး ျမန္မာျပည္မွာျဖစ္ပ်က္ေနတာေတြကို ကမာၻ႔ႏိုင္ငံေတြသိေအာင္ က်ယ္က်ယ္ျပန႔္ျပန႔္ Speak Out လုပ္ေပးခဲ့သူေလးျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ၅၀၅ စာရင္းမွာပါဝင္ခဲ့ၿပီး သူမရဲ႕ငယ္႐ြယ္ႏုပ်ိဳမူ႔ေတြကိုေတာ့ လြတ္ေျမာက္နယ္ေျမမွာပဲ ကုန္ဆုံးေစခဲ့ပါတယ္။ ေအာင္ျမင္မႈ႕ေတြကို ျပတ္ျပတ္သားသားစြန႔္လႊတ္ၿပီး ေတာ္လွန္ေရးေအာင္ႏိုင္ဖို႔အတြက္ကိုပဲ တာဝန္ေတြကိုႀကိဳးစားထမ္းေဆာင္ေနပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *