ပရုပ်လုံးသုံးတတ်သူများအတွက် သတိပြုပြီးသုံး
ပရုပ်လုံံံးရဲ့ အာနိသင် ကိုက တဖြေးဖြေးလုံး ပါးပါးပြီး အငွေ့ပျံတာ ပျံတဲ့အငွေ့တွေက ဓာတုဓာတ် နပ်ဖ်သလင်းနဲ့ ပါရာဒိုင် ကလို ရိုဘန်ဇင်း ဓာတ်တွေပါ။
စူးစူးရှရှ နဲ့ သင်းပျံ့တဲ့ ရနံ့လို့ သတ်မှတ် ထားကြတဲဲ့ အငွေ့တွေက ကလေးငယ်နဲ့ လူကြီး လူငယ် အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ သဘောပါ။
ဖြည်းဖြည်းချင်း သူလဲ လုံးပါး ပါးရင်း ကိုယ်လဲ ထိခိုက် နေတာပေါ့ – အနည်းနဲ့အများပဲကွာတယ်
(သိတောင် မသိလိုက်ကြဘူး) အဲဒီ့ အငွေ့တွေက မျက်စိ အသက်ရူ လမ်းကြောင်း စတာတွေကို အနှောက်အယှက် ဖြစ်စေ တယ်။
ခေါင်းကိုက်တာ / မူးတာ / အန်ချင်တာ ဖြစ်တတ်တယ် – တချို့လေ့လာမူတွေအရ ကင်ဆာ အချို့နဲ့တောင် ဆက်စပ်မူရှိတယ် ဆိုတယ်။
နပ်ဖ်သလင်း ဓာတ်က ပိုဆိုးတဲ့ အဆိပ် ဓာတ်ပါ – သွေးနီဥ လေးတွေကို အချိန်မတိုင်ခင်
ပျက်စီးစေတဲ့ အာနိသင်ရှိတယ် – သွေးနီဥတွေ ပျက်စီးရင်ဖြစ်တဲ့ သွေးအားနည်းရောဂါအကျိုးဆက်တွေ ဖြစ်တတ်တယ်။
G6PDဆိုတဲ့ အင်ဇိုင်း ချို့တဲ့မူ ရှိသူတွေဆို ပိုပြီး ထိခိုက်တယ် – လူကြီးနဲ့ကလေး ခံရ တာခြင်း ကွာခြားခြင်းက ..ကလေးတွေက ဒီအဆိပ်တွေကို ကိုယ်ကနေ ထုတ်ပြစ်နိုင်ဖို့
အားအင်က လူကြီးတွေထက် နည်းတယ် ပိုအန္တရာယ်ရှိတယ်။
ပရုပ် အဖြူရောင်တင် မကပါ – ဈေးကွက်ထဲမှာ အရောင်စုံ ဒီဇိုင်းစုံ ပုစံမျိုးစုံ ပေါ်နေတယ်
ကလေးများ ပါးစပ်ထဲ ကောက်ထည့်လိုက်မှာသတိထားပါ – သေချာ သိမ်းပါ လူကြီးတွေအတွက်လည်း မကောင်းပါဘူး ။
အငွေ့ ရှုမိလို့ ရေရှည် မကောင်းသလို ပရုပ်လုံးနဲ့ အကြာပြီး ထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင် အရေပြားကနေ ထိတွေ့တာလည်း မကောင်းပါဘူး –
ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေတာ ပြန်လျော်ပြီး နေလှန်း ခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။
ပရုပ်လုံး မသုံးရင် အနံ့တွေ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ? ပိုးကောင်တွေ ပြေးအောင် ဘယ်လို လုပ်ရမလဲ ?
ပရုပ်လုံး ဝယ်ရင် ဒီလို Naphthalene – Paradichlorobenzene ဓာတု အမည် ပါရင် မဝယ်ပဲ မသုံးဘဲ ရှောင်ပါ။
ထင်းရူးသားနဲ့ လုပ်တဲ့ ပရုပ်လုံးကို သုံးလို့ရတယ် ( မြန်မာပြည်မှာရှိမယ်မထင်ပါ ) ထင်း ရူးသားလေး ထည့်ထားတာမျိုး လုပ်ပါ။
တချိ့ကျတော့ လေညှင်းပွင့်လေးတွေ ထင်းရူးသားသန့်သန့်လေးတွေကို အဝတ်အိတ် လေတွေနဲ့ ချုပ်ထည့်ပြီး ဘီဒိုထောင့်လေးတွေမှာ ထားကြတယ်။
ဘာပဲဝယ်ဝယ် ဘာပါဝင် သလဲဆိုတာ ဖတ်ပါ ထုပ်ပိုးတာလှတိုင်းအကောင်းစားမဟုတ်ပါ
ခုပေါ်နေတဲ့ အဝတ်ဖြန်း အမွှေးရည်မှာ ဘာတွေပါဝင်နေလဲ အထက်က ဖော်ပြထားတဲ့ ဓာတ်တွေ ပါလားစစ်ပါ။
ကိုယ့်နိုင်ငံကို အတုမျိးစုံ ဝင်လာနေတဲ့ အချိန်အခါမှာ ဆက်မသုံးတော့ရင် အကောင်းဆုံးပါ
ရောဂါ လက္ခဏာကို ကြည့်ပြီး ပရုပ်လုံးကြောင့် တစ်ထစ်ချ ပြောမရပါ သတိထား ကြဖို့ပါ။
နီနီလေး
Child health
ပ႐ုပ္လုံးသုံးတတ္သူမ်ားအတြက္ သတိျပဳၿပီးသုံး
ပ႐ုပ္လုံံံးရဲ႕ အာနိသင္ ကိုက တေျဖးေျဖးလုံး ပါးပါးၿပီး အေငြ႕ပ်ံတာ ပ်ံတဲ့အေငြ႕ေတြက ဓာတုဓာတ္ နပ္ဖ္သလင္းနဲ႔ ပါရာဒိုင္ ကလို ႐ိုဘန္ဇင္း ဓာတ္ေတြပါ။
စူးစူးရွရွ နဲ႔ သင္းပ်ံ႕တဲ့ ရနံ႔လို႔ သတ္မွတ္ ထားၾကတဲဲ့ အေငြ႕ေတြက ကေလးငယ္နဲ႔ လူႀကီး လူငယ္ အားလုံးရဲ႕ က်န္းမာေရးကို ထိခိုက္ ေစတဲ့ အဆိပ္ေငြ႕ သေဘာပါ။
ျဖည္းျဖည္းခ်င္း သူလဲ လုံးပါး ပါးရင္း ကိုယ္လဲ ထိခိုက္ ေနတာေပါ့ – အနည္းနဲ႔အမ်ားပဲကြာတယ္
(သိေတာင္ မသိလိုက္ၾကဘူး) အဲဒီ့ အေငြ႕ေတြက မ်က္စိ အသက္႐ူ လမ္းေၾကာင္း စတာေတြကို အေႏွာက္အယွက္ ျဖစ္ေစ တယ္။
ေခါင္းကိုက္တာ / မူးတာ / အန္ခ်င္တာ ျဖစ္တတ္တယ္ – တခ်ိဳ႕ေလ့လာမူေတြအရ ကင္ဆာ အခ်ိဳ႕နဲ႔ေတာင္ ဆက္စပ္မူရွိတယ္ ဆိုတယ္။
နပ္ဖ္သလင္း ဓာတ္က ပိုဆိုးတဲ့ အဆိပ္ ဓာတ္ပါ – ေသြးနီဥ ေလးေတြကို အခ်ိန္မတိုင္ခင္
ပ်က္စီးေစတဲ့ အာနိသင္ရွိတယ္ – ေသြးနီဥေတြ ပ်က္စီးရင္ျဖစ္တဲ့ ေသြးအားနည္းေရာဂါအက်ိဳးဆက္ေတြ ျဖစ္တတ္တယ္။
G6PDဆိုတဲ့ အင္ဇိုင္း ခ်ိဳ႕တဲ့မူ ရွိသူေတြဆို ပိုၿပီး ထိခိုက္တယ္ – လူႀကီးနဲ႔ကေလး ခံရ တာျခင္း ကြာျခားျခင္းက ..ကေလးေတြက ဒီအဆိပ္ေတြကို ကိုယ္ကေန ထုတ္ျပစ္ႏိုင္ဖို႔
အားအင္က လူႀကီးေတြထက္ နည္းတယ္ ပိုအႏၲရာယ္ရွိတယ္။
ပ႐ုပ္ အျဖဴေရာင္တင္ မကပါ – ေဈးကြက္ထဲမွာ အေရာင္စုံ ဒီဇိုင္းစုံ ပုစံမ်ိဳးစုံ ေပၚေနတယ္
ကေလးမ်ား ပါးစပ္ထဲ ေကာက္ထည့္လိုက္မွာသတိထားပါ – ေသခ်ာ သိမ္းပါ လူႀကီးေတြအတြက္လည္း မေကာင္းပါဘူး ။
အေငြ႕ ရႈမိလို႔ ေရရွည္ မေကာင္းသလို ပ႐ုပ္လုံးနဲ႔ အၾကာၿပီး ထိေတြ႕ထားတဲ့ အဝတ္ကို ဝတ္ရင္ အေရျပားကေန ထိေတြ႕တာလည္း မေကာင္းပါဘူး –
ဓာတ္ေတြက အဝတ္ေတြထဲမွာ စိမ့္ဝင္ၿပီး ရွိေနတာ ျပန္ေလ်ာ္ၿပီး ေနလွန္း ေျခာက္သြားမွ ဝတ္ေပးတာ ေကာင္းပါတယ္။
ပ႐ုပ္လုံး မသုံးရင္ အနံ႔ေတြ ေပ်ာက္ေအာင္ ဘယ္လိုလုပ္ရမလဲ ? ပိုးေကာင္ေတြ ေျပးေအာင္ ဘယ္လို လုပ္ရမလဲ ?
ပ႐ုပ္လုံး ဝယ္ရင္ ဒီလို Naphthalene – Paradichlorobenzene ဓာတု အမည္ ပါရင္ မဝယ္ပဲ မသုံးဘဲ ေရွာင္ပါ။
ထင္း႐ူးသားနဲ႔ လုပ္တဲ့ ပ႐ုပ္လုံးကို သုံးလို႔ရတယ္ ( ျမန္မာျပည္မွာရွိမယ္မထင္ပါ ) ထင္း ႐ူးသားေလး ထည့္ထားတာမ်ိဳး လုပ္ပါ။
တခ်ိ႕က်ေတာ့ ေလညႇင္းပြင့္ေလးေတြ ထင္း႐ူးသားသန႔္သန႔္ေလးေတြကို အဝတ္အိတ္ ေလေတြနဲ႔ ခ်ဳပ္ထည့္ၿပီး ဘီဒိုေထာင့္ေလးေတြမွာ ထားၾကတယ္။
ဘာပဲဝယ္ဝယ္ ဘာပါဝင္ သလဲဆိုတာ ဖတ္ပါ ထုပ္ပိုးတာလွတိုင္းအေကာင္းစားမဟုတ္ပါ
ခုေပၚေနတဲ့ အဝတ္ျဖန္း အေမႊးရည္မွာ ဘာေတြပါဝင္ေနလဲ အထက္က ေဖာ္ျပထားတဲ့ ဓာတ္ေတြ ပါလားစစ္ပါ။
ကိုယ့္ႏိုင္ငံကို အတုမ်ိးစုံ ဝင္လာေနတဲ့ အခ်ိန္အခါမွာ ဆက္မသုံးေတာ့ရင္ အေကာင္းဆုံးပါ
ေရာဂါ လကၡဏာကို ၾကည့္ၿပီး ပ႐ုပ္လုံးေၾကာင့္ တစ္ထစ္ခ် ေျပာမရပါ သတိထား ၾကဖို႔ပါ။
နီနီေလး
Child health