ေတးသံရွင္ ပိုပို နဲ႔ ဗ်ဴးတီးဘေလာ့ဂါဝင္းမင္းသန္းတို႔ ျပန္လည္လြတ္ေျမာက္လာ
စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အာဏာသိမ္းဆန႔္က်င္ေရးေတြမွာ ပါဝင္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ဖမ္းဆီးတရားစြဲဆိုခံရတဲ့ ေတးသံရွင္ ပိုပိုနဲ႔ အလွအပေရးရာဘေလာ့ဂါဝင္းမင္းသန္းတို႔ ၂ ဦး ဟာ
ဒီကေန႔ေအာက္တိုဘာ၂၈ ရက္ ညပိုင္းက ျပန္လည္လြတ္ေျမာက္လာၿပီလို႔ နီးစပ္သူေတြကအတည္ျပဳပါတယ္။
ဒီကေန႔ ညပိုင္းမွာ အက်ဥ္းဦးစီးဌာနဝန္ထမ္းအခ်ိဳ႕က သူတို႔ရဲ႕ေနအိမ္ေတြကိုလိုက္ပါပို႔ေဆာင္ခဲ့တယ္လို႔နီးစပ္သူေတြကေျပာျပပါတယ္။
သူတို႔ ၂ ဦးဟာအင္းစိန္အက်ဥ္းေထာင္ထဲမွာ ၁ ႏွစ္နဲ႔ ၆ လခန႔္ အက်ဥ္းက်ခံခဲ့ရၿပီးတဲ့ေနာက္ အခုလို ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။
ဘာေၾကာင့္လႊတ္ေပးတယ္ဆိုတဲ့အေၾကာင္းျပခ်က္ကိုေတာ့မသိရဘူလို႔ နီးစပ္သူေတြကေျပာပါတယ္။
ေတးသံရွင္ ပိုပိုနဲ႔ Social Influencer ဝင္းမင္းသန္းတို႔ဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ဧၿပီလကဖမ္းဆီးခံၾကရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ဒီဇင္ဘာလကပုဒ္မ ၅၀၅-က အပါအဝင္ ေနာက္ထပ္ပုဒ္မအခ်ိဳ႕နဲ႔ ေထာင္ဒဏ္ ၃ႏွစ္စီခ်မွတ္ခံထားရတာပါ။
၅၀၅-က ကေတာ့ စစ္အာဏာသိမ္းၿပီး ေဖေဖာ္ဝါရီလ ၁၄ ရက္မွာ စစ္ေကာင္စီက ျပင္ဆင္ခဲ့တဲ့ ရာဇသတ္ႀကီးဥပေဒျဖစ္ပါတယ္။
အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္ေစေအာင္လုပ္မႈ၊ မမွန္သတင္းျဖန႔္မႈ၊ အစိုးရဝန္ထမ္းေတြ ျပစ္ဒဏ္က်ဴးလြန္ေအာင္စည္း႐ုံးမႈ စတာေတြလုပ္ရင္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ ျပစ္မႈေျမာက္တယ္လို႔ ေျပာထားပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးသလို ဘီဘီစီအေနနဲ႔ သီးျခားအတည္ျပဳခ်က္ရႏိုင္ဖို႔ အက်ဥ္းဦးစီးဌာနကိုဆက္သြယ္ေနပါတယ္။
တေးသံရှင် ပိုပို နဲ့ ဗျူးတီးဘလော့ဂါဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်လာ
စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးတရားစွဲဆိုခံရတဲ့ တေးသံရှင် ပိုပိုနဲ့ အလှအပရေးရာဘလော့ဂါဝင်းမင်းသန်းတို့ ၂ ဦး ဟာ
ဒီကနေ့အောက်တိုဘာ၂၈ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေကအတည်ပြုပါတယ်။
ဒီကနေ့ ညပိုင်းမှာ အကျဉ်းဦးစီးဌာနဝန်ထမ်းအချို့က သူတို့ရဲ့နေအိမ်တွေကိုလိုက်ပါပို့ဆောင်ခဲ့တယ်လို့နီးစပ်သူတွေကပြောပြပါတယ်။
သူတို့ ၂ ဦးဟာအင်းစိန်အကျဥ်းထောင်ထဲမှာ ၁ နှစ်နဲ့ ၆ လခန့် အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် အခုလို ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
ဘာကြောင့်လွှတ်ပေးတယ်ဆိုတဲ့အကြောင်းပြချက်ကိုတော့မသိရဘူလို့ နီးစပ်သူတွေကပြောပါတယ်။
တေးသံရှင် ပိုပိုနဲ့ Social Influencer ဝင်းမင်းသန်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကဖမ်းဆီးခံကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလကပုဒ်မ ၅၀၅-က အပါအဝင် နောက်ထပ်ပုဒ်မအချို့နဲ့ ထောင်ဒဏ် ၃နှစ်စီချမှတ်ခံထားရတာပါ။
၅၀၅-က ကတော့ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှာ စစ်ကောင်စီက ပြင်ဆင်ခဲ့တဲ့ ရာဇသတ်ကြီးဥပဒေဖြစ်ပါတယ်။
အများပြည်သူ အထိတ်တလန့်ဖြစ်စေအောင်လုပ်မှု၊ မမှန်သတင်းဖြန့်မှု၊ အစိုးရဝန်ထမ်းတွေ ပြစ်ဒဏ်ကျူးလွန်အောင်စည်းရုံးမှု စတာတွေလုပ်ရင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်မှုမြောက်တယ်လို့ ပြောထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ အကျဥ်းဦးစီးဌာနကိုဆက်သွယ်နေပါတယ်။