ဆောင်းအေးရင် လေဖြတ်တတ်ပါသလား
ဆောင်းရာသီ ရာသီဥတုအေးရင် လေဖြတ်တတ်ပါသလား
လေဖြတ်တယ်ဆိုတာက ဆေးပညာအရ Stroke ခေါ်ပြီးအရေးပေါ် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
သင့်ရဲ့ ဦးနှောက်ကို သွေးစီးဆင်းနေရာကနေ ရုတ်တရတ်ပြတ်တောက်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရပြီဆိုရင်လေဖြတ်တယ်လို့ ခေါ်ပါတယ်။
လေဖြတ်တာဟာ စိုးရိမ်ရမယ့် ရောဂါလက္ခဏာတွေကိုဖြစ်ပေါ်စေပြီးတော့အချိန်ကြာကြာမလှုပ်ရှားနိုင်တော့တာမျိုးအပြင်သေဆုံးတဲ့အထိ ဖြစ်စေပါတယ်။
လေဖြတ်တာကို ၃ မျိုး ခွဲခြားနိုင်ပါတယ်
၁ – ဦးနှောက်ကို သွေးလှည်ပတ်မူ ယာယီမရောက်တော့လို့ လေဖြတ်ခြင်း။
၂ – သွေးခဲတစ်ခုခုက ဦးနှောက်ကိုသွေးစီးဆင်းမူလမ်းကြောင်းမှာ ပိတ်ပြီးလေဖြတ်ခြင်း။
၃ – ဦးနှောက်ထဲက သွေးကြောတစ်ခုခုပေါက်ပြီး လေဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လေဖြတ်ခြင်း ရှေ့ပြေးလက္ခဏာများမှာ
သင် ပြုံးလိုက်တဲ့အချိန်မှာ မျက်နှာတစ်ဖက်က ရွဲ့သွားတာမျိုး ၊သင့် လက်နှစ်ဖက်လုံး ပြိုင်တူ မ လိုက်ချိန်မှာ လက်တစ်ဖက်က ကျန်ခဲ့တာမျိုး
သင်စကားပြောတာ ရုတ်တရတ် ဝါးသွားပြီး စကားပြောရ ခက်တာမျိုး ၊တခြားသူ ပြောတာကို ရုတ်တရတ် နားမလည်တော့တာမျိုး
လမ်းလျှောက်ရ ခက်နေတာမျိုး ၊ရုတ်တရတ် ခေါင်းမှုးလာပြီး အာရုံ မစိုက်နိုင်တော့တာမျိုး၊ကိစ္စ ထွေထွေထူးထူး မရှိပဲ ရုတ်တရတ် ခေါင်း အရမ်းကိုက်လာတာမျိုး ၊မျက်လုံးကနေ ရုတ်တရတ် မမြင်ရတော့တာမျိုး တွေပဲ ဖြစ်ပါတယ်။
လေဖြတ်ပြီးရင် ဘာတွေဖြစ်ပြီးကျန်ခဲ့နိုင်ပါသလဲ
လေဖြတ်ပြီးတဲ့သူဟာ လူအများက သူ့ကို.ဂရုစိုက်နေပေမဲ့သူ့မှာ စိတ်တိုတာ စိတ်ဓာတ်ကျတာမျိုး ဖြစ်နိုင်ပါတယ်။
လေဖြတ်တာဟာ သင့်ဦးနှောက်ရဲ့ စကားပြောခြင်းနဲ့အစာမျိုခြင်းပြုလုပ်တဲ့ နေရာတွေကို ထိခိုက်သွားစေနိုင်ပြီး..
သင်ဟာ စာဖတ်ခြင်း စာရေးခြင်း လူအများစကားကို နား မလည်ခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ်။
လေဖြတ်ခြင်းကြောင့် သင့်ရဲ့ ခြေ လက်တွေ ထုံတာ နာတာမျိုး ဖြစ်နိုင်ပါတယ်။
တချို့သော သူတွေမှာ လေဖြတ်ခြင်းကြောင့် ကိုယ်တစ်ခြမ်း ဒါမှမဟုတ် ခြေထောက်ပိုင်းတွေ လှုပ်မရတော့တာမျိုး မျက်နှာ ရွဲ့ပြီး ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဆောင်းရာသီမှာ အေးတဲ့အချိန် လေဖြတ်တတ်သလား
လေဖြတ်ခြင်းဟာ – အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။နောက်ဆုံး ရှာဖွေတွေ့ရှိချက်အရ – အေးမြတဲ့ရာသီဥတုမှာဆို လေဖြတ်ဖို့ ၃၀ %လောက်ပိုပြီး ဖြစ်နိုင်ပါတယ်တဲ့။
ဘာကြောင့်ဆိုတော့ – အပူချိန် ကျသွားတဲ့ အချိန်တွေမှာ ဦးနှောက်ထဲမှာ ကြောက်စရာကောင်းတဲ့ သွေးခဲတွေ ဖြစ်ဖို့ ရာခိုင်နူန်း မြင့်မားလို့ပဲ ဖြစ်ပါတယ်။
၄င်းအပြင် ရောဂါပိုး ကူးစက်ခြင်း နေရောင် ရရှိမူနည်းပါးခြင်း , စိတ် ဓာတ်ကျခြင်းအိမ်တွင်းအောင်းပြီး လေ့ကျင့်ခဏ်း နည်းပါးခြင်း …
စသည့် ဆောင်းရာသီ အေးမြတဲ့အချိန်မှာ ဖြစ်တတ်တဲ့အရာတွေကလည်း လေဖြတ်ခြင်းကို ပိုပြီး ဖြစ်စေပါတယ်။
ကာကွယ်ခြင်း
ဆောင်းရာသီမှာ ဖြစ်တဲ့ လေဖြတ်ခြင်း တွေကို ကာကွယ်လို့ ရနိုင်ပါတယ် – ဥပမာ – ရောဂါ ပိုးကြောင့် လေဖြတ်ခြင်းနည်းစေဖို့အတွက်ဆောင်းရာသီမှာ …
တစ်ကိုယ်ရည် သန့်ရှင်းအောင် နေထိုင်နည်း
လက်ဆေးခြင်း ကာကွယ်ဆေးများထိုးခြင်းအားဖြင့် လေဖြတ်ခြင်းကို နည်းစေမှာ ဖြစ်ပါတယ်။
အိမ်တွင်းအောင်းတာကို လျော့ပြီး ကိုယ်,လက် လူပ်ရှားမူ လေ့ကျင့်ခဏ်းများ ပြုလုပ်ခြင်းအားဖြင့် …
သွေးတိုးတာကို လျော့နည်းစေခြင်း၊ကိုလက်စထရော ဓာတ်ကို လျော့နေစေခြင်း ၊အဝလွန်မူကို ကာကွယ်နိုင်ပြီး လေဖြတ်ခြင်းကို တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်။
နေရောင်ခြည် နေရောင်ဟာ လူတွေအတွက် အသုံးဝင်တဲ့ ဗီတာမင်D ထုတ်လုပ်မူကိုဖြစ်စေပါတယ်နေရောင်ကို မမြင်ရတာဟာ လူရဲ့ စိတ် ဓာတ်ကိုကျခြင်းကိုဖြစ်စေနိုင်တဲ့အတွက်
အေးမြတဲ့ ဆောင်းရာသီလိုမျိုးမှာနေရောင် ရနိုင်တဲ့ဒေသတွေကို ခရီးထွက်ခြင်းမျိုး ပြုလုပ်ပေးသင့်ပြီး လေဖြတ်ခြင်း အန္တရာယ်ကနေ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
ဒါပေမယ့် လေဖြတ်ခြင်းရဲ့ ရှေ့ပြေး ရောဂါလက္ခဏာတွေကို ကြုံတွေ့ရပြီဆိုရင်တော့နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့သွားပြဖို့ အကြံပြုပါတယ်။
ကျန်းမာခြင်းသည်လာဘ်တပါးပါ။
ဒေါက်တာ ဟန်
မခင်နီဝင်း
ေဆာင္းေအးရင္ ေလျဖတ္တတ္ပါသလား
ေဆာင္းရာသီ ရာသီဥတုေအးရင္ ေလျဖတ္တတ္ပါသလား
ေလျဖတ္တယ္ဆိုတာက ေဆးပညာအရ Stroke ေခၚၿပီးအေရးေပၚ အေျခအေနတစ္ခုပဲ ျဖစ္ပါတယ္။
သင့္ရဲ့ ဦးေႏွာက္ကို ေသြးစီးဆင္းေနရာကေန ႐ုတ္တရတ္ျပတ္ေတာက္တဲ့ အေျခအေနနဲ႔ ၾကဳံေတြ႕ရၿပီဆိုရင္ေလျဖတ္တယ္လို႔ ေခၚပါတယ္။
ေလျဖတ္တာဟာ စိုးရိမ္ရမယ့္ ေရာဂါလကၡဏာေတြကိုျဖစ္ေပၚေစၿပီးေတာ့အခ်ိန္ၾကာၾကာမလႈပ္ရွားနိုင္ေတာ့တာမ်ိဳးအျပင္ေသဆုံးတဲ့အထိ ျဖစ္ေစပါတယ္။
ေလျဖတ္တာကို ၃ မ်ိဳး ခြဲျခားနိုင္ပါတယ္
၁ – ဦးေႏွာက္ကို ေသြးလွည္ပတ္မူ ယာယီမေရာက္ေတာ့လို႔ ေလျဖတ္ျခင္း။
၂ – ေသြးခဲတစ္ခုခုက ဦးေႏွာက္ကိုေသြးစီးဆင္းမူလမ္းေၾကာင္းမွာ ပိတ္ၿပီးေလျဖတ္ျခင္း။
၃ – ဦးေႏွာက္ထဲက ေသြးေၾကာတစ္ခုခုေပါက္ၿပီး ေလျဖတ္ျခင္းတို႔ပဲ ျဖစ္ပါတယ္။
ေလျဖတ္ျခင္း ေရွ႕ေျပးလကၡဏာမ်ားမွာ
သင္ ျပဳံးလိုက္တဲ့အခ်ိန္မွာ မ်က္ႏွာတစ္ဖက္က ရြဲ႕သြားတာမ်ိဳး ၊သင့္ လက္ႏွစ္ဖက္လုံး ၿပိဳင္တူ မ လိုက္ခ်ိန္မွာ လက္တစ္ဖက္က က်န္ခဲ့တာမ်ိဳး
သင္စကားေျပာတာ ႐ုတ္တရတ္ ဝါးသြားၿပီး စကားေျပာရ ခက္တာမ်ိဳး ၊တျခားသူ ေျပာတာကို ႐ုတ္တရတ္ နားမလည္ေတာ့တာမ်ိဳး
လမ္းေလၽွာက္ရ ခက္ေနတာမ်ိဳး ၊႐ုတ္တရတ္ ေခါင္းမႈးလာၿပီး အာ႐ုံ မစိုက္နိုင္ေတာ့တာမ်ိဳး၊ကိစၥ ေထြေထြထူးထူး မရွိပဲ ႐ုတ္တရတ္ ေခါင္း အရမ္းကိုက္လာတာမ်ိဳး ၊မ်က္လုံးကေန ႐ုတ္တရတ္ မျမင္ရေတာ့တာမ်ိဳး ေတြပဲ ျဖစ္ပါတယ္။
ေလျဖတ္ၿပီးရင္ ဘာေတြျဖစ္ၿပီးက်န္ခဲ့နိုင္ပါသလဲ
ေလျဖတ္ၿပီးတဲ့သူဟာ လူအမ်ားက သူ႔ကို.ဂ႐ုစိုက္ေနေပမဲ့သူ႔မွာ စိတ္တိုတာ စိတ္ဓာတ္က်တာမ်ိဳး ျဖစ္နိုင္ပါတယ္။
ေလျဖတ္တာဟာ သင့္ဦးေႏွာက္ရဲ့ စကားေျပာျခင္းနဲ႔အစာမ်ိဳျခင္းျပဳလုပ္တဲ့ ေနရာေတြကို ထိခိုက္သြားေစနိုင္ၿပီး..
သင္ဟာ စာဖတ္ျခင္း စာေရးျခင္း လူအမ်ားစကားကို နား မလည္ျခင္းတို႔အထိ ျဖစ္ေစနိုင္ပါတယ္။
ေလျဖတ္ျခင္းေၾကာင့္ သင့္ရဲ့ ေၿခ လက္ေတြ ထုံတာ နာတာမ်ိဳး ျဖစ္နိုင္ပါတယ္။
တခ်ိဳ႕ေသာ သူေတြမွာ ေလျဖတ္ျခင္းေၾကာင့္ ကိုယ္တစ္ျခမ္း ဒါမွမဟုတ္ ေျခေထာက္ပိုင္းေတြ လႈပ္မရေတာ့တာမ်ိဳး မ်က္ႏွာ ရြဲ႕ၿပီး က်န္ခဲ့တာမ်ိဳးေတြ ျဖစ္နိုင္ပါတယ္။
ေဆာင္းရာသီမွာ ေအးတဲ့အခ်ိန္ ေလျဖတ္တတ္သလား
ေလျဖတ္ျခင္းဟာ – အခ်ိန္မေရြး ရာသီမေရြး ျဖစ္နိုင္တဲ့ ေရာဂါတစ္ခုပဲ ျဖစ္ပါတယ္။ေနာက္ဆုံး ရွာေဖြေတြ႕ရွိခ်က္အရ – ေအးျမတဲ့ရာသီဥတုမွာဆို ေလျဖတ္ဖို႔ ၃၀ %ေလာက္ပိုၿပီး ျဖစ္နိုင္ပါတယ္တဲ့။
ဘာေၾကာင့္ဆိုေတာ့ – အပူခ်ိန္ က်သြားတဲ့ အခ်ိန္ေတြမွာ ဦးေႏွာက္ထဲမွာ ေၾကာက္စရာေကာင္းတဲ့ ေသြးခဲေတြ ျဖစ္ဖို႔ ရာခိုင္ႏူန္း ျမင့္မားလို႔ပဲ ျဖစ္ပါတယ္။
၄င္းအျပင္ ေရာဂါပိုး ကူးစက္ျခင္း ေနေရာင္ ရရွိမူနည္းပါးျခင္း , စိတ္ ဓာတ္က်ျခင္းအိမ္တြင္းေအာင္းၿပီး ေလ့က်င့္ခဏ္း နည္းပါးျခင္း …
စသည့္ ေဆာင္းရာသီ ေအးျမတဲ့အခ်ိန္မွာ ျဖစ္တတ္တဲ့အရာေတြကလည္း ေလျဖတ္ျခင္းကို ပိုၿပီး ျဖစ္ေစပါတယ္။
ကာကြယ္ျခင္း
ေဆာင္းရာသီမွာ ျဖစ္တဲ့ ေလျဖတ္ျခင္း ေတြကို ကာကြယ္လို႔ ရနိုင္ပါတယ္ – ဥပမာ – ေရာဂါ ပိုးေၾကာင့္ ေလျဖတ္ျခင္းနည္းေစဖို႔အတြက္ေဆာင္းရာသီမွာ …
တစ္ကိုယ္ရည္ သန႔္ရွင္းေအာင္ ေနထိုင္နည္း
လက္ေဆးျခင္း ကာကြယ္ေဆးမ်ားထိုးျခင္းအားျဖင့္ ေလျဖတ္ျခင္းကို နည္းေစမွာ ျဖစ္ပါတယ္။
အိမ္တြင္းေအာင္းတာကို ေလ်ာ့ၿပီး ကိုယ္,လက္ လူပ္ရွားမူ ေလ့က်င့္ခဏ္းမ်ား ျပဳလုပ္ျခင္းအားျဖင့္ …
ေသြးတိုးတာကို ေလ်ာ့နည္းေစျခင္း၊ကိုလက္စထေရာ ဓာတ္ကို ေလ်ာ့ေနေစျခင္း ၊အဝလြန္မူကို ကာကြယ္နိုင္ၿပီး ေလျဖတ္ျခင္းကို တားဆီးနိုင္မွာပဲ ျဖစ္ပါတယ္။
ေနေရာင္ျခည္ ေနေရာင္ဟာ လူေတြအတြက္ အသုံးဝင္တဲ့ ဗီတာမင္D ထုတ္လုပ္မူကိုျဖစ္ေစပါတယ္ေနေရာင္ကို မျမင္ရတာဟာ လူရဲ့ စိတ္ ဓာတ္ကိုက်ျခင္းကိုျဖစ္ေစနိုင္တဲ့အတြက္
ေအးျမတဲ့ ေဆာင္းရာသီလိုမ်ိဳးမွာေနေရာင္ ရနိုင္တဲ့ေဒသေတြကို ခရီးထြက္ျခင္းမ်ိဳး ျပဳလုပ္ေပးသင့္ၿပီး ေလျဖတ္ျခင္း အႏၲရာယ္ကေန ကာကြယ္နိုင္မွာပဲျဖစ္ပါတယ္။
ဒါေပမယ့္ ေလျဖတ္ျခင္းရဲ့ ေရွ႕ေျပး ေရာဂါလကၡဏာေတြကို ၾကဳံေတြ႕ရၿပီဆိုရင္ေတာ့နီးစပ္ရာ ေဆး႐ုံ ေဆးခန္းသို႔သြားျပဖို႔ အႀကံျပဳပါတယ္။
က်န္းမာျခင္းသည္လာဘ္တပါးပါ။
ေဒါက္တာ ဟန္
မခင္နီဝင္း