ကြားသိရသမျှ

အမျိုးသားထုကြီး အသည်းယားစေခဲ့တဲ့ အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့တဲ့အကြောင်း ရှင်းပြလာတဲ့ အနိုင်ဂိုးရှင် ကယ်လီ

ယူရို ၂၀၂၂ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ အင်္ဂလန်ရဲ့ သူရဲကောင်းကယ်လီက ဂိုးသွင်းအပြီး သူမရဲ့ဂျာစီကိုချွတ်ပြီး အောင်ပွဲခံတဲ့ အခိုက်အတန့်က ပြိုင်ပွဲတစ်လျှောက် အမှတ်ရစရာအကောင်းဆုံအခိုက်အတန့်ဖြစ်ခဲ့သလို အမျိုးသားပရိသတ်တွေကြားမှာလည်း လူပြောများခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၂ အမျိုးသမီးပြိုင်ပွဲကတော့ အကြိတ်အနယ်ရှိစွာ ပြီးဆုံးသွားခဲ့ပါပြီ။ ဗိုလ်လု့ပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့အားပြိုင်မှုကလည်း တော်တော်လေး အကြိတ်အနယ်ရှိခဲ့ပြီး မိနစ် ၉၀ အတွင်းတစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့လို့ အချိန်ပိုအထိ ယှဉ်ပြိုင်ခဲ့ရပါတယ်။

အချိန်ပိုမှာ ၂၄ နှစ်အရွယ် မန်စီးတီး တိုက်စစ်ကစားမား ကယ်လီက အသင်းအတွက် ခမ်းနားတဲ့အနိုင်ဂိုးကို သွင်းပေးခဲ့ပြီး အင်္ဂလန်အတွက် ၁၉၆၆ ခုနှစ်နောက်ပိုင်း အဓိက ဆုဖလားကြီးတစ်လုံးကိုပြန်လည်ရယူပေးခဲ့ပါတယ်။ ကယ်လီအနေနဲ့ ဂိုးသွင်းအပြီး ဂျာစီကိုချွတ်ကာ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီအခါ Nike sports bra နဲ့ သူမရဲ့အလှတရားကလည်း အမျိုးသားထုကြီးကို အသည်းတယားယားဖြစ်စေခဲ့ပြီး လူပြောများခဲ့ပါတယ်။ အခုအခါ ကယ်လီက သူ့အနေနဲ့ အဲဒီလိုမျိုး ဘာကြောင့် အောင်ပွဲခံခဲ့ရသလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ တကယ်တော့ ကယ်လီဟာ ၂၀၁၄ ခုနှစ် ချန်ပီယံရှစ်ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဇာမိုရာရဲ့အောင်ပွဲခံဟန်ကို အတုယူခဲ့တာပါ။

“ဒီအောင်ပွဲခံဟန်ကတော့ တကယ့်ကို ခမ်းနားတဲ့ အခိုက်အတန့်ပါ။ ကျွန်မအနေနဲ့ ဒီလိုမျိုးဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ အဲဒီပွဲမတိုင်ခင်ကတည်းက ဇာမိုရာရဲ့အောင်ပွဲခံဟန်အကြောင်းမိသားစုကိုပြောခဲ့ပါတယ်။ ဒါက တစ်သက်မှာတစ်ခါသာ ရနိုင်တဲ့ အတွေ့အကြုံမျိုးပါ။ ကျွန်မတို့ရဲ့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ဒီလိုမျိုးလုပ်ရတာ ခမ်းနားလွန်းပြီး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပါ”လို့ကယ်လီက ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး ကယ်လီက သူ့အနေနဲ့ အဲဒီပွဲမှာ ဝတ်ခဲ့တဲ့ Bra အပါအဝင် ဖိနပ်တွေ၊ ဂျာစီတွေကိုလည်း ဘောင်သွင်းသွားမယ်လို့ ဆိုခဲ့ပါတယ်။ “ကျွန်မရဲ့ ဖိနပ်တွေ၊ ဂျာစီတွေ၊ Bra အပါအဝင် အရာရာ ကိုဘောင်သွင်းသွားမှာပါ”လို့ကယ်လီက ဆိုခဲ့ပါတယ်။ ယူရို ၂၀၂၂ ဗိုလ်လုပွဲညချမ်းကတော့ ကယ်လီအတွက် ဘယ်လိုမှ မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး။

crd

zawgyi

ယူ႐ို ၂၀၂၂ အမ်ိဳးသမီးၿပိဳင္ပြဲ ဗိုလ္လုပြဲမွာေတာ့ အဂၤလန္ရဲ႕ သူရဲေကာင္းကယ္လီက ဂိုးသြင္းအၿပီး သူမရဲ႕ဂ်ာစီကိုခြၽတ္ၿပီး ေအာင္ပြဲခံတဲ့ အခိုက္အတန႔္က ၿပိဳင္ပြဲတစ္ေလွ်ာက္ အမွတ္ရစရာအေကာင္းဆုံးအခိုက္အတန႔္ျဖစ္ခဲ့သလို အမ်ိဳးသားပရိသတ္ေတြၾကားမွာလည္း လူေျပာမ်ားခဲ့တာ ျဖစ္ပါတယ္။

ယူ႐ို ၂၀၂၂ အမ်ိဳးသမီးၿပိဳင္ပြဲကေတာ့ အႀကိတ္အနယ္ရွိစြာ ၿပီးဆုံးသြားခဲ့ပါၿပီ။ ဗိုလ္လု႔ပြဲမွာ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ အဂၤလန္နဲ႔ ဂ်ာမနီတို႔ရဲ႕အားၿပိဳင္မႈကလည္း ေတာ္ေတာ္ေလး အႀကိတ္အနယ္ရွိခဲ့ၿပီး မိနစ္ ၉၀ အတြင္းတစ္ဖက္တစ္ဂိုးစီသေရက်ေနခဲ့လို႔ အခ်ိန္ပိုအထိ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။

အခ်ိန္ပိုမွာ ၂၄ ႏွစ္အ႐ြယ္ မန္စီးတီး တိုက္စစ္ကစားမား ကယ္လီက အသင္းအတြက္ ခမ္းနားတဲ့အႏိုင္ဂိုးကို သြင္းေပးခဲ့ၿပီး အဂၤလန္အတြက္ ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း အဓိက ဆုဖလားႀကီးတစ္လုံးကိုျပန္လည္ရယူေပးခဲ့ပါတယ္။ ကယ္လီအေနနဲ႔ ဂိုးသြင္းအၿပီး ဂ်ာစီကိုခြၽတ္ကာ ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီအခါ Nike sports bra နဲ႔ သူမရဲ႕အလွတရားကလည္း အမ်ိဳးသားထုႀကီးကို အသည္းတယားယားျဖစ္ေစခဲ့ၿပီး လူေျပာမ်ားခဲ့ပါတယ္။ အခုအခါ ကယ္လီက သူ႔အေနနဲ႔ အဲဒီလိုမ်ိဳး ဘာေၾကာင့္ ေအာင္ပြဲခံခဲ့ရသလဲဆိုတာ ရွင္းျပခဲ့ပါတယ္။ တကယ္ေတာ့ ကယ္လီဟာ ၂၀၁၄ ခုႏွစ္ ခ်န္ပီယံရွစ္ပေလးေအာ့ဖ္ ဗိုလ္လုပြဲမွာ ဇာမိုရာရဲ႕ေအာင္ပြဲခံဟန္ကို အတုယူခဲ့တာပါ။

“ဒီေအာင္ပြဲခံဟန္ကေတာ့ တကယ့္ကို ခမ္းနားတဲ့ အခိုက္အတန႔္ပါ။ ကြၽန္မအေနနဲ႔ ဒီလိုမ်ိဳးျဖစ္လာမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ပါဘူး။ အဲဒီပြဲမတိုင္ခင္ကတည္းက ဇာမိုရာရဲ႕ေအာင္ပြဲခံဟန္အေၾကာင္းမိသားစုကိုေျပာခဲ့ပါတယ္။ ဒါက တစ္သက္မွာတစ္ခါသာ ရႏိုင္တဲ့ အေတြ႕အႀကဳံမ်ိဳးပါ။ ကြၽန္မတို႔ရဲ႕ အိမ္ကြင္း ပရိသတ္ေတြေရွ႕မွာ ဒီလိုမ်ိဳးလုပ္ရတာ ခမ္းနားလြန္းၿပီး အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့တာပါ”လို႔ကယ္လီက ဖြင့္ဟခဲ့ပါတယ္။

ဆက္လက္ၿပီး ကယ္လီက သူ႔အေနနဲ႔ အဲဒီပြဲမွာ ဝတ္ခဲ့တဲ့ Bra အပါအဝင္ ဖိနပ္ေတြ၊ ဂ်ာစီေတြကိုလည္း ေဘာင္သြင္းသြားမယ္လို႔ ဆိုခဲ့ပါတယ္။ “ကြၽန္မရဲ႕ ဖိနပ္ေတြ၊ ဂ်ာစီေတြ၊ Bra အပါအဝင္ အရာရာ ကိုေဘာင္သြင္းသြားမွာပါ”လို႔ကယ္လီက ဆိုခဲ့ပါတယ္။ ယူ႐ို ၂၀၂၂ ဗိုလ္လုပြဲညခ်မ္းကေတာ့ ကယ္လီအတြက္ ဘယ္လိုမွ ေမ့လို႔ရႏိုင္မွာ မဟုတ္ပါဘူး။

crd

 

 

Leave a Reply

Your email address will not be published. Required fields are marked *