ကြားသိရသမျှ

ဘာသာစကား (၃) မျိုးတတ်တဲ့ ဆရာမကြီးရဲ့ ဝမ်းနည်းစရာအဖြစ် (မြန်မာပြည် ဒီလိုတောင် ဖြစ်နေပြီလား)

စီးပွားရေးစနစ် လုံးဝပျက်ယွင်းလုနီးပါး ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဘာသာစကား (၃) မျိုးတတ်တဲ့ ဆရာမကြီး တယောက်ရဲ့ သနားစရာ အဖြစ်အပျက်အကြောင်းကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-

စိတ်မကောင်းလိုက်တာ ပုဇွန်တောင်ဘက်မှာ ပစ္စည်းတင်နေတုန်း ခါးကုန်းကုန်းလေးနဲ့ အမေကြီးတစ်ယောက် လာပေးတာ။

အသက်က ၇၂ ထဲဝင်နေပြီသားရယ်။ ဒါပေမယ့် ခါးကုန်းတာတစ်ခုကလွဲရင် ဆရာမကြီးက ကျန်းမာနေတုန်း မဟုတ်လားတဲ့ စာသင်တာအရမ်းကောင်းတာနော် (သူ့ကိုယ်သူ) သူက အိမ်မှာလည်း သင်ပါတယ်တဲ့ ဝိုင်းဆိုလည်း လိုက်သင်ပါ့မယ်တဲ့

စီးပွားရေးအရမ်းကျပ်တည်းလို့ သားတို့ လာတက်နော်တဲ့ သား လာဖို့မအားသေးရင်လည်း ကြော်ငြာပေးပါကွယ်တဲ့။ ဆရာမကြီးက အခုနားသိပ်မကြားတော့ဘူး။ ဒါလေးလည်းပျက်နေတာ ပြင်ဖို့တောင်ပိုက်ဆံမရှိပါဘူး သားရယ်တဲ့ (သူ့နားကြားကိရိယာလေး ထုတ်ပြရှာတယ်)

ပြီးတော့ လေယာဉ်ပေါ်မှာဆို ဂျပန်လို သားဘယ်လိုပြောမလဲ ဆိုပြီး အဓိပ္ပါယ်တစ်ခုတည်းကို ဂျပန်လိုရော ကိုးရီးယားလိုရော တရုတ်လိုရော ပြောပြရှာတယ်။ တကယ်လည်း တစ်ခုချင်းစီကို အသံထွက် ပီပီပြင်ပြင်ပြောပြနိုင်တဲ့ ဆရာမကြီးပါ။ သင်တန်းတက်လိုတဲ့သူတွေ တက်နိုင်အောင်လို့ သူပေးခဲ့တဲ့ သူ့လိပ်စာလေး တင်ပေးလိုက်တယ်နော်။ စုံစမ်းကြည့်ပေါ့ ကူညီရာလည်းရောက်ပါတယ် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

zawgyi

စီးပြားေရးစနစ္ လုံးဝပ်က္ယြင္းလုနီးပါး ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဘာသာစကား (၃) မ်ိဳးတတ္တဲ့ ဆရာမႀကီး တေယာက္ရဲ႕ သနားစရာ အျဖစ္အပ်က္အေၾကာင္းကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္-

စိတ္မေကာင္းလိုက္တာ ပုဇြန္ေတာင္ဘက္မွာ ပစၥည္းတင္ေနတုန္း ခါးကုန္းကုန္းေလးနဲ႔ အေမႀကီးတစ္ေယာက္ လာေပးတာ။

အသက္က ၇၂ ထဲဝင္ေနၿပီသားရယ္။ ဒါေပမယ့္ ခါးကုန္းတာတစ္ခုကလြဲရင္ ဆရာမႀကီးက က်န္းမာေနတုန္း မဟုတ္လားတဲ့ စာသင္တာအရမ္းေကာင္းတာေနာ္ (သူ႔ကိုယ္သူ) သူက အိမ္မွာလည္း သင္ပါတယ္တဲ့ ဝိုင္းဆိုလည္း လိုက္သင္ပါ့မယ္တဲ့

စီးပြားေရးအရမ္းက်ပ္တည္းလို႔ သားတို႔ လာတက္ေနာ္တဲ့ သား လာဖို႔မအားေသးရင္လည္း ေၾကာ္ျငာေပးပါကြယ္တဲ့။ ဆရာမႀကီးက အခုနားသိပ္မၾကားေတာ့ဘူး။ ဒါေလးလည္းပ်က္ေနတာ ျပင္ဖို႔ေတာင္ပိုက္ဆံမရွိပါဘူး သားရယ္တဲ့ (သူ႔နားၾကားကိရိယာေလး ထုတ္ျပရွာတယ္)

ၿပီးေတာ့ ေလယာဥ္ေပၚမွာဆို ဂ်ပန္လို သားဘယ္လိုေျပာမလဲ ဆိုၿပီး အဓိပၸါယ္တစ္ခုတည္းကို ဂ်ပန္လိုေရာ ကိုးရီးယားလိုေရာ တ႐ုတ္လိုေရာ ေျပာျပရွာတယ္။ တကယ္လည္း တစ္ခုခ်င္းစီကို အသံထြက္ ပီပီျပင္ျပင္ေျပာျပႏိုင္တဲ့ ဆရာမႀကီးပါ။ သင္တန္းတက္လိုတဲ့သူေတြ တက္ႏိုင္ေအာင္လို႔ သူေပးခဲ့တဲ့ သူ႔လိပ္စာေလး တင္ေပးလိုက္တယ္ေနာ္။ စုံစမ္းၾကည့္ေပါ့ ကူညီရာလည္းေရာက္ပါတယ္ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

 

Leave a Reply

Your email address will not be published. Required fields are marked *