အထွေထွေဗဟုသုတ

မ ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကား ဘာကြောင့်လဲဆိုတာ ပါချုပ်ဆရာတော်ကြီး မိန့်ကြား

မ ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကား ဘာကြောင့်လဲဆိုတာ ပါချုပ်ဆရာတော်ကြီး မိန့်ကြား

မ ဖျက်ရင် ပြည်ပျက်တယ်ဒီစကားပုံကို လူတော်တော်များများက မိန်းမဖျက်ရင် ပြည်ပျက်မယ်လို့ ဆိုလိုတယ် ထင်မှတ်နေကြတာ။

ဒီစကားပုံ ဘာကြောင့်ပြောလဲ ?ပါချုပ်ဆရာတော်ကြီး Dr နန္ဒမာလာဘိဝံသ ရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။

မိန်းမ ဖျက်လို့ ပြည်မပျက်ပါဘူး မ ဖျက်ရင်သာ ပြည်ပျက်တာပါ မ ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကားကို လူမှန်းသိစတဲက ကြားဘူးပါတယ် ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင်တားမြစ်ချက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် ကျင့်သုံးစရာလိုက်နာစရာ တွေရှိပါလိမ့်မယ်။

ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊အန္တရာယ်ဖြစ်စေနိုင်တဲ့ သတိပေးစရာ၊ လုပ်ဆောင်ခွင့်မပြုသင့်တာမှန်သမျှ မ အက္ခရာဖြင့် တားမြစ်ရေးသားတာရှိပါတယ်။

ဥပမာ ငါး မဖမ်းရ၊ ရေ မကူးရ ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊ သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊ အများကြီးပါဒါကို ဥပဒေချိုးဖောက်ချင်တဲ့သူက မ အက္ခရာကိုဖျက်ပြီး ကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုရင် စည်းကမ်းလိုက်နာမှုမရှိဘဲ ချမှတ်ထားတဲ့ ဥပဒေတွေဟာ အလဟဿ ဖြစ်တော့မှာ ဖြစ်တဲ့အတွက်

နောက်ဆုံး တိုင်းပြည်ပါပျက်စီးနိုင်လို့ မ ကိုမဖျက်ကြပါရန် ရှေးမြန်မာစာဆိုကြီးတွေရဲ့ အဆိုအမိန့်ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးအား အလွန်ကျေးဇူးတင်အပ်ပါတယ်။

ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ။










Leave a Reply

Your email address will not be published. Required fields are marked *