ယနေ့နံနက်တိုက်ပွဲတွင် KNDF ဖက်မှ ၄ ဦးကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်

လောက်ကစပြီး ၉ နာရီအထိ ကရင်နီတပ်မတော် KA၊ ကရင်နီ

အမျိုးသားများ ကာကွယ်ရေးတပ်

KNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး ကရင်နီအမျိုးသား

ကာကွယ်ရေးတပ်KNDFဖက်မှ တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးမှု ရှိခဲ့တယ်လို့ သိ

ရပါတယ်။

“ တိုက်ပွဲက စဖြစ်တာက မနက် ငါးနာရီလောက်မှာ စဖြစ်တယ်။

ပြည်နယ်အခြေစိုက်တပ်ရင်း ၄၂၇ နဲ့ ဖြစ်တာပေါ့။

ဖြစ်တာတော့ ဟိုဖိတ်ရွာဖက်မှာ ဖြစ်တယ်။ ကရင်နီကာကွယ်ရေးတပ်

တွေနဲ့ ထိပ်တိုက်ဖြစ်တာပေါ့။

တိုက်ပွဲကတော့ ၉ နာရီလောက်မှာတော့ ငြိမ်သွားပြီ။ KNDF ဖက်က ၄

ယောက်ကျသွားတယ်။

ကျန်တဲ့ ထိခိုက်မှုတို့တော့ မရှိဘူး။ စကစဖက်က ထိခိုက်မှု၊ ကျဆုံးမှု

အခြေအနေကိုတော့ မသိရသေးဘူး။”

လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူ တစ်ဦး

က ပြောပါတယ်။ဖက်တိုက်ပွဲဖြစ်တဲ့အတွက် စစ်ကောင်စီဖက်မှ

ထိခိုက်ကျဆုံးမှု များပြားနိုင်ခြေရှိပေမယ့်

အသေးစိတ်ကိုတော့ မသိရှိနိုင်သေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် ကျဆုံးသွားတဲ့

လက်နက်ကိုင်တပ်ဖွဲ့ဝင်ပေါင်း ၃၂ ဦးအထိ ရှိလာတယ်လို့ တိုးတက်

သော ကရင်နီပြည်သူ့အင်အားစုPKPF က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရုပ်သံ – CJ

zawgyi

ယေန႔နံနက္တိုက္ပြဲတြင္ KNDF ဖက္မွ ၄ ဦးက်ဆုံး

ကရင္နီျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ယေန႔ နံနက္ ၆ နာရီဝန္းက်င္

ေလာက္ကစၿပီး ၉ နာရီအထိ ကရင္နီတပ္မေတာ္ KA၊ ကရင္နီ

အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္

KNDF နဲ႔ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျပင္းထန္ၿပီး ကရင္နီအမ်ိဳးသား

ကာကြယ္ေရးတပ္KNDFဖက္မွ တပ္ဖြဲ႕ဝင္ ၄ ဦး က်ဆုံးမႈ ရွိခဲ့တယ္လို႔ သိ

ရပါတယ္။

“ တိုက္ပြဲက စျဖစ္တာက မနက္ ငါးနာရီေလာက္မွာ စျဖစ္တယ္။

ျပည္နယ္အေျခစိုက္တပ္ရင္း ၄၂၇ နဲ႔ ျဖစ္တာေပါ့။

ျဖစ္တာေတာ့ ဟိုဖိတ္႐ြာဖက္မွာ ျဖစ္တယ္။ ကရင္နီကာကြယ္ေရးတပ္

ေတြနဲ႔ ထိပ္တိုက္ျဖစ္တာေပါ့။

တိုက္ပြဲကေတာ့ ၉ နာရီေလာက္မွာေတာ့ ၿငိမ္သြားၿပီ။ KNDF ဖက္က ၄

ေယာက္က်သြားတယ္။

က်န္တဲ့ ထိခိုက္မႈတို႔ေတာ့ မရွိဘူး။ စကစဖက္က ထိခိုက္မႈ၊ က်ဆုံးမႈ

အေျခအေနကိုေတာ့ မသိရေသးဘူး။”

လို႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF မွ တာဝန္ရွိသူ တစ္ဦး

က ေျပာပါတယ္။ဖက္တိုက္ပြဲျဖစ္တဲ့အတြက္ စစ္ေကာင္စီဖက္မွ

ထိခိုက္က်ဆုံးမႈ မ်ားျပားႏိုင္ေျခရွိေပမယ့္

အေသးစိတ္ကိုေတာ့ မသိရွိႏိုင္ေသးဘူးလို႔ ၎က ဆက္ေျပာပါတယ္။

ကရင္နီျပည္နယ္အတြင္းမွာ တိုက္ပြဲေၾကာင့္ က်ဆုံးသြားတဲ့

လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေပါင္း ၃၂ ဦးအထိ ရွိလာတယ္လို႔ တိုးတက္

ေသာ ကရင္နီျပည္သူ႔အင္အားစုPKPF က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၆ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

႐ုပ္သံ – CJ

Leave a Reply

Your email address will not be published. Required fields are marked *