ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက်ရဲ့အမှုကထူးခြားဖြစ်စဉ်များ

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး တရားစွဲထားသည့် ဒုရဲအုပ် ချယ်ရီထက်၏ လက်ကိုင်ဖုန်းအား ဖွင့်ကြည့်ကာ တရားခွင်အတွင်း ထွက်

ဆိုရန် တရားလို၏ ဆောင်ရွက်မှုအပေါ် ယနေ့ ရုံးချိန်းတွင် ကန့်ကွက်လျှောက်လဲခဲ့ကြောင်း ဒုရဲအုပ် ချယ်ရီထက်၏ ရှေ့နေဖြစ်သူက

ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးဖြစ်သူ ဒုရဲအုပ် ချယ် ရီထက် အား

စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးအမှုဖွင့်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲကာ ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ခြင်း

ဖြစ်သည်။

ရှေ့နေဖြစ်သူက “ချယ်ရီထက်ရဲ့ ဖုန်းကို ဖွင့်ကြည့်ပြီး ထွက်ဆိုချက်ပေးဖို့ လုပ်ထားတာ။ ကျနော်တို့က တပါးသူရဲ့ ဖုန်းကို ကိုင်တွယ်ခွင့်၊ ဖွင့်

ကြည့်ခွင့် မရှိဘူး ဆိုတဲ့အကြောင်း၊ ဒီလိုကြည့်ပြီး ထွက်ဆိုခွင့် မရှိတဲ့အကြောင်း ဥပဒေ အကိုးအကားနဲ့ ကန့်ကွက် တာပေါ့။ လာမယ့် ရုံးချိန်း

ဆုံးဖြတ်ပေးမှာပါ” ဟု ပြောသည်။

ဒုရဲအုပ် ချယ်ရီထက်သည် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက အကျယ်ချုပ်ဖြင့် စောင့်ကြည့်ခံ ခဲ့ရပြီး စက်တင်ဘာ

၂၁ ရက်တွင် စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီးနောက် ၂၃ ရက်တွင် ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး

ဇော်ဝင်းထွန်းက တရားလိုပြုလုပ်ကာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်း တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်း

ဖြစ်သည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဒုရဲအုပ် ချယ်ရီထက်သည် လူမှုကွန်ရက် စာမျက်နှာ၌ May Mi အကောင့်ဖြင့် မတ်လ ၆ ရက်မှစ၍ “မတရားတာ

ကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ မတ်လ ၇ ရက်တွင် “ဘယ်လိုပဲ ပြောပြော ဟိုဘက်

ကလည်း CDM မပါရင် စစ်ကောင်စီ ဘက်တော်သားအဖြစ် အရေးယူ မယ်တဲ့ … ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/ အရပ်ဘက်

ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတယ် ဆိုတော့ တခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲသွားနှင့်ရမလား” ဟူ၍လည်းကောင်း၊

မတ်လ ၁၄ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့ဘွတ် Page မှ “လွမ်းလိုက်တာ အမေ” ဟူသည့် ပို့စ်အား Share ပြုလုပ်ခဲ့

ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြင် ဇွန်လအတွင်း NLD ပါတီ၏ ဘီးလင်း လွှတ်တော် ကိုယ်စားလှယ် မသီရိရတနာနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး တောတွင်း

စခန်းချနေထိုင်မှုများနှင့် လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ် ပြန်ချက်များအား ပေးပို့ခြင်း၊ ပြည်ပ

သတင်းဌာနများ၏ သတင်းရုပ်သံ ဖိုင်များအား အပြန်အလှန်ပေးခြင်းများ ပြုလုပ်ခဲ့ သဖြင့် အမှုဖွင့်တိုင်တန်း ရခြင်းဖြစ်ကြောင်းလည်း ထုတ်

ပြန်ခဲ့သည်။

ယင်းသို့ ဖမ်းဆီးအမှုဖွင့်ကတည်းက ချယ်ရီထက်အား နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ကာ ချုပ်နှောင်ထား ခြင်း ဖြစ်သည်။

ယင်းပြင် ချယ်ရီထက်အနေဖြင့် ပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးအက် ဥပ ဒေ အရလည်း ရဲ

ခုံရုံး အဖွဲ့ဖြင့် စုံစမ်း စစ်ဆေး ခံထားသည်။

ရဲခုံရုံး စစ်ဆေးမှုနှင့် ပတ်သက်ပြီး ၎င်းအား ထောင်ဒဏ် ၆ နှစ်ချလိုက်ကြောင်း သတင်းများ ပျံ့နှံ့နေသော်လည်း အသိ ပေးအကြောင်းကြား

ခြင်း မရှိသေးကြောင်း ရှေ့နေဖြစ်သူက ပြောသည်။

“တကယ်လို့ အမိန့်ချမှတ်ပြီးပြီးဆိုရင် သူ့ကို နေပြည်တော် အချုပ်ထောင်မှာ ထားမှာ မဟုတ်ဘူး။ ရမည်းသင်းထောင် ကို ပို့မှာပေါ့တဲ့။ သူ

ဘာမှ မသိဘူး၊ သူ့ကို အမိန့်ချပြီးပါပြီဆိုပြီး အသိပေး အကြောင်းကြားတာလည်း မရှိဘူး” ဟု ချယ်ရီထက်က ပြောပြခဲ့ကြောင်း ၎င်း၏

ရှေ့နေက ဆိုသည်။

ဒုရဲအုပ် ချယ်ရီထက်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားမှုအား ဒီဇင်ဘာလ ၂ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထား

ပြီး ၎င်းအနေဖြင့် ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ရှေ့နေဖြစ်သူက ပြောသည်။

Irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *