အရမ်းဝမ်းနည်းစိတ်ထိခိုက်စရာကောင်းတဲ့ ဖြစ်ရပ်
ဟာ
ဟုတ်လို့လား … ?
သေချာလို့လား ကွာ … ?
ဟုတ်တယ် ဦးဇင်း ။
ကျွန်ုပ် အရမ်းဝမ်းနည်းစိတ်ထိခိုက်မိသွားတယ်။
စိတ်ထဲမှာလည်း အတော်ကို မကောင်းဖြစ်မိတယ်။
ကြားရပုံ အပြည့်အစုံက ဒီလိုပါ … ။
ဦးဇင်းတို့ ပခုက္ကူမှာနေစဉ်ကပေါ့ …
တစ်နေ့ … မှတ်မှတ်ရရ အတိအကျ မဟုတ်သော်လည်း စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်မဟုတ်သည်ကတော့ သေချာပါသည်။
ပခုက္ကူ ဧရာဝတီတံတားအကျော် ညောင်းဦးဘက်ခြမ်းမှာ ဆိုင်ကယ် အက်စီဒန့်ဖြစ်သွားသော သတင်းတစ်ခုကြားရသည်။
နောက် … ဆိုင်ကယ်ပေါ်က လူနှစ်ယောက်လုံး ပွဲချင်းပြီး ထိုနေရာမှာပင် သေဆုံးသွားသည်။
ဆိုင်ကယ် အက်စီးဒန့်ဖြစ်တယ်။ ဆိုင်ကယ်ပေါ်က လူနှစ်ယောက်လုံး ပွဲချင်းပီး သေသွားတယ်။
ဒီသတင်းဟာ အထူးအစမ်းမဟုတ်ပါ။ ဒီသတင်းဟာ စိတ်မကောင်းဖြစ်ရုံ ဝမ်းနည်းရုံကလွဲပြီး စိတ်ထိခိုက်လောက်အောင် ဖြစ်စရာမလိုပါ။
ဒီလိုသတင်းမျိုးဟာ နေ့စဉ်တိုင်းလိုလို တွေ့ရ မြင်ရ ကြားရတဲ့ သတင်းတွေပါ။
ကျွန်ုပ် စိတ်ထိခိုက်ရသည်က အခြားမဟုတ်။ ကြားရသည်က … …အက်စီးဒန့်ကြောင့် သေဆုံးသွားသူနှစ်ယောက်ဟာ ကျောင်းသားနဲ့ကျောင်းသူတဲ့။ နည်းနည်းတော့ နှမျောစိတ်ဖြင့် ဝမ်းနည်းမိတယ်။
နောက် … သူတို့က ချစ်သူ ရီးစားတွေတဲ့။ပုပ္ပားကို သွားရင်း အခုလို အက်စီးဒန့် ဖြစ်သွားတာတဲ့။အမှန်တိုင်းပြောရရင် သေသွားသူနှစ်ယောက်အတွက်နဲ့။ ကရုဏာဖြစ်၍ သနားရုံမှအပ ကျွန်ုပ် စိတ်ထိခိုက်လောက်အောင် မခံစားရပါ။ ခံစားရအောင်လည်း တန်သည်ဟုမထင်။
ကျွန်ုပ်ခံစားရသည်က သူတို့မိဘတွေရဲ့ နေရာကဖြစ်သည်။မိဘတွေကတော့ ထင်ကြလိမ့်မည်။ငါ့ သား။ ငါ့ သမီးလေးတွေ ဒီချိန်ဆို ကျောင်းမှာ စာတွေသင်။ စာတွေကျက်နေလိမ့်မယ်ပေါ့။မိဘတွေကတော့ လယ်ထဲ။ ယာထဲ။ ဈေးထဲ မှာ။
သား/သမီးတွေ ဘာလုပ်လုပ် ဘယ်လိုပဲနေနေ သူတို့မသိရှာ။ မသိနိုင်။စာတွေကြိုးစားနေလားကျောင်းမှန်မှန်တတ်နေလားရီးစားတွေထားပီး လျှောက်လည်နေသလား ပန်းခြံတွေထဲမှာအချိန်ကုန်နေသလား ရုပ်ရှင်ရုံတွေထဲမှာလားမသိ။ ဘာဆိုဘာမှမသိ။
သူတို့သိတာတစ်ခုသာရှိသည်။ငါ့ သား / ငါ့ သမီးတွေ ငွေလိုလို့တောင်းရင် သူတို့တောင်းသလောက်ပေးနိုင်အောင်။ အများနဲ့ယှဉ်ရင် ကိုယ့်သား/ကိုယ့်သမီး အောက်မကျအောင်။ ဒါပဲသိတယ်။သားဖက်က မိဘတွေကတော့ တော်သေးတယ်။
အခုကိစ္စမှာ ကျွန်ုပ်စိတ်ထိခိုက်ခံစားရတာက သမီးမိန်းကလေး မိဘတွေနေရာကဖြစ်သည်။ကိုယ်ချင်းစာကြည့်ပေါ့။ ဘယ်လောက်ရှက်စရာကောင်းလဲသမီးလေး မြို့ကျောင်းတတ်လို့ ဂုဏ်ယူမလို့ရှိသေးတယ်။သမီးလုပ်သူက ကျောင်းမတတ်ပဲ ချစ်သူ ရီးစားနဲ့ လျှောက်လည်ရင်း ဆိုင်ကယ်မှောက်ပြီးသေတယ်။အရပ်ထဲတောင် မျက်နှာမဖော်ဝင့်။ မျက်နှာမပြဝင့်။
သေတာတောင်မှ မိဘကို အရှက်ရစေတဲ့ သား/သမီးကြားလို့ကောင်းသေးလားဟင် … သေလို့တောင်မှ ငိုစရာမကောင်းတဲ့အဖြစ် ။ကျောင်းသား / ကျောင်းသူသားတွေ / သမီးတွေကိုပြောချင်တာက …သိစေချင်တာက …စဉ်းစားစေချင်တာက …ကိုယ်ချင်းစာစေချင်တာက …အခု မင်းတို့မိဘတွေကတချိန်က မင်းတို့လို သားတွေ သမီးတွေပဲ။
အေး – – မှတ်ထား မင်းတို့လည်း တချိန်ကြရင် အချိန်တန်ရင်အဖေနေရာ အမေနေရာ ရောက်ကြအုံးမယ်။ကိုယ်ချင်းစာပီးလုပ်ကြပေါ့ကွာ …ငါမွေးထားတဲ့ သား / သမီးသာအခုလိုဖြစ်သွားရင် …ငါ ဘယ်လိုခံစားရမလဲ … ?
ငါမွေးထားတဲ့ သား/သမီး သာကျောင်းပြီးအောင်မတတ်ပဲ တစ်ဝက် တစ်ပျက်နဲ့ယောကျာ်း မိန်းမ ယူသွားရင်ငါ ဘယ်လိုခံစားရမလဲ … ?ငါမွေးထားတဲ့ သား/သမီးသာမြို့ကျောင်းတတ်နေပီးပညာကို ကောင်းကောင်းမွန်မွန်မသင်ပဲမိဘပေးတဲ့ငွေကိုသုံးဖြုံး ပျော်ပါး သောက်စားရီးစားထား ဂလေ ဂချေ ပေါက်လွတ်ပဲစား နေ နေရင်ငါ ဘယ်လိုခံစားရမလဲ … ?မိဘနေရာကနေပြီး စဉ်းစဉ်းစားစားလုပ်ကြပေါ့ ။
ဝဋ်ဆိုတာ လည်တတ်တဲ့သဘောကိုပြောတာကိုယ့်အလှည့်ရောက်မှနောင်တ ရတာလိုလိုမခံစားနိုင်တာလိုလိုအမေကြီးကယ်ပါ။ အဘကြီးကယ်ပါနဲ့မျက်ရည်လေး ဆမ်းတန်း ဆမ်းတန်း မလုပ်နဲ့ ။မှတ်ထား / မိဘကျေးဇူးမဆပ်နိုင်လျှင်နေပါစေသေတာတောင်မှ မိဘမျက်နှာ ပျက်အောင်။
အများအလည်မှာ ကိုယ့်မိဘမျက်နှာ မဖော်ရဲ မပြရဲ မျက်နှာငယ်ရအောင်။အရှက်တကွဲ အကျိုးနဲဖြစ်အောင် အိုးမဲသုပ်သလို ဘယ်တော့မှ မလုပ်မိစေနဲ့။ မဖြစ်စေနဲ့။ရှောင်ကြဉ်ပါ။ သတိထားပါ။ ထိမ်းသိမ်းပါ။
အရှင်ရာဇဓမ္မအလင်းရောင်
(ဦးဇင်းစာ ဖတ်သောသူသည် တစ်ရာ တစ်ယောက်မျှ။ တစ်ထောင် တစ်ယောက်မျှ။ အသိဝင်၍ အကျိုးလျှင် ရေးရကျိုးနပ်ပီဟုခံယူပါသည်)အသိတရားတွေ လက်ဆန့်ကမ်းပေးပါ။မျှဝေပေးပါ။share
ဟာ
ဟုတ်လို့လား … ?
သေချာလို့လား ကွာ … ?
ဟုတ်တယ် ဦးဇင်း ။