25.Nov.2021 မှ 1.Dec.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

အဆင်မပြေလိုက်၊ ပြေလိုက်ဖြစ်နေရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးလေးတွေ အဆင်မပြေစိတ် တိုင်းမကျမှုတွေ ဖြစ်နေရတတ်သည်။ သားသမီး၊ သားချင်းတွေ အတွက်လည်း စိတ်မောရတတ်သည်။ အရာရာ ဆန္ဒမစောသင့်ပါ။ စိတ်ဓာတ်မကျသင့်ပါ။ ကုသိုလ်ကောင်းမှု အလှူဒါနတွေ ပြုဖြစ်မှာပါ။ ကုသိုလ် များများလုပ်ပါ။

မကောင်းသောကံနှင့် အန္တရာယ်တွေ ကင်းတာပေါ့။ မလွတ်လပ်ခြင်းတွေ၊စည်းကမ်းဘောင်တွေ မကြိုက်သူတွေ အတွက်ဒီကာလဟာ ဒုက္ခများရတတ်ပါတယ်။ ပျော်လွန်းသူတွေ ပျက်ရမဲ့ကာလပါ။ လူငယ်တွေအချစ်နယ်ကျွံတတ် တယ်။

ဆိတ်ကွယ်ရာမသွားပါနှင့်။ချစ်သူ မရှိသေးသူများ အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရတတ်သည်။ အလုပ် ဝန်ပိတာ၊မနိုင်ဝန်ထမ်းရတာမျိုးတော့ရှိတတ်ပါတယ်။အခက်အခဲတွေကြုံပါစေ….မိတ်ဆွေသူငယ်ချင်း တွေရဲ့ကူညီမှု တွေကြောင့် ပြေလည်သွားတတ်ပါတယ်။

ကျန်းမာရေးအနည်းငယ် ဂရုစိုက်ပါ။ ယာဉ်ကား သတိနဲ့စီးနင်းမောင်း နှင်ပါ။ ခရီးဝေးသွားစရာများ၊ အဝေးမှာ အလုပ်ကိစ္စဖြင့်သွားစရာများကြုံမည်။ ခြေ၊လက်၊ ဝမ်းဗိုက်တို့ဂရုစိုက်ပါ။ ချူချာမည်။

ငွေဝင်သော်လည်း ကုန်ကျငွေများ၍ စိတ်မောရတတ်သည်။ ရစရာငွေတို့ ရလာမည်။ ငွေကြေး ဂရု စိုက်ပါ။ ရာထူးတက်ခြင်း၊ အလုပ်ကိစ္စငွေရခြင်း၊ လက်ထပ်ရခြင်းတို့ဖြစ်မည်။အကျိုးပေးဂဏန်း ၁၊၉၊၆ အထူးဟော ဆင်ခြင်ပါမှ ကောင်းမည် ယတြာ အိမ်ကဘုရားတွင်ပေါက်စီကပ်ပါ။

တနင်္လာ

ပြောစရာရှိတာတွေ ပြောမှဖြစ်မယ်။ လုပ်စရာရှိတာတွေ လုပ်မှဖြစ်မယ်။ နောက်မှဆိုသော စကားကို လုံးဝဆင်ခြင်သင့်သော ကာလဖြစ်ပါတယ်။ မပြောမပြီး မတီးမမြည်တွေ ဖြစ်လာမည်။ အရင်းနှီးဆုံးလူက ရန်သူဖြစ် လာနိုင်စရာတွေရှိတယ်။

သတိထားပါ။ မရောက်ဘူးသော ခရီးရောက်မည်။ အပေါင်းအသင်းအသစ်တွေ တွေ့မည်။ အလုပ်အကိုင် အဆင်ပြေပါမည်။ ငွေကြေးအခက်အခဲ ကြုံနိုင်ပါသည်။

ငွေကြေးပျောက်နိုင်ပါသည်။ စာမေးပွဲဖြေ ဆိုမှုများအောင်မြင်ပါမည်။ဒီကာလဟာလူမှုရေးတစ်ခုပဲအထူးညံ့နေတယ်။အိမ်တွင်းမိသားစုနယ်ပယ်၊အပေါင်း အသင်း မိတ်ဆွေ နယ်ပယ်တွေမှာ စကားများစရာ စိတ်ဝမ်းကွဲစရာကြုံလာနိုင်တယ်။

အလုပ်အကိုင်နေရာထိုင်ခင်း အပြောင်းအရွေ့ကြုံရနိင်တယ်။ ကောင်းသောပြောင်းခြင်းပါ။ အိမ်ဝယ်ဖို့ ၊လုပ်ငန်းသစ်စတင်လုပ်ကိုင်ဖို့၊ဆိုင်းဘုတ် သစ် တင်ဖို့ကိစ္စတွေတော့ မလုပ်သင့်သေးပါဘူး။

ခရီးဝေးသွားရတတ်တယ်။ ဘာသာရေးကိစ္စအလှူကိစ္စတွေအတွက် ခရီးဝေးသွားရမည်။ ငွေကတော့ ဝင်နေပေမဲ့ ထွက်တာကပိုများနေတတ်တယ်။ ပရဟိတအလုပ်၊လူမှုရေးအသင်း အဖွဲ့တွေမှာအကူအညီတောင်းခံရခြင်း၊တာဝန်ပေးခံရခြင်းတွေကြုံရလိမ့်မယ်။

ကျန်းမာရေးအနည်းငယ် ချူချာ မည်။ အန္တရာယ်မရှိပါ။ အချစ်ရေးချစ်သူ၏ လှည့်စားခြင်းခံရမည်။ စပ်တူရှယ်ယာလုပ်ငန်းများ မလုပ်သင့်သေးပါ။အကျိုးပေးဂဏန်း ၂၊၄၊၈ အထူးဟော စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ယတြာ တနင်္လာနေ့နံနက်တွင် ချဉ်ပေါင်ကြော်ကိုဘုရားကပ်လှူ လိုက်ပါ။

အင်္ဂါ

ကံအနည်းငယ်ညံနေတယ်လို့တော့ပြောရမှာပါပဲ။ အဘက်ဘက်က တိုးတတ်မှုကြန့်ကြာတတ်တဲ့အချိန်ပါပဲ။ လုပ်ငန်းစီးပွားအနေနဲ့ အရောင်းထိုင်းနေတတ်တယ်။ အလုပ်ပါးတတ်တယ်။

စီးပွားရေးညံပါတယ်ဆိုမှ ကျန်းမာရေး ကြောင့်ရှိတဲ့ငွေလေးတွေကုန်သွားတတ်တယ်။ဖျားတတ်နာတတ်တဲ့ကာလပါပဲ။တုပ်ကွေးဆိုတာမျိုးတွေလဲ ကိုယ့်ဆီ အလည်ရောက်လာတတ်တယ်။ လူငယ်တွေပညာရေးမှာအားနည်းနေတတ်တယ်။

စိတ်အလိုမကျမှုတွေ၊ ဒေါသ ဖြစ် စရာ တွေကြုံရတတ်တယ်။ အချစ်ရေးခဏမေ့ထားသင့်တဲ့ကာလပါပဲ။အချစ်ရေးမှာတော့ချစ်သူနဲ့ အလွဲလွဲ အချော် အချော်တွေ ဖြစ်မည်။ လွယ်သလိုနှင့် ခက်ခဲမည်။ မရည်ရွယ်ဘဲ ခရီးဝေးတွေ ရောက်မည်။

အထင်လွဲ စွပ်စွဲခြင်း ခံရမည်။ သွားပုတ်လေလွင့်၊ အရှက်တကွဲအကျိုးနဲ ဖြစ်စရာမြင်၍ စဉ်းစားပါ။ ဆင်ခြင်ပါ။ ကိုယ့်တန်ဖိုးကို မနှိမ့် ချပါနှင့်။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။

စိတ်ဓာတ်အောက်တန်းကျသူတို့ရဲ့ နှောက်ယှက်စော်ကားမှုများ မြင်ပါသည်။ သင့်အလုပ်မှာလည်း စိတ်ဆင်းရဲစရာကြုံမည်။ သင့်အိမ်ထောင်ရေးလဲအားနည်းနေသည်။

သူတစ်ပါးစကား လွယ် လွယ် ယုံတတ်တဲ့ အိမ်ထောင်ဘက်ရထားသူတွေပိုစိတ်ညစ်ရမယ်။ သင့်စီးပွားရေးကိုလည်း ပျက်အောင် နှောက် ယှက် သူတွေရှိနေမယ်။ သတိမရှိပါက အန္တရာယ်ရင်ဆိုင်ရလိမ့်မည်။အကျိုးပေးဂဏန်း ၇၊ဝ၊၂ အထူးဟော ကံညံနေမည်။ ယတြာ စနေထောင့်၌ မေတ္တာသုတ် ၇ခေါက်ရွတ်ဆိုပါ။

ဗုဒ္ဓဟူး/ရာဟု

စိတ်မြန်နေ၏။ ဇွဲကောင်းနေ၏။ ဒေါသကြီးလွယ် ပြေလွယ်တဲ့စိတ်ဖြစ်ပေါ်နေ၏။ ကွက်ကျော်မြင်သင့်တဲ့ အချိန်ပါ။ လမ်းများနေရမည်။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားရမဲ့အချိန်ပါ။ရည်ရွယ်ချက်ကြီးမားစွာချမှတ် သင့်တဲ့ အချိန်ပါ။

ဘာလုပ်လုပ်လျှို့ဝှက်စွာလုပ်ပါ။ ကံအညံ့တွေကနေလျော့ပါးသက်သာလာပြီး ကံကြမ္မာမြင့်မားနေတဲ့ အချိန်ပါပဲ။ စိတ်ကူးထားတာ ၊ရည်မှန်းထားတာလေးတွေတော့ ပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။

မိုးရွာတုန်းရေခံ ဆိုသလို စီးပွားရေးကံအားကောင်းနေတဲ့အတွက် အလုပ်ထဲသာစိတ်နှစ်ထားစေချင်ပါတယ်။ လူငယ်တွေအနေနဲ့ ကျောင်းစာထက်အပြင်စာကို စိတ်ပါနေတတ်ပါတယ်။ ချစ်ရေးဆိုဖို့အကောင်းဆုံးကာလဖြစ်သလို အဖြေပေးခေါင်း ညိတ်ဖို့ အကောင်းဆုံးကာလပါပဲ။

ငွေကြေးကံတွေလဲ မညံ့တော့ပါဘူး။ ချစ်သူရည်စားရှိပြီးသူတွေအတွက်တော့ ချစ်ရေးရှုပ်ထွေးမှုတွေဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။

အခြားတစ်ယောက်နဲ့စွပ်စွဲပြောဆိုခြင်း ခံရနိုင်ဖွယ်ရှိနေ ပါတယ်။သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ အကြီးအကဲနှင့်အပေါင်းအသင်းတို့၏ အပြစ်တင်အထင်လွဲခြင်း ခံရ မည်။ ရုတ်တရက်ငွေစုလိုက်ဝင်မည်။ ထီပေါက်ကိန်းရှိသည်။

ထီထိုးပါ။ ၅ထိပ် ၆ပိတ် ထိုးပါ။ လုပ်ငန်းဖြစ်စေ၊ ဆိုင်ဖြစ်စေ၊ စီးပွားရေးရောင်းဝယ်မှုဖြစ်စေ အစပြုခြင်းများ တစ်ကြိမ်တည်းမပြီး တတ်၍ ဂရုစိုက်ပါ။အကျိုးပေးဂဏန်း ၃၊၅၊၉ အထူးဟော အလုပ်ရှုပ်မဲ့ကာလပါ ယတြာ စနေဒေါင့်ကိုသွား၍ နှင်းဆီ ၇ ပွင့်လှူပါ။

ကြာသပတေး

ကံမြင့်မားနေချိန်ပါပဲ။အဓိကအနေနဲ့အလုပ်အထူးအဆင်ပြေမယ်။ဝန်ထမ်းဆိုနေရာပေးခြင်းခံရမယ်။ အထက် လူကြီးချစ်ခင်မယ်။ ရာထူးနေရာတိုးတတ်နိုင်တယ်။အိမ်ဝယ်မဲ့သူတွေ အဆင်အပြေဆုံးကာလပါ။ အရှုပ် အရှင်း ကင်းမယ်။ အခွင့်ထူးရခြင်း၊ ငွေကြေးအစုလိုက်ဝင်ခြင်းတွေကြုံရမှာပါ။

ဘာသာတရားလိုက်စားသူ ၊ပရိတ် ပဌာန်း မပြတ်ရွတ်နေသူတွေဆို အတိတ်ကံရဲ့ ကောင်းကျိုးပေးမှုတွေအလှည့်ကျမဲ့အချိန်ပါပဲ။ လူငယ်တွေကတော့ အချစ်ရေးအထူးကံကောင်းချိန်ပါပဲ။ အချစ်ရေးမှာ ပျော်စရာ၊စိတ်ချမ်းမြေ့စရာတွေကြုံရမှာပါပဲ။

စက်ပစ္စည်းတွေ လဲဝင် လာပါလိမ့်မယ်။ ဘာသာရေးအလုပ် အဓိဌာန်အလုပ်တွေ စတင်ဝင်သင့်တဲ့အချိန်ကာလတစ်ခုပါ။ ပျော်စရာ ကြည်နူးစရာတွေပြည့်နှက်နေပါလိမ့်မယ်။ လုပ်ငန်းစီးပွားကောင်းလာမည်။ စိတ်လွတ်လပ်ပေါ့ပါးနေမည်။

အရင်းနှီး ဆုံး လူတွေရဲ့ လက်၏ဆောင်မခြင်း၊နှုတ်၏ဆောင်မခြင်းတွေကြောင့်အဘက်ဘက်ကအဆင်ပြေမည်။ ချစ်သူမရှိလူ လွတ် များအထူးစန်းပွင့်နေမည်။

ချစ်ရေးဆိုခြင်းခံရတတ်သည်။ အိမ်ထောင်ရှင်များသားသမီး ကြောင့်စိတ် ချမ်းမြေ့ ရမည်။ အောက်လက်ငယ်သားတွေရဲ့အကူအညီရလာတတ်သည်။

ကျန်းမာရေးအနေနဲ့ အစားမှားတတ်သည်။ အစား အသောက်ဆင်ခြင်စေချင်သည်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်တိုးတတ်မည်။ ဝန်ထမ်းများဖိအားပေးခြင်း ခံရ မဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၃၊၇၊၀ အထူးဟော ကံမြင့်မားနေမည်။ ယတြာ ဘုရားကို ရွှေသင်္ကန်းကပ်လှူ ပါ။

သောကြာ

ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ ခိုင်မာအောင် တည်ဆောက်ဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှု၊ လုပ်ငန်း သစ်လုပ်ကိုင်မှု၊ ရည်ရွယ်ကြီးမားမှုတွေ ဖြစ်လာမည်။ ကိုယ့်ရဲ့ရည်မှန်းချက်များ ပိုမိုရှင်သန်လာအောင် အားပေးသော သူတွေ များပြားနေမည်။

ကူညီပံ့ပိုးမှုများ ရှိလာကြမည်။ ငွေကြေးဝင်ထွက် ကြမ်းနေမည်။ ခရီးယာယီများနေမည်။ ခရီးတို ၊ခရီးရှည်သွားရမည်။ ကောင်းသောခရီးဖြစ်မည်။ အထောက်အပံ့အကူအညီတွေရမည်။ သတင်းကောင်း ကြားရတတ်သည်။

မိခင်ကျန်းမာရေးဂရုစိုက်ပါ။ မိသားစုအရေး ၊အိမ်တွင်းအရေးပူပန်ရမည်။ အဝေးကသတင်း ကောင်း ကြားရမည်။ လူငယ်တွေအချစ်ရေးကံကောင်းနေပါလိမ့်မယ်။ ကျန်းမာရေးလဲကောင်းနေမှာပါ။

ငွေမချေး ပါနဲ့။ ငွေကုန်မရဖြစ်တတ်တဲ့အချိန်ပါ။ အလုပ်အထူးအဆင်ပြေမှာပါ။ စီးပွားတိုးတတ်မယ်။ ကြီးမားစွာကြံစည်ထား တဲ့ကိစ္စများအကောင်အထည်မဖော်ပါနဲ့အုံး။လက်တွေ့အလုပ်၊ ပေါ်ပင်အလုပ်တွေအကျိုးထူးမဲ့ကာလပါ။

စက်ပစ္စည်း ဝယ်မဲ့ သူတွေအတွက်အထူးကောင်းမဲ့ကာလပါ။လက်ထပ်မင်္ဂလာကိစ္စများဆောင်ရွက်ဖြစ်မည်။ ကိုယ့်ချစ်သူထက် မိဘပေးစားသဘောတူသူကို ဦးစားပေးရန် ဆုံးဖြတ်ဖြစ် တတ်သည်။

အလုပ်အကိုင်တိုး တက်မည်။ ဝင်ငွေကောင်း မည်။ ခရီးလမ်းအန္တရာယ်မရှိပါ။ ငွေစုလိုက်ဝင်ကိန်းရှိသည်။ ရစရာငွေတို့ရမည်။ ဖြေဆို ထား သောစာမေးပွဲ အောင် မည်။အကျိုးပေးဂဏန်း ၅၊၃၊၆ အထူးဟော ကံမြင့်နေသည်။ အောင်မြင်မည်။ ယတြာ အိမ်ဘုရားတွင် သစ်တော်သီးကပ်လှူပါ။

စနေ

ဘယ်ကိုသွားပြီး ဘာလုပ်ရမှန်း မသိနိုင်သောကာလဖြစ်ပါတယ်။ ဘယ်သူ့ကိုမှတော့ မယုံပါနှင့်။ စက်ပစ္စည်း များချို့ယွင်းတတ်ပါသည်။ လက်ဆောင်ရမည်။ ချစ်သူခေါ်ရာဖြစ်စေ၊ အပေါင်းအသင်းခေါ်ရာဖြစ်စေ အရမ်းမလိုက် နှင့် ဒုက္ခရောက်တတ်သည်။

အထူးသဖြင့် စနေနှင့်ဘုမ္မိကျသော မြောက် အရပ်ခရီး ရှောင်ပါ။ အချဉ်၊ ဝက်သား အစရှိ သည် ဤတစ်ပတ်အတွင်း ဆင်ခြင်စားပါ။ ဝမ်းပျက် ဝမ်းလျှော ဖြစ်တတ်ပါသည်။

ကျန်းမာရေးကတော့ ကောင်းပါ တယ်။ သို့သော် ရုတ်တရက် ခိုက်မိတတ်လို့ ဂရုစိုက်ပါ။ ပစ္စည်း ပျောက်ကိန်းမြင်၍ ဂရုစိုက်ပါ။ သူများထောင်ချောက် မိတတ်သည်။ တွေဝေမနေပါနဲ့ ငေးမနေ နှင့်။

ဒီတစ်ပတ်မှာ နောက်ကောက်ကြတတ်တယ်။ ရည်ရွယ်ချက် ကြီးကြီးနှင့် လုံ့လ၊ ဝီရိယနှင့် ပူးပေါင်းပါမှ အဆင်ပြေရုံရှိမယ့် ကာလဖြစ်တယ်။ အချစ်ရေးမှာ ထင်တာတွေထက် မထင်တာတွေ ဖြစ်လာမည်။

အချစ်ရေးမှာ စိတ်ဆင်းရဲတတ်သလို အလုပ်ကိစ္စတွေမှာလဲ စိတ်တိုင်းမကျ ဖြစ်တတ် တယ်။ လောလို့မရသလို၊ လေးနေလို့လဲမရနိုင်တတ်ပါ။ ကသိကအောင့်ဖြစ်မည်။ မလိုသူရှိ တယ်။ လူယုံမထားနှင့်။

တိုင်ပင်စရာရှိရင်လည်း ကြည့်တိုင်ပင်ပါ။ သူ့လူကိုယ့်ဘက်သား ဖြစ်နေတတ်တယ်။ အထူး သဖြင့် မိမိနဲ့နေ့နံတူ စနေသားသမီးတွေကို သတိထားပါ။စကားပြောဆင်ခြင်ပါ။ အထင်လွဲစရာတွေ ဖြစ်လာတတ် ပါတယ်။အကျိုးပေးဂဏန်း ၁၊၅၊၆ အထူးဟော အရာရာသတိတော့ထားပါ။ ယတြာ စေတီတစ်ဆူရဲ့ကြာသပတေးထောင့်မှာ ပန်းပေါင်းစုံ၅မျိုးကပ်လှူ လိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *