က်ိဳက္ထီးရိုးကေသနတ္နဲ႕ တိုက္ေနတာမဟုတ္လို႕ ျပည္သူေတြကို သတိေပးလိုက္တဲ့ ဒါရိုက္တာကိုေပါက္
ဒီေန႔ အေျခအေန သက္ဆိုင္ရာနယ္ေျမက လူႀကီးတစ္ဦးဆီကို ဒီေန႔ စစ္ပြဲအေၾကာင္းနဲ႔ လိုင္းေပၚတက္လာတဲ့ပုံေတြ အေၾကာင္း ေမးျဖစ္တယ္။
သူေျဖတာေတြကိုၿခဳံၿပီးေျပာရရင္ အလႉရွင္နဲ႔အလႉခံေတြၾကားက ေပါင္းကူးတံတားျဖစ္ေနတာေတြ႕ရတယ္။
တိုက္ခိုက္ေရးနဲ႔ေထာက္ပံေရး (သို႔မဟုတ္) ေရွ႕တန္းနဲ႔ေထာက္ပို႔ ဒီ၂ခုက ခြဲမရပါဘူး။
ေတာ္လွန္ေရးတိုင္းမွာ ေရွ႕တန္းကတိုက္ခိုက္ေရးသမားေတြပဲရွိေနလို႔မရသလိုေထာက္ပံ့ေပးေနတဲ့ေထာက္ပို႔ေတြရွိေနလို႔မရပါဘူး။
ေရွ႕တန္းနဲ႔ေထာက္ပို႔က လီဗာနဲ႔ဂီယာလို ဟန္ခ်က္ညီရပါတယ္။
အလႉရွင္ေတြက ပိုက္ဆံပို႔ေပးမွ ေသနတ္ဝယ္၊က်ည္ဝယ္ၿပီး စစ္တိုက္ရမွာပါ။
အလႉရွင္ေတြကို ေက်နပ္အားရေအာင္ လုပ္ေပးေနရတဲ့ဒီေန႔စစ္ပြဲေတြရဲ႕ေနာက္ကေရာက္လာတဲ့ ေလယာဥ္ပ်ံေတြေပၚက မ်က္စီဘဝင္က်စရာ ဆပ္ျပာဗူေဘာင္းေလးခ်ေပးေနတာမဟုတ္ပါဘူး။
အသက္ေတြအမ်ားႀကီး ပုံေအာၾကရတာပါ။
တစ္ခ်ိဳ႕ေတြ ဘယ္ေလာက္ဆ္ိုးသလဲဆိုရင္ ပြဲမကဘူးလား၊ပြဲကေလ M4 ၃လက္ပို႔လိုက္မယ္ဆိုတာေတြ၊
တစ္ခ်ိဳ႕အလႈခံတဲ့လူေတြဆို ေရွ႕တန္းရဲေဘာ္ေတြကို လစဥ္သုံးဖို႔ သူမ်ားလႉထားတဲ့အထဲက ပိုက္ဆံပို႔ပို႔ေပးၿပီး
“ပြဲကျဖစ္ရင္ ငါ့ဆီ vdo အရင္ပို႔ေပးေနာ္”ဆိုတာေတြက ၾကားရေသးတယ္။
အလႉရွင္ေတြကို ေမတၱာရပ္ခံခ်င္တာက က်ေနာ္တို႔ရဲေဘာ္ေတြက က်ိဳက္ထီး႐ိုးေသနတ္နဲ႔စစ္တိုက္တန္းကစားေနတာ မဟုတ္တဲ့အတြက္
သူမ်ားထက္သတင္းဦးတင္ႏိုင္ေအာင္ ေထာက္ပံ့တာထက္ ေတာ္လွန္ေရးတကယ္ေအာင္ခ်င္လို႔ေထာက္ပံ့တာပဲျဖစ္ပါေစလို႔ ေျပာပါရေစ။
(အလႉရွင္တိုင္းကို မဆိုလိုပါဘူး။ တစ္ခ်ိဳ႕ေတြ တကယ္ရွိပါတယ္။ သူတို႔ေတြကိုသာ ေမတၱာရပ္ခံပါတယ္။)
စစ္ေရးနဲ႔ႏိုင္ငံေရး ကြဲကြဲျပားျပားသိေစခ်င္ပါတယ္။
ျပည္သူေတြအေနနဲ႔ လည္း ကိုယ့္ေရွ႕မွာတိုက္ပြဲေတြေတြ႕လို႔ ဓာတ္ပုံ႐ိုက္ခ်င္ရင္ ႐ိုက္ေပါ့။ ခ်က္ျခင္းမတင္ဖို႔ပါ။
ေရွ႕တန္းေရာက္ရဲေဘာ္ေတြလည္း ႐ိုက္ပါ မွတ္တမ္းယူပါ။လိုင္းေပၚကိုေတာ့ ေနာက္တန္းျပန္ေရာက္မွ တင္ၾကေပါ့။အလႉရွင္ေတြကို ေက်းဇူးတင္ပါ
ဒါေပမယ့္ အလိုေတာ့မလိုက္ပါနဲ႔။
အသက္ေတြ အနာဂတ္ေတြ ေလာင္းေၾကးထပ္ၿပီး တိုက္ေနရတဲ့ ပြဲမို႔လို႔ပါ။
အားလုံး သတိရွိၾကပါေစ။
unicode
ကျိုက်ထီးရိုးကသေနတ်နဲ့ တိုက်နေတာမဟုတ်လို့ ပြည်သူတွေကို သတိပေးလိုက်တဲ့ ဒါရိုက်တာကိုပေါက်
ဒီနေ့ အခြေအနေ သက်ဆိုင်ရာနယ်မြေက လူကြီးတစ်ဦးဆီကို ဒီနေ့ စစ်ပွဲအကြောင်းနဲ့ လိုင်းပေါ်တက်လာတဲ့ပုံတွေ အကြောင်း မေးဖြစ်တယ်။
သူဖြေတာတွေကိုခြုံပြီးပြောရရင် အလှူရှင်နဲ့အလှူခံတွေကြားက ပေါင်းကူးတံတားဖြစ်နေတာတွေ့ရတယ်။
တိုက်ခိုက်ရေးနဲ့ထောက်ပံရေး (သို့မဟုတ်) ရှေ့တန်းနဲ့ထောက်ပို့ ဒီ၂ခုက ခွဲမရပါဘူး။
တော်လှန်ရေးတိုင်းမှာ ရှေ့တန်းကတိုက်ခိုက်ရေးသမားတွေပဲရှိနေလို့မရသလိုထောက်ပံ့ပေးနေတဲ့ထောက်ပို့တွေရှိနေလို့မရပါဘူး။
ရှေ့တန်းနဲ့ထောက်ပို့က လီဗာနဲ့ဂီယာလို ဟန်ချက်ညီရပါတယ်။
အလှူရှင်တွေက ပိုက်ဆံပို့ပေးမှ သေနတ်ဝယ်၊ကျည်ဝယ်ပြီး စစ်တိုက်ရမှာပါ။
အလှူရှင်တွေကို ကျေနပ်အားရအောင် လုပ်ပေးနေရတဲ့ဒီနေ့စစ်ပွဲတွေရဲ့နောက်ကရောက်လာတဲ့ လေယာဉ်ပျံတွေပေါ်က မျက်စီဘဝင်ကျစရာ ဆပ်ပြာဗူဘောင်းလေးချပေးနေတာမဟုတ်ပါဘူး။
အသက်တွေအများကြီး ပုံအောကြရတာပါ။
တစ်ချို့တွေ ဘယ်လောက်ဆိုးသလဲဆိုရင် ပွဲမကဘူးလား၊ပွဲကလေ M4 ၃လက်ပို့လိုက်မယ်ဆိုတာတွေ၊
တစ်ချို့အလှုခံတဲ့လူတွေဆို ရှေ့တန်းရဲဘော်တွေကို လစဉ်သုံးဖို့ သူများလှူထားတဲ့အထဲက ပိုက်ဆံပို့ပို့ပေးပြီး
“ပွဲကဖြစ်ရင် ငါ့ဆီ vdo အရင်ပို့ပေးနော်”ဆိုတာတွေက ကြားရသေးတယ်။
အလှူရှင်တွေကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ရဲဘော်တွေက ကျိုက်ထီးရိုးသေနတ်နဲ့စစ်တိုက်တန်းကစားနေတာ မဟုတ်တဲ့အတွက်
သူများထက်သတင်းဦးတင်နိုင်အောင် ထောက်ပံ့တာထက် တော်လှန်ရေးတကယ်အောင်ချင်လို့ထောက်ပံ့တာပဲဖြစ်ပါစေလို့ ပြောပါရစေ။
(အလှူရှင်တိုင်းကို မဆိုလိုပါဘူး။ တစ်ချို့တွေ တကယ်ရှိပါတယ်။ သူတို့တွေကိုသာ မေတ္တာရပ်ခံပါတယ်။)
စစ်ရေးနဲ့နိုင်ငံရေး ကွဲကွဲပြားပြားသိစေချင်ပါတယ်။
ပြည်သူတွေအနေနဲ့ လည်း ကိုယ့်ရှေ့မှာတိုက်ပွဲတွေတွေ့လို့ ဓာတ်ပုံရိုက်ချင်ရင် ရိုက်ပေါ့။ ချက်ခြင်းမတင်ဖို့ပါ။
ရှေ့တန်းရောက်ရဲဘော်တွေလည်း ရိုက်ပါ မှတ်တမ်းယူပါ။လိုင်းပေါ်ကိုတော့ နောက်တန်းပြန်ရောက်မှ တင်ကြပေါ့။အလှူရှင်တွေကို ကျေးဇူးတင်ပါ
ဒါပေမယ့် အလိုတော့မလိုက်ပါနဲ့။
အသက်တွေ အနာဂတ်တွေ လောင်းကြေးထပ်ပြီး တိုက်နေရတဲ့ ပွဲမို့လို့ပါ။
အားလုံး သတိရှိကြပါစေ။