မောင်ဘုန်းမြင့်အောင် နာရေးကို စကစမှ အလောင်းကြည့်ခွင့်မရှိ ဓာတ်ပုံအပြင်…..seemore

စစ်တပ်က သတ်ဖြတ်လိုက်သော မောင်ဘုန်းမြင့်အောင် နာရေး

လက်နက်ကိုင်စစ်သားအပြည့်ဖြင့်

အလောင်းကြည့်ခွင့်မရှိ၊ ဓာတ်ပုံရိုက်ခွင့်မရှိ၊ အခမ်းအနားပြုလုပ်ခွင့်မရှိဘဲ သဂြိုလ်ခိုင်း(ရုပ်/သံ)

စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်သော မောင်ဘုန်းမြင့်အောင် နာရေး လက်နက်ကိုင်စစ်သားများအပြည့်ဖြင့်

ဓာတ်ပုံရိုက်ခွင့်၊ အခမ်းအနားပြုလုပ်ခွင့် မပေးဘဲ ယနေ့ မွန်းလွဲပိုင်း ရေဝေး သုဿာန်တွင်

အတင်းအကျပ် သဂြိုလ်ခိုင်းကြောင်း သိရှိရသည်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၅၄ လမ်းတွင် နေထိုင်သော အသက် ၁၉ နှစ် အရွယ်မောင်ဘုန်းမြင့်အောင်ကို

စစ်တပ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်

သတ်ဖြတ်လိုက် ကြောင်း မိသားစုဝင်များနှင့်နီးစပ်သော မိတ်ဆွေများက အတည်ပြုပြောဆိုသည်

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဗိုလ်တထောင်မြို့နယ်၊ ၅၄ လမ်းတွင် နေထိုင်သော

မောင်ဘုန်းမြင့်အောင်နှင့် ဖခင်ဦးထင်ဝင်းတို့ကို အကြမ်း ဖက်စစ်ကောင်စီတပ်များက စစ်ကား ၃ စီးဖြင့်

လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီတွင် ဖခင်ဖြစ်သူ ဦးထင်ဝင်းကို

ပြန် လွှတ်ပေးလိုက်သော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးသွားသော

မောင်ဘုန်းမြင့်အောင် သေဆုံးသွားပြီးဟု စစ်တပ်က မိသားစုကို အကြောင်းကြားလာကြောင်း သိရှိရသည်

“သူတို့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှာ ရပ်ကွက်ကို စစ်ကားတွေနဲ့ ပိတ်ပြီးဖမ်းတယ်

အဖေရော သားရောကို ဖမ်းတာ။ ညကျတော့ အဖေကို ပြန်လွှတ်ပေးလိုက်တယ်

နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ မောင်ဘုန်းမြင့်အောင် ဆုံးသွားပြီဆိုပြီး စစ်တပ်က အကြောင်းကြားလာတယ်

စစ်ကြောရေးမှာ စစ်တပ်က သတ်ပစ်လိုက်တာ” ဟု ၅၄ လမ်းအတွင်းနေထိုင်ပြီး

မောင်ဘုန်းမြင့်အောင်မိသားစုနှင့်ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။

ဗိုလ်တထောင် ၅၄ လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း မောင်ဘုန်းမြင့်အောင်ကို

စာတော်သော လူငယ်လေးအဖြစ် ရပ်ကွက်က သိရှိထားပြီး လူချစ်လူခင်ပေါများသည်ဟုဆိုသည်။

“သူက စာအရမ်းတော်တယ်။ ရပ်ကွက်ထဲမှာ ကလေးတွေကို အင်္ဂလိပ်စာ ပြန်ပြပေးတယ်။

တက္ကသိုလ်တက်နေတာတော့ သိတယ်။ ဘယ်တက္ကသိုလ်လဲမသိဘူး။ လူချစ်လူခင်ပေါတယ်။

အဲဒီကလေးက ။ သူ့ကြည့်ရင် အမြဲတမ်း ပြုံးနေတဲ့ ကလေး” ဟု ၅၄လမ်းမှ ပြည်သူတစ်ဦးက ဆိုသည်။

မောင်ဘုန်းမြင့်အောင်၏ မိခင်ဖြစ်သူမှာ ကျန်းမာရေး မကောင်းမွန်ဘဲ အိမ်ရာထဲ လဲနေသူဖြစ်ကြောင်း

၊ သားဖြစ်သူ ဆုံးပါးသည့် သတင်းကြောင့် ကျန်းမာ ရေးပိုမို ထိခိုက်လာကြောင်း သိရှိရသည်။

မောင်ဘုန်းမြင့်အောင်၏ နာရေးကို နိုဝင်ဘာလ ၂၄ ရက်နေ့ ယနေ့ ရေဝေးသုဿာန်တွင်

သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

Zawgyiဖြင့်ဖတ်ရန်

ေမာင္ဘုန္းျမင့္ေအာင္ နာေရးကို စကစမွ အေလာင္းၾကည့္ခြင့္မရွိ ဓာတ္ပုံအျပင္…..seemore

စစ္တပ္က သတ္ျဖတ္လိုက္ေသာ ေမာင္ဘုန္းျမင့္ေအာင္ နာေရး

လက္နက္ကိုင္စစ္သားအျပည့္ျဖင့္

အေလာင္းၾကည့္ခြင့္မရွိ၊ ဓာတ္ပုံ႐ိုက္ခြင့္မရွိ၊ အခမ္းအနားျပဳလုပ္ခြင့္မရွိဘဲ သၿဂိဳလ္ခိုင္း(႐ုပ္/သံ)

စစ္တပ္က ဖမ္းဆီး သတ္ျဖတ္လိုက္ေသာ ေမာင္ဘုန္းျမင့္ေအာင္ နာေရး လက္နက္ကိုင္စစ္သားမ်ားအျပည့္ျဖင့္

ဓာတ္ပုံ႐ိုက္ခြင့္၊ အခမ္းအနားျပဳလုပ္ခြင့္ မေပးဘဲ ယေန႔ မြန္းလြဲပိုင္း ေရေဝး သုႆာန္တြင္

အတင္းအက်ပ္ သၿဂိဳလ္ခိုင္းေၾကာင္း သိရွိရသည္

ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၅၄ လမ္းတြင္ ေနထိုင္ေသာ အသက္ ၁၉ ႏွစ္ အ႐ြယ္ေမာင္ဘုန္းျမင့္ေအာင္ကို

စစ္တပ္က ႏိုဝင္ဘာလ ၂၂ ရက္ေန႔တြင္ ဖမ္းဆီးသြားၿပီး စစ္ေၾကာေရးတြင္ ႏိုဝင္ဘာလ ၂၃ ရက္ေန႔တြင္

သတ္ျဖတ္လိုက္ ေၾကာင္း မိသားစုဝင္မ်ားႏွင့္နီးစပ္ေသာ မိတ္ေဆြမ်ားက အတည္ျပဳေျပာဆိုသည္

ႏိုဝင္ဘာလ ၂၂ ရက္ေန႔ မြန္းလြဲ ၃ နာရီဝန္းက်င္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၅၄ လမ္းတြင္ ေနထိုင္ေသာ

ေမာင္ဘုန္းျမင့္ေအာင္ႏွင့္ ဖခင္ဦးထင္ဝင္းတို႔ကို အၾကမ္း ဖက္စစ္ေကာင္စီတပ္မ်ားက စစ္ကား ၃ စီးျဖင့္

လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ ည ၁၂ နာရီတြင္ ဖခင္ျဖစ္သူ ဦးထင္ဝင္းကို

ျပန္ လႊတ္ေပးလိုက္ေသာ္လည္း ႏိုဝင္ဘာလ ၂၃ ရက္ေန႔တြင္ စစ္တပ္က ဖမ္းဆီးသြားေသာ

ေမာင္ဘုန္းျမင့္ေအာင္ ေသဆုံးသြားၿပီးဟု စစ္တပ္က မိသားစုကို အေၾကာင္းၾကားလာေၾကာင္း သိရွိရသည္

“သူတို႔ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ ညေန ၃ နာရီမွာ ရပ္ကြက္ကို စစ္ကားေတြနဲ႔ ပိတ္ၿပီးဖမ္းတယ္

အေဖေရာ သားေရာကို ဖမ္းတာ။ ညက်ေတာ့ အေဖကို ျပန္လႊတ္ေပးလိုက္တယ္

ႏိုဝင္ဘာ ၂၃ ရက္ေန႔ ညပိုင္းမွာ ေမာင္ဘုန္းျမင့္ေအာင္ ဆုံးသြားၿပီဆိုၿပီး စစ္တပ္က အေၾကာင္းၾကားလာတယ္

စစ္ေၾကာေရးမွာ စစ္တပ္က သတ္ပစ္လိုက္တာ” ဟု ၅၄ လမ္းအတြင္းေနထိုင္ၿပီး

ေမာင္ဘုန္းျမင့္ေအာင္မိသားစုႏွင့္ရင္းႏွီးသူ မိတ္ေဆြတစ္ဦးက ေျပာသည္။

ဗိုလ္တေထာင္ ၅၄ လမ္းတြင္ ေနထိုင္သူ ျပည္သူတစ္ဦးကလည္း ေမာင္ဘုန္းျမင့္ေအာင္ကို

စာေတာ္ေသာ လူငယ္ေလးအျဖစ္ ရပ္ကြက္က သိရွိထားၿပီး လူခ်စ္လူခင္ေပါမ်ားသည္ဟုဆိုသည္။

“သူက စာအရမ္းေတာ္တယ္။ ရပ္ကြက္ထဲမွာ ကေလးေတြကို အဂၤလိပ္စာ ျပန္ျပေပးတယ္။

တကၠသိုလ္တက္ေနတာေတာ့ သိတယ္။ ဘယ္တကၠသိုလ္လဲမသိဘူး။ လူခ်စ္လူခင္ေပါတယ္။

အဲဒီကေလးက ။ သူ႔ၾကည့္ရင္ အၿမဲတမ္း ၿပဳံးေနတဲ့ ကေလး” ဟု ၅၄လမ္းမွ ျပည္သူတစ္ဦးက ဆိုသည္။

ေမာင္ဘုန္းျမင့္ေအာင္၏ မိခင္ျဖစ္သူမွာ က်န္းမာေရး မေကာင္းမြန္ဘဲ အိမ္ရာထဲ လဲေနသူျဖစ္ေၾကာင္း

၊ သားျဖစ္သူ ဆုံးပါးသည့္ သတင္းေၾကာင့္ က်န္းမာ ေရးပိုမို ထိခိုက္လာေၾကာင္း သိရွိရသည္။

ေမာင္ဘုန္းျမင့္ေအာင္၏ နာေရးကို ႏိုဝင္ဘာလ ၂၄ ရက္ေန႔ ယေန႔ ေရေဝးသုႆာန္တြင္

သၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *