ရန်ကုန်မြို့ရဲ့ ပထမဆုံးရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတားအမှတ် (၅) Love Boat Bridge မှာ ဖွင့်လှစ်သွားမယ်လို့ ညဈေးစီစဉ်တဲ့ တော်ဝင်ချမ်းသာ ကုမ္ပဏီမှ သိရပါတယ်။
အခုလို ရေပေါ်ညဈေးဖွင့်လှစ်တာဟာ တိုင်းရင်းသားယဉ်ကျေးမှုတွေကို ဖော်ထုတ်ပြသဖို့နဲ့ တိုင်းရင်းသား အချင်းချင်း
ချစ်ကြည်ရင်းနှီးမှုရအောင် ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ တော်ဝင် ချမ်းသာကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ညဈေးမှာ ရန်ကုန်မြစ်ရဲ့အလှအပတွေကို ကြည့်ရင်း ရိုးရာအစားအစာတွေ ဖော်ထုတ်သွားမှာဖြစ်သလို
တိုင်းရင်းသားရိုးရာ အစားအစာရောင်းချမယ့်သူတွေကို ရိုးရာဝတ်စုံတွေဝတ်ပြီးမှ ရောင်းချစေမှာဖြစ်ကာ ဈေးပွဲတော်ရက်မှာ အင်းလေးလိုမျိုးလှေတွေ၊ ရိုးရိုးလှေတွေနဲ့ ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။
ရေပေါ်ညဈေးကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ညနေ ၃ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဆိုင်ခန်း ၃၀ ပါဝင်ပြသရောင်းချမယ်လို့ သိရပါတယ်။
ရေပေါ်ညဈေးမှာ ဆိုင်ခန်း ၆၀ လောက်နဲ့ ရိုးရာလှေနဲ့ ရောင်းချမှု တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ပြီး အစားအသောက်တည်ခင်းရောင်းချနိုင်မယ့် လှည်းပုံစံထုတ်ပေးမှာဖြစ်ကာ
လှည်းရဲ့ နေရာထားခကို တစ်ရက် ၃၀၀၀၀ ကျပ်၊ ရေနဲ့ မီး စားသုံးသူတွေရဲ့နေရာထိုင်ခင်းကိုတော့ ကုမ္ပဏီဘက်က စီစဉ်ပေးမှာဖြစ်လို့ မည်သူမဆို လာရောက်စုံစမ်းရောင်းချနိုင်တယ်လို့ သိရပါတယ်။
ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဆုံးေရေပၚညေဈးကို ဗိုလ္တေထာင္ဘုရားအနီး ဆိပ္ခံတံတားအမွတ္ (၅) Love Boat Bridge မွာ ဖြင့္လွစ္သြားမယ္လို႔ ညေဈးစီစဥ္တဲ့ ေတာ္ဝင္ခ်မ္းသာ ကုမၸဏီမွ သိရပါတယ္။
အခုလို ေရေပၚညေဈးဖြင့္လွစ္တာဟာ တိုင္းရင္းသားယဥ္ေက်းမႈေတြကို ေဖာ္ထုတ္ျပသဖို႔နဲ႔ တိုင္းရင္းသား အခ်င္းခ်င္း
ခ်စ္ၾကည္ရင္းႏွီးမႈရေအာင္ ရည္႐ြယ္ခ်က္နဲ႔ က်င္းပတာျဖစ္တယ္လို႔ ေတာ္ဝင္ ခ်မ္းသာကုမၸဏီက တာဝန္ရွိသူတစ္ေယာက္က ေျပာပါတယ္။
ညေဈးမွာ ရန္ကုန္ျမစ္ရဲ႕အလွအပေတြကို ၾကည့္ရင္း ႐ိုးရာအစားအစာေတြ ေဖာ္ထုတ္သြားမွာျဖစ္သလို
တိုင္းရင္းသား႐ိုးရာ အစားအစာေရာင္းခ်မယ့္သူေတြကို ႐ိုးရာဝတ္စုံေတြဝတ္ၿပီးမွ ေရာင္းခ်ေစမွာျဖစ္ကာ ေဈးပြဲေတာ္ရက္မွာ အင္းေလးလိုမ်ိဳးေလွေတြ၊ ႐ိုး႐ိုးေလွေတြနဲ႔ ပါဝင္ျပသသြားမယ္လို႔ သိရပါတယ္။
ေရေပၚညေဈးကို ေအာက္တိုဘာ ၃၁ ရက္မွ ႏိုဝင္ဘာ ၈ ရက္အထိ ညေန ၃ နာရီမွ ည ၉ နာရီထိ ဖြင့္လွစ္ေရာင္းခ်သြားမွာျဖစ္ၿပီး ဆိုင္ခန္း ၃၀ ပါဝင္ျပသေရာင္းခ်မယ္လို႔ သိရပါတယ္။
ေရေပၚညေဈးမွာ ဆိုင္ခန္း ၆၀ ေလာက္နဲ႔ ႐ိုးရာေလွနဲ႔ ေရာင္းခ်မႈ ေတြလည္းပါဝင္မွာျဖစ္ပါတယ္။ ဆိုင္ခန္းခမွာ အခမဲ့ျဖစ္ၿပီး အစားအေသာက္တည္ခင္းေရာင္းခ်ႏိုင္မယ့္ လွည္းပုံစံထုတ္ေပးမွာျဖစ္ကာ
လွည္းရဲ႕ ေနရာထားခကို တစ္ရက္ ၃၀၀၀၀ က်ပ္၊ ေရနဲ႔ မီး စားသုံးသူေတြရဲ႕ေနရာထိုင္ခင္းကိုေတာ့ ကုမၸဏီဘက္က စီစဥ္ေပးမွာျဖစ္လို႔ မည္သူမဆို လာေရာက္စုံစမ္းေရာင္းခ်ႏိုင္တယ္လို႔ သိရပါတယ္။