ကြားသိရသမျှ

ရန်ကုန်မှာ နေတဲ့သူတိုင်း သိထားသင့်တဲ့ YBS ပေါ်က ခါးပိုက်နှိုက်တွေရဲ့ နည်းဗျူဟာများအကြောင်း

ရန်ကုန်မှာ လတ်တလော အဖြစ်များနေတဲ့ ခါးပိုက်နှိုက်မှု ဖြစ်စဉ်တွေကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။ ရန်ကုန် YBS ပေါ်က ခါးပိုက်နှိုက်တွေရဲ့ နည်းဗျူဟာတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်-

ရန်ကုန်မှာနေပြီး ဝိုင်ဘီအက်စ် စီးရတဲ့သူတိုင်း မဖြစ်မနေ သတိထားရမယ့် အရာကတော့ (ခါးပိုက်နှိုက်) ပါပဲ။ ၂ ကြိမ် ခါးပိုက်နှိုက်ခံရတဲ့ အတွေ့အကြုံအရ ခါးပိုက်နှိုက်အများစုက ကျောပိုးအိတ် (သို့) ဘေးလွယ်အိတ်အကြီးတွေ ပါတတ်တယ်။

အိတ်နဲ့ ကွယ်နှိုက်ရအောင် နေရာအတည်တကျ ဘယ်တော့မှမနေဘူး။ လူကျပ်တဲ့ နေရာတွေကို လိုက်ကပ်တယ်။ တစ်ယောက်ထဲ လာတာနည်းတယ်။ အဖွဲ့လိုက် လာတာများတယ်။

ဆင်းမလိုလိုနဲ့ ရှေ့က လူကို သူ့ဆီအာရုံ ရောက်အောင် (ဥပမာ၊ ဆင်းတော့မလား မေးပြီး) ဘေးကတစ်ယောက်ကနှိုက်တယ်။ မျက်လုံးက ဘယ်တော့မှ အငြိမ်မနေဘူး။ ကားပေါ် တက်လာတဲ့လူတွေကို လိုက်ကြည့်နေတယ်။ နှိုက်လို့ ရသွားပြီဆိုတာနဲ့ မီးပွိုင့် (သို့) ရောက်တဲ့မှတ်တိုင်ဆင်း ပြေးတော့တာဘဲ။

အရမ်းမြန်ပြီး ဘယ်ပျောက်သွားမှန်းတောင် မသိဘူး။ လိုက်ခဲ့ဖူးတယ်။ တွေ့တဲ့ တက်စီ ငှားပြီး ပြေးတာတွေလဲပါတယ်။ ခုနောက်ပိုင်း ကိုယ်တော့ သတိတအားထားဖြစ်လို့ ခါးပိုက်အနှိုက်မခံရပေမယ့် နေ့တိုင်းလိုလိုခံရတဲ့ သူတွေကို တွေ့လာလို့ သတိထားရအောင် ပြောပြပေးတာပါရှင့်။ အားလုံးပဲ ခါးပိုက်နှိုက်ရန်မှ ကင်းဝေးနိုင်ကြပါစေ။ (Thwel Thwel)

ရန္ကုန္မွာ လတ္တေလာ အျဖစ္မ်ားေနတဲ့ ခါးပိုက္ႏႈိက္မႈ ျဖစ္စဥ္ေတြေၾကာင့္ ျပည္သူေတြ စိတ္အေႏွာင့္အယွက္ ျဖစ္ေနရတယ္လို႔ သိရပါတယ္။ ရန္ကုန္ YBS ေပၚက ခါးပိုက္ႏႈိက္ေတြရဲ႕ နည္းဗ်ဴဟာေတြ အေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္-

ရန္ကုန္မွာေနၿပီး ဝိုင္ဘီအက္စ္ စီးရတဲ့သူတိုင္း မျဖစ္မေန သတိထားရမယ့္ အရာကေတာ့ (ခါးပိုက္ႏႈိက္) ပါပဲ။ ၂ ႀကိမ္ ခါးပိုက္ႏႈိက္ခံရတဲ့ အေတြ႕အႀကဳံအရ ခါးပိုက္ႏႈိက္အမ်ားစုက ေက်ာပိုးအိတ္ (သို႔) ေဘးလြယ္အိတ္အႀကီးေတြ ပါတတ္တယ္။

အိတ္နဲ႔ ကြယ္ႏႈိက္ရေအာင္ ေနရာအတည္တက် ဘယ္ေတာ့မွမေနဘူး။ လူက်ပ္တဲ့ ေနရာေတြကို လိုက္ကပ္တယ္။ တစ္ေယာက္ထဲ လာတာနည္းတယ္။ အဖြဲ႕လိုက္ လာတာမ်ားတယ္။

ဆင္းမလိုလိုနဲ႔ ေရွ႕က လူကို သူ႔ဆီအာ႐ုံ ေရာက္ေအာင္ (ဥပမာ၊ ဆင္းေတာ့မလား ေမးၿပီး) ေဘးကတစ္ေယာက္ကႏႈိက္တယ္။ မ်က္လုံးက ဘယ္ေတာ့မွ အၿငိမ္မေနဘူး။ ကားေပၚ တက္လာတဲ့လူေတြကို လိုက္ၾကည့္ေနတယ္။ ႏႈိက္လို႔ ရသြားၿပီဆိုတာနဲ႔ မီးပြိဳင့္ (သို႔) ေရာက္တဲ့မွတ္တိုင္ဆင္း ေျပးေတာ့တာဘဲ။

အရမ္းျမန္ၿပီး ဘယ္ေပ်ာက္သြားမွန္းေတာင္ မသိဘူး။ လိုက္ခဲ့ဖူးတယ္။ ေတြ႕တဲ့ တက္စီ ငွားၿပီး ေျပးတာေတြလဲပါတယ္။ ခုေနာက္ပိုင္း ကိုယ္ေတာ့ သတိတအားထားျဖစ္လို႔ ခါးပိုက္အႏႈိက္မခံရေပမယ့္ ေန႔တိုင္းလိုလိုခံရတဲ့ သူေတြကို ေတြ႕လာလို႔ သတိထားရေအာင္ ေျပာျပေပးတာပါရွင့္။ အားလုံးပဲ ခါးပိုက္ႏႈိက္ရန္မွ ကင္းေဝးႏိုင္ၾကပါေစ။ (Thwel Thwel)

 

Leave a Reply

Your email address will not be published. Required fields are marked *