ကြားသိရသမျှ

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်နီပလိုစီ ရဲ့ဆက်ဆံရေး……

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်နီ ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အကြောင်း၊ နောက်သူ့ ခရီးစဉ်နောက်ဆက်တွဲ တရုတ်နိုင်ငံက ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အကြောင်းကို လူစိတ်ဝင်စားနေကြချိန်မှာပဲ နန်နီ ပလိုစီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်ကတွေ့ဆုံခဲ့ကြတဲ့ ဓာတ်ပုံတွေကို မြန်မာပြည်တွင်းလူမှုကွန်ရက်အသုံးပြုသူတွေကြား ပြန်လည်မျှဝေကြ၊ ဖော်ပြနေကြတာတွေ့ရပါတယ်။

မစ္စစ်ပလိုစီဟာ ဒေါ်‌အောဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရစဉ် ၂၀၀၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို စာထုတ်တောင်းဆိုခဲ့ဖူးသူဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က ဆုချီးမြှင့်တဲ့အခါ အောက်လွှတ်တော် လူနည်းစုလွှတ်တော်အမတ်ခေါင်းဆောင်အနေနဲ့ မစ္စစ်ပလိုစီလည်း ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံရချိန်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် မဲအနိုင်ရမှုကို အမေရိကန်အောက်လွှတ်တော် အမတ်တစ်ဦးအနေနဲ့ ဂုဏ်ပြု ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်လာတဲ့အခါ မစ္စစ်ပလိုစီလည်း လိုက်ပါလာခဲ့ပြီး မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီအချိန်တုန်းက မစ္စစ် ပလိုစီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၇ နှစ်ရှိပြီဖြစ်သလို မစ္စစ် ပလိုစီကလည်း အသက် ၈၂ ထဲ ရောက်နေပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကတည်းက သူတို့ရဲ့ လူကိုယ်တိုင်တွေ့ဆုံမှုတွေကစတဲ့ ပုံရိပ်တွေကို ဘီဘီစီ ပရိသတ်တွေအတွက် ပြန်လည် စုစည်းဖော်ပြပေးလိုက်ပါတယ်။

crd BBC

ZAWGYI

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္နီ ပလိုစီရဲ႕ ထိုင္ဝမ္ခရီးစဥ္အေၾကာင္း၊ ေနာက္သူ႔ ခရီးစဥ္ေနာက္ဆက္တြဲ တ႐ုတ္ႏိုင္ငံက ဘယ္လိုတုံ႔ျပန္မလဲဆိုတဲ့အေၾကာင္းကို လူစိတ္ဝင္စားေနၾကခ်ိန္မွာပဲ နန္နီ ပလိုစီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ အရင္ကေတြ႕ဆုံခဲ့ၾကတဲ့ ဓာတ္ပုံေတြကို ျမန္မာျပည္တြင္းလူမႈကြန္ရက္အသုံးျပဳသူေတြၾကား ျပန္လည္မွ်ေဝၾက၊ ေဖာ္ျပေနၾကတာေတြ႕ရပါတယ္။

မစၥစ္ပလိုစီဟာ ေဒၚ‌ေအာဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ေနထိုင္ခဲ့ရစဥ္ ၂၀၀၉ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးဖို႔ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြကို စာထုတ္ေတာင္းဆိုခဲ့ဖူးသူျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္ကြန္ဂရက္စ္လႊတ္ေတာ္က ဆုခ်ီးျမႇင့္တဲ့အခါ ေအာက္လႊတ္ေတာ္ လူနည္းစုလႊတ္ေတာ္အမတ္ေခါင္းေဆာင္အေနနဲ႔ မစၥစ္ပလိုစီလည္း ဆုေပးပြဲကို တက္ေရာက္ခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၅ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေတာ္အမတ္အျဖစ္ေ႐ြးခ်ယ္ခံရခ်ိန္တုန္းကလည္း ေဒၚေအာင္ဆန္းစုၾကည္ မဲအႏိုင္ရမႈကို အေမရိကန္ေအာက္လႊတ္ေတာ္ အမတ္တစ္ဦးအေနနဲ႔ ဂုဏ္ျပဳ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သူျဖစ္ပါတယ္။

အဲဒီေနာက္ ၂၀၁၅ ခုႏွစ္၊ ဧၿပီလ ၁ ရက္မွာ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ ေနျပည္ေတာ္ကို ေရာက္လာတဲ့အခါ မစၥစ္ပလိုစီလည္း လိုက္ပါလာခဲ့ၿပီး ျမန္မာ့ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကိစၥေတြကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ အဲဒီအခ်ိန္တုန္းက မစၥစ္ ပလိုစီက သတင္းထုတ္ျပန္ခဲ့ပါတယ္။

အခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က အသက္ ၇၇ ႏွစ္ရွိၿပီျဖစ္သလို မစၥစ္ ပလိုစီကလည္း အသက္ ၈၂ ထဲ ေရာက္ေနၿပီျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုနီးပါးကတည္းက သူတို႔ရဲ႕ လူကိုယ္တိုင္ေတြ႕ဆုံမႈေတြကစတဲ့ ပုံရိပ္ေတြကို ဘီဘီစီ ပရိသတ္ေတြအတြက္ ျပန္လည္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

crd BBC

Leave a Reply

Your email address will not be published. Required fields are marked *