ကြားသိရသမျှ

ကော်ဖီမစ် ထုပ်သောက်မိပြီး ခဏအကြာမှာပဲ ကျောင်းထိုင် ဆရာတော် အပါအဝင် လူ ၅ဦး…..See More

တာချီလိတ်တွင် ပုံပါ ကော်ဖီမစ်ထုပ်အား သောက်မိပြီး လူ ၅ ဦး မူးလဲမှုဖြစ်ပွား

17 October 2022 (09:48 AM)

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ ယနေ့ နံနက်ပိုင်း (7:27) မိနစ်တွင် တာချီလိတ်မြို့နေ၊ ကျောက်တောင်ရပ်၊ နတ်မောက်ရွှေသဌေးကုန်းကျောင်းတိုက်တွင် (ပုံ) ပါ ကော်ဖီ ထုပ်များအား သောက်ပြီးနောက် ခဏအကြာတွင် (၅) ဦး ရုတ်တရက်မူးလဲသတိမေ့ပါသွားခဲ့ကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်းကတဆင့် သိရပါသည်။

ကျောင်းထိုင် ဆရာတော် ဥူးကေလာသ သက်တော် (54) နှစ်၊ ဦးပြုံးမောင် အသက် (53) နှစ်၊ ကိုနှင်းသန့်အောင် အသက် (32) နှစ်၊ ကိုရဲကိုမျိုး (19) နှစ်၊ ကိုထိန်လင်းဦး အသက် (27) နှစ်တို့ (၅) ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်ဟု သိရပါသည်။

“အခြေအနေတော့ ကောင်းမလာကြသေးဘူး၊ ဖြစ်နိုင်တာက သူများတွေ (ဒကာဒကာမတွေ) လာလှူတဲ့ပစ္စည်းတွေ ဖြစ်လိမ့်မယ်ထင်တယ်” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းက တာဝန်ခံတဦးက ပြောပါသည်။

ယခုထိ ကျောင်းထိုင်ဆရာတော် ဥူးကေလာသ သက်တော် (၅၄) နှစ်နှင့် ကိုနှင်းသန့်အောင် အသက် (၃၂) နှစ်တို့သည် အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း ပြောပါသည်။ ဘုန်းကြီးကျောင်းဝန်းထဲမှ ဆောက်လုပ်ရေးလုပ်သား ၁ ဦးက ၁-၂ ငုံသာ သောက်လိုက်ရပြီး ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။

Via_HsanLi Voice #HsanLoiVoice

Leave a Reply

Your email address will not be published. Required fields are marked *