ကြားသိရသမျှ

ကားဈေးတွေ ၂ ဆ ဖြစ်မှာစိုးလို့ ကားထုတ်လုပ်မှု ပြန်မစသေးဘူးလို့ ဆူဇူကီး မြန်မာထုတ်ပြန်

ဒေါ်လာရရှိမှုနဲ့ ကျပ်ငွေလဲနှုန်း အဆင်မပြေသေးတာကြောင့် ကားထုတ်လုပ်မှု ပြန်မစနိုင်သေးဘူးလို့ ဆူဇူကီး မြန်မာက ကြေညာလိုက်ပါတယ်။

တပ်ဆင်ထုတ်လုပ်တဲ့ ကားအစိတ်အပိုင်းတွေ ပြည်ပက တင်သွင်းရာမှာ နှောင့်နှေးမှုတွေရှိတဲ့အတွက် ကားထုတ်လုပ်မှုလုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဆူဇူကီးက ကြေညာခဲ့ပါတယ်။

လက်ရှိမှာ အစိတ်အပိုင်းတွေ တင်သွင်းလို့ ရနေပေမယ့် ဒေါ်လာဝယ်လို့ မရတာကြောင့် မတင်သွင်းနိုင်သလို ထုတ်လုပ်မှုလည်း မစနိုင်သေးတာဖြစ်တယ်လို့ ဆူဇူကီးမြန်မာ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြင်ပဈေးကွက်ကနေ ဒေါ်လာ ဝယ်ယူတင်သွင်းရင်လည်း ဈေးအမြင့်နဲ့ ဝယ်ရမှာဖြစ်တဲ့အတွက် ကားဈေးတွေ နှစ်ဆလောက် တက်သွားနိုင်တယ်လို့ သိရပါတယ်။ အခုလို ကားဈေး မတက်ချင်တဲ့အတွက် ထုတ်လုပ်မှုကို ဆက်ရပ်ထားတာ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ပြည်တွင်းကားဈေးကွက်ထဲမှာတော့ SKD ကားထုတ်လုပ်မှုတွေ မကြာခင် ပြန်စနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တိုယိုတာမြန်မာကုမ္ပဏီက ကားတပ်ဆင်ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုကြောင့် မြန်မာ့ကားဈေးကွက် လှုပ်ခတ်ခဲ့ပါတယ်။ တိုယိုတာကားတစီးကို သိန်း ၁၅၀၀ ကျော် ပေးရတဲ့အတွက်ကြောင့် အဆမတန် ဈေးမြင့်တက်နေတယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

zawgyi

ေဒၚလာရရွိမႈနဲ႔ က်ပ္ေငြလဲႏႈန္း အဆင္မေျပေသးတာေၾကာင့္ ကားထုတ္လုပ္မႈ ျပန္မစႏိုင္ေသးဘူးလို႔ ဆူဇူကီး ျမန္မာက ေၾကညာလိုက္ပါတယ္။

တပ္ဆင္ထုတ္လုပ္တဲ့ ကားအစိတ္အပိုင္းေတြ ျပည္ပက တင္သြင္းရာမွာ ေႏွာင့္ေႏွးမႈေတြရွိတဲ့အတြက္ ကားထုတ္လုပ္မႈလုပ္ငန္းေတြ ယာယီရပ္ဆိုင္းထားတယ္လို႔ ၿပီးခဲ့တဲ့ ဇူလိုင္လထဲမွာ ဆူဇူကီးက ေၾကညာခဲ့ပါတယ္။

လက္ရွိမွာ အစိတ္အပိုင္းေတြ တင္သြင္းလို႔ ရေနေပမယ့္ ေဒၚလာဝယ္လို႔ မရတာေၾကာင့္ မတင္သြင္းႏိုင္သလို ထုတ္လုပ္မႈလည္း မစႏိုင္ေသးတာျဖစ္တယ္လို႔ ဆူဇူကီးျမန္မာ ရဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ျပင္ပေဈးကြက္ကေန ေဒၚလာ ဝယ္ယူတင္သြင္းရင္လည္း ေဈးအျမင့္နဲ႔ ဝယ္ရမွာျဖစ္တဲ့အတြက္ ကားေဈးေတြ ႏွစ္ဆေလာက္ တက္သြားႏိုင္တယ္လို႔ သိရပါတယ္။ အခုလို ကားေဈး မတက္ခ်င္တဲ့အတြက္ ထုတ္လုပ္မႈကို ဆက္ရပ္ထားတာ ျဖစ္တယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။ ျပည္တြင္းကားေဈးကြက္ထဲမွာေတာ့ SKD ကားထုတ္လုပ္မႈေတြ မၾကာခင္ ျပန္စႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက တိုယိုတာျမန္မာကုမၸဏီက ကားတပ္ဆင္ထုတ္လုပ္မႈ စတင္ေနၿပီ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့မႈေၾကာင့္ ျမန္မာ့ကားေဈးကြက္ လႈပ္ခတ္ခဲ့ပါတယ္။ တိုယိုတာကားတစီးကို သိန္း ၁၅၀၀ ေက်ာ္ ေပးရတဲ့အတြက္ေၾကာင့္ အဆမတန္ ေဈးျမင့္တက္ေနတယ္လို႔လည္း ေဝဖန္မႈေတြ ထြက္ေပၚေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *