ကြားသိရသမျှ

YBS မောင်းပြီး ကိုယ်ပိုင်အိမ်ဝယ်နိုင်တဲ့အထိ ကြိုးစားရုန်းကန်ခဲ့တဲ့ အမျိုးသမီးယာဉ်မောင်း မယဉ်ယဉ်အေး

YBS မောင်းပြီး ကိုယ်ပိုင်အိမ်ဝယ်နိုင်တဲ့အထိ ကြိုးစားရုန်းကန်ခဲ့တဲ့ အမျိုးသမီးယာဉ်မောင်း မယဉ်ယဉ်အေး

Image Credit to Myanmar Celebrity TV

ရန်ကုန်မြို့မှာ YBS မောင်းပြီး မိဘနှစ်ပါးကိုကျွေးမွေးပြုစုရင်း ၅ နှစ်တာကာလအတွင်းမှာကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ယူနိုင်ခဲ့ပြီလို့ဆိုလာတဲ့YBSအမျိုးသမီးယာဉ်မောင်းဖြစ်သလို single mother တစ်ဦးလည်းဖြစ်တဲ့ မယဉ်ယဉ်အေး အကြောင်းဖော်ပြပေးလိုက်ပါတယ်။

မယဉ်ယဉ်အေးက“YBS ကားမောင်းလာတာ(၅)နှစ်ရှိပါပြီ။ ကားမပျက်ဘူးဆိုရင်တစ်လဝင်ငွေ(၅) သိန်း ဝန်းကျင်လောက်ရပါတယ်။

အသက် (၁၅) နှစ်လောက်မှာ အိမ်ထောင်ကျခဲ့တယ်။ခင်ပွန်းကစောင့်ရှောက်မှုတွေမပေးနိုင်တော့ မိဘဆီ ပြန်လာနေခဲ့ပြီး Single Mom/တစ်ခုလပ်ဘဝနဲ့ရပ်တည်ခဲ့တယ်။

ကိုယ့်အား ကိုယ်ကိုးရင်း ကြိုးစားခဲ့တာ အခုဆိုမိသားစုကို အိုးပိုင်အိမ်ပိုင်နဲ့ထားနိုင်ပါပြီ”လို့ သူမဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းကိုပြောပြထားပါတယ်။

ဘဝမှာ ဘယ်လိုပဲခက်ခဲကြမ်းတမ်းနေပါစေ သူမဟာ စိတ်အားငယ်မနေပဲ ရရှိလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့သူဦးလည်းဖြစ်ပါတယ်။

Image Credit to Myanmar Celebrity TV

YBS ကားစမောင်းဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး သူမက ခုလို ပြောပြထားပါတယ်။

”၂၀၁၀ ခုနှစ်မှာ ယာဥ်မောင်းလိုင်စင်ရရှိထားသူဖြစ်ပြီး ယာဥ်မောင်းအလုပ်မလုပ်မှီ စက်ချုပ်အလုပ်ကို လုပ်ကိုင်စားသောက်နေခဲ့ပါတယ်။ တစ်နေ့မှာ သတင်းစာထဲမှာ အမျိုးသမီးယာဥ်မောင်းသင်တန်းခေါ်တာကို တွေ့ရှိသွားပြီး သွားရောက်လျှောက်ခဲ့ရာကနေ YBS အမျိုးသမီးယာဥ်မောင်း စတင်ဖြစ်လာခဲ့တယ်။

၉၄ ယာဥ်လိုင်းမှာ အမျိုးသမီးယာဥ်မောင်း အယောက် ၃၀ ခေါ်ခဲ့ရာကနေ စကာတင် ၂ ယောက်ပဲ ရပ်တည်နိုင်ခဲ့တယ်။ လူထုမေတ္တာကုမ္ပဏီကို ကျေးဇူးဆပ်နေပါတယ်။ အခုဆို လုပ်လာတာ ၅ နှစ်ရှိပါပြီ။

စစချင်းမှာတော့ ကြောက်တာပေါ့။ တခြားကားကြီးတွေကို ကြောက်တာပေါ့။ YBS မောင်းရုံနဲ့တော့ ဘဝတလျှောက်လုံးကိုဖြတ်သန်းဖို့မလွယ်ဘူး။ ကိုယ်ပိုင်အလုပ်လေးလုပ်ဖို့လည်း ရည်ရွယ်ထားတယ်လို့” ဆိုပါတယ်။

Image Credit to Myanmar Celebrity TV

Single mother တစ်ယောက်အနေနဲ့ ဘဝကိုဖြတ်သန်းရင်း မိဘကျေးဇူးကိုဆပ်နေတဲ့ YBS အမျိုးသမီးယာဥ်မောင်း မယဥ်ယဥ်အေးအတွက်လည်း အားပေးစကားပြောပေးခဲ့ကြပါအုံးနော်။

Source: Myanmar Celebrity TV

Leave a Reply

Your email address will not be published. Required fields are marked *