ဘဝဘယ်တော့မှမမေ့ပါဘူး၊ သူတောင်းစာဟာသူတောင်းစားပါဘဲ
ကျွန်မတို့ဆက်ပြီးပလုံလည်းမကောက်တော့ပါဘူး၊အကြွေးတွေလည်းကျေပါပြီ။
ဘယ်သားသမီးမှလည်း ပလုံမကောက်ခိုင်းတော့ပါဘူး။ ဈေးရောင်းဖို့တော့စဉ်းစားနေပါတယ်။ အခုလိုင်းခန်းလေးမှာ အခန်း ၃၀ကျော်ရှိပါတယ်၊ အားလုံးကတော့ ပလုံကောက်ကြသူတွေများတယ်၊
ကျွန်မတို့အခန်းလေးက ဆယ်ပေပတ်လည်လေးပေါ့၊ ဒီနေရာမှာအိပ်၊ ဒီနေရာမှာစားပဲလုပ်ကြပါတယ်၊ မိသားစုအားလုံးကတော့ ဆယ်ယောက်နေကြတာပေါ့၊
ဒီနေရာလေးမှာ နေတာကလည်း အနှစ် ၂၀ကျော်ပါပြီး အခြားသူတွေလည်း ပလုံကောက်ရင်းအသက်မွေးဝမ်းကြောင်းပြုနေရတာ။
ခုဆိုအားလုံးပလုံကောက်ရတာအဆင်မပြေကြတော့ဘူး။ တစ်ခါတရံ လ္ဘက်သုပ်လေးနဲပဲ ထမင်းဖြစ်သလိုစားနေကြရတာပါ။
ကျွန်မကတော့ ဘယ်သားသမီးမှ ပလုံမကောက်ခိုင်းတော့ပါဘူး။ ဈေးလေးရောင်းဖို့ စီစဉ်နေပါတယ်။
တချို့ကပြောကြတယ်ဘဝမေ့သွားပီလား၊ ဘဝကကတော့ ဘယ်တော့မှမမေ့ပါဘူး ဒီပလုံကောက်တဲ့ဘဝကို ဘယ်တော့မမမေ့သလို သူတောင်းစားဟာ သူတောင်းစားပါဘဲ
Zawgyyifont
ဘဝလဲဘယ္ေတာ့မွမေမ့ပါဘူး၊ သူေတာင္းစာဟာသူေတာင္းစားပါဘဲ
ကြၽန္မတို႔ဆက္ၿပီးပလုံလည္းမေကာက္ေတာ့ပါဘူး၊အေႂကြးေတြလည္းေက်ပါၿပီ။
ဘယ္သားသမီးမွလည္း ပလုံမေကာက္ခိုင္းေတာ့ပါဘူး။ ေဈးေရာင္းဖို႔ေတာ့စဥ္းစားေနပါတယ္။ အခုလိုင္းခန္းေလးမွာ အခန္း ၃၀ေက်ာ္ရွိပါတယ္၊ အားလုံးကေတာ့ ပလုံေကာက္ၾကသူေတြမ်ားတယ္၊
ကြၽန္မတို႔အခန္းေလးက ဆယ္ေပပတ္လည္ေလးေပါ့၊ ဒီေနရာမွာအိပ္၊ ဒီေနရာမွာစားပဲလုပ္ၾကပါတယ္၊ မိသားစုအားလုံးကေတာ့ ဆယ္ေယာက္ေနၾကတာေပါ့၊
ဒီေနရာေလးမွာ ေနတာကလည္း အႏွစ္ ၂၀ေက်ာ္ပါၿပီး အျခားသူေတြလည္း ပလုံေကာက္ရင္းအသက္ေမြးဝမ္းေၾကာင္းျပဳေနရတာ။
ခုဆိုအားလုံးပလုံေကာက္ရတာအဆင္မေျပၾကေတာ့ဘူး။ တစ္ခါတရံ လၻက္သုပ္ေလးနဲပဲ ထမင္းျဖစ္သလိုစားေနၾကရတာပါ။
ကြၽန္မကေတာ့ ဘယ္သားသမီးမွ ပလုံမေကာက္ခိုင္းေတာ့ပါဘူး။ ေဈးေလးေရာင္းဖို႔ စီစဥ္ေနပါတယ္။
တခ်ိဳ႕ကေျပာၾကတယ္ဘဝေမ့သြားပီလား၊ ဘဝကကေတာ့ ဘယ္ေတာ့မွမေမ့ပါဘူး ဒီပလုံေကာက္တဲ့ဘဝကို ဘယ္ေတာ့မမေမ့သလို သူေတာင္းစားဟာ သူေတာင္းစားပါဘဲ
အပြားေလးရဲ႕မိခင္ . ေဒၚသိဂႌဝင္း