4.Nov.2021 မှ 10.Nov.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း ရပ်တန့်ထားတဲ့အလုပ်စီးပွားတွေပြန်လည်ပတ်ခွင့်ရလာပါလိမ့်မယ်။ ထင်မှတ်မထားတဲ့ အကူအညီတွေရလိမ့်မယ်။ ကာလရှည်ကြာအလုပ်ရှာနေသူများ အလုပ်ကောင်းရဖို့အခွင့်အလမ်းတွေပေါ်လာတတ် ပါတယ်။

အိမ်တွင်းရေးဆူဆူပူပူရှိပေမဲ့ မိသားစုစီးပွားရေးများတိုးတတ်လာဖွယ်ရှိနေပါတယ်။ ရပ်ဝေး၊နိုင်ငံခြား ရောက်နေတဲ့သားသမီးတွေရဲ့အထောက်အပံ့တွေရလာနိုင်ပါတယ်။ အိမ်အနီးအနားမှာ ကလေးမီးဖွားတယ်ဆိုတဲ့ နိမိတ်ကောင်းတွေ့ပါက ထီကံစမ်းလိုက်ပါ။

သတိထားစရာကိစ္စတွေက စပ်တူ၊ရှယ်ယာ၊အစုစပ်အလုပ်များ ညှိနှိုင်း ဆွေးနွေးရခက်ခဲနေတတ်ပါတယ်။ ငွေကြေးထပ်မံရင်းနှီးမြုပ်နှံဖို့အတွက်တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာ တွေဖြစ်ရတတ်ပါတယ်။

ကျန်းမာရေးအတွက် စိုးရိမ်ဖို့ မလိုသေးပေမဲ့…အသေးအမွှား အာဂန္တုရောဂါလောက်တော့ ဖြစ်ရတတ်ပါတယ်။ ခြေထောက်ထိခိုက်လွယ်တဲ့ကာလဖြစ်တာမို့ အလျင်စလိုသွားလာတာမျိုးရှောင်လိုက်ပါ။

အချစ်ရေးမှာ မိမိအပေါ် အရာရာအပြစ်မြင်နေတဲ့ချစ်သူကို စိတ်ကုန်နေမိတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တစ်ယောက်တစ်ခွန်း စကားများရာကနေ ကြီးကျယ်တဲ့ ရန်ပြဿနာကြုံရတတ်ပါတယ်။ ပညာရေးမှာတော့ အကြီး အကဲတွေရဲ့ ဂရုစိုက်ထောက်ပံ့မှုကြောင့်အခြေအနေတိုးတတ်နိုင်ပါတယ်။

အကျိုးပေးဂဏန်း ၁/၈/၄ အထူးဟော အလုပ်တွေကောင်းလာဖွယ်ရှိပါတယ် ယတြာ မုန့်ဟင်းခါးတစ်ပွဲ ဘုရားရှင်ကိုကပ်လှူလိုက်ပါ

တနင်္လာ

အတွေးကောင်း၊စိတ်ကူးကောင်းတွေရှိပေမဲ့ အကောင်အထည်ဖော်ဖို့ ငွေအား၊လူအားလိုအပ်နေချိန်ပါပဲ။ စိတ်အလိုမလိုက်မိဖို့ လိုအပ်ပါတယ်။ လူငယ်များစိတ်အလိုလိုက်ပြီးဆင်ခြင်တုံတရားနည်းသွားတတ်တဲ့ကာလပါပဲ။

တစ်ခုခုစဉ်းစားမယ်ဆိုအတ္တကို ရှေ့တန်းတင်နေမိတတ်ပါတယ်။ကလေးငယ်များ ရေမဆော့သင့်ဘူးလို့မြင်ပါတယ်။ မြစ်ချောင်း၊အင်းအိုင်တွေမှာ ရေဆော့မိရာက ရေအန္တရာယ် ကြုံရတတ်ပါတယ်။

ငွေကြေးအတွက် ဒီကာလမှာ ကြီး ကြီးမားမား သုံးရတော့မယ်ဆို…’’ဘယ်အတွက် သုံးမှာလဲ…တကယ်ရောလိုအပ်ရဲ့လား ‘’ သေချာတွေးပြီးမှငွေကိုသုံးဖို့ သတိပေးလိုပါတယ်။ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတတ်တဲ့ကာလပါပဲ။

ငွေရှာနေသူများ ငွေက လိုက်လေဝေးလေဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်လို့ အလွယ်ရချင်တဲ့စိတ်ကြောင့် လောင်းကစားကိစ္စ တွေလုပ်မိရင်တော့ ရှိတာပြောင်သွားတတ်ပါတယ်။ ကျန်းမာရေးဂရုစိုက်ဖို့မလိုပေမဲ့ အချိုအစိမ့်နှင့် အရက်သေစာ ရှောင်သင့်တဲ့ကာလပါပဲ။

အချစ်ရေးကိစ္စတွေမှာ မိမိချစ်သူနဲ့ တွေ့ဆုံဖို့ခက်ခဲနေတတ်ပါတယ်။ ကိုယ့်အလုပ်နဲ့ကိုယ် နှစ်ကိုယ်ကြားတွေ့ဆုံချိန်နည်းပါးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်အတွက်အရာရာဖြည့်ဆည်း ပေးနေရပါလိမ့်မယ်။

ပညာရေးမှာတော့ မိမိကိုယ်တိုင် ကျောင်း၊သင်တန်းသွားဖို့ စိတ်မပါဖြစ်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၆/၉ အထူးဟော ကံအညံ့လေးတွေ ရောပါနေနိုင်တဲ့ကာလပါပဲ ယတြာ ဂျယ်လီလေးတွေဝယ်ပြီး နီးစပ်ရာကလေးတွေကို ဝေကျွေးလိုက်ပါ

အင်္ဂါ

အစားမှန်၊အအိပ်မှန်ဖို့လိုပါတယ်။ ကျန်တဲ့ကိစ္စထက် ကျန်းမာရေးအားအနည်းဆုံးကြုံရနိုင်တဲ့ကာလမို့ပါပဲ။ အားဆေးတွေဒီကာလသောက်ပါ။ အားရှိတဲ့အစားအစာတွေစားပေးပါ။ ငွေရှာရလွယ်ကူတာမျိုးတွေရှိပေမဲ့ ငွေ ကြောင့် လူအရမ်းပင်ပန်းသွားရတတ်ပါတယ်။

အလုပ်ပိုတွေကိစ္စပိုတွေရှိနေနိုင်ပါတယ်။ အထူးသဖြင့်လူမှုရေးကိစ္စ တွေကြောင့် ကိုယ့်အလုပ်တွေလစ်ဟင်းတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဝန်ထမ်းများမိမိအောက်ကဝန်ထမ်းတွေ ခွင့်ယူတာမျိုးတွေကြုံရတတ်ပြီး အလုပ်တွေနှစ်ဆလုပ်နေရတတ်ပါတယ်။

စက်ပစ္စည်းနဲ့ပတ်သက်ပြီး တစ်ပတ်ရစ် ပစ္စည်းတွေဝယ်ယူရတာမျိုးတွေကြုံရတတ်ပါတယ်။ ငွေအပိုကုန်တာမျိုးတွေဖြစ်တတ်တာမို့ အသုံးအစွဲတော့ တတ် နိုင်သလောက်လျော့ချစေချင်ပါတယ်။ အရင်ကတည်းက စိတ်ကြီး ဒေါသကြီးသူများအဘက်ဘက်က ရန်များလာ တာမျိုးဖြစ်တတ်ပါတယ်။

တတ်နိုင်သမျှသည်းခံစိတ်မွေးဖို့လိုပါတယ်။ စိတ်တူသဘောတူမိတ်ဆွေကောင်းထက် မိမိ ဆီကဘယ်လို အမြတ်ထုတ်ရမလဲလို့စဉ်းစားနေသူတွေများပါလိမ့်မယ်။ အွန်လိုင်းအလုပ်များ၊ကြားကချိတ်ဆက် ပေးရတဲ့အလုပ်များအဆင်ပြေချောမွေ့ပါလိမ့်မယ်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူရည်းစားရဲ့ အကူအညီတွေ အများကြီးရလာတတ်ပါတယ်။ အိမ်ထောင်ရေးသာယာဖြောင့်ဖြူးပါလိမ့်မယ်။ ပညာရေးအတွက် အချိန်ပေးဖို့ အချိန်မလောက်မငဖြစ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၇/၀ အထူးဟော ကျန်းမာရေးဂရုပြုပါ ယတြာ အုန်းရည်ဘုရားကပ်လှူပေးပါ

ဗုဒ္ဓဟူး၊ရာဟု

လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ကောင်းသောစိတ်နဲ့သာလုပ်ပါ။ ထင်ရှားစွာအောင်မြင်ပါလိမ့်မယ်။ စိတ်ကူး အယူအဆတွေကောင်းနေတတ်တယ်။ မိမိတွေးသမျှလက်တွေ့မှန်ကန်နေတတ်ပါတယ်။ လုပ်သမျှ သုခဆိုတာမျိုး လဲကြုံနေရတတ်ပါတယ်။

လူမှုဆက်ဆံရေးအားကောင်းပါလိမ့်မယ်။ လူအများရဲ့ယုံကြည်ကိုးစားမှုကိုရရှိလာပါလိမ့် မယ်။ငွေကြေးအဝင်များသလို အထွက်များပါလိမ့်မယ်။ အလှူအတန်းတွေကိုယ်တိုင်ကြုံရတတ်သလို သူများအလှူ တွေမှာလဲ မိမိကဦးဆောင်လှူခွင့်ရလာတတ်ပါတယ်။

စိတ်ကူးထက် လက်တွေ့အကောင်အထည်ဖော်လုပ်ကိုင်ခြင်း ဖြင့် တိုးတတ်မှုတွေရယူနိုင်ပါလိမ့်မယ်။ သားသမီးတွေအတွက် ရည်မှန်းပြီးဆောင်ရွက်တဲ့ကိစ္စတွေကအဆင်ပြေ လွယ်ကူချောမွေ့နိုင်ပါလိမ့်မယ်။ ထင်ထားသည်ထက်ပိုမို တိုးတတ်ဖွယ်ရှိတဲ့ကာလပါပဲ။

လုပ်ငန်းရှင်များ ဖောက် သည်အသစ်တွေရလာနိုင်တာကိုတွေ့ရပါတယ်။ သားသမီးတွေက ဆိုဆုံးမနာခံလွယ်တဲ့ကာလပါပဲ။ ကျန်းမာရေး ကောင်းမွန်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ရောဂါဟောင်းတွေပြန်ဖြစ်တတ်ပါတယ်။

အချစ်ရေးမှာ ချစ်သူက မိမိအပေါ်နားလည်မှုမပေးနိုင်တာမျိုးကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးအတွက်စိတ်ပူစရာတော့မလိုသေးပါဘူး။ ပြေလည်မှုတွေရရှိတတ်ပါတယ်။ ပညာရေးမှာတော့ ကိုယ်တိုင်က စီးပွားရေးပညာတွေလေ့လာလိုစိတ်ရှိနေပါ တယ်။

အကျိုးပေးဂဏန်း ၁/၀/၈ အထူးဟော ကံမြင့်မားနေမယ် ယတြာ အာလူးကြော်ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

အရပ်ဝေးသို့ ရောက်ရှိနေသော မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ ရောက်လာရတတ်ပါသည်။ သူတို့ဆီမှာ သတင်းကောင်း၊ အဆက်အသွယ်ကောင်းတွေလည်း ပါလာတတ်ပါသည်။ အရပ်ဝေးနှင့် ပတ်သက်ပြီး ငွေဝင်တာ တွေ ငွေကိစ္စခရီးသွားရတာ တွေ၊

ထီပေါက်သလို ငွေဝင်လာတာမျိုးတွေ ကြုံတွေ့နေရတတ်ပါသည်။ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စတွေအတွက်လည်း ခရီးများနေရတတ်ပါသည်။ စာချုပ်၊ စာတမ်းများ ပြန်လည်ချုပ်ဆိုရလိမ့်မည်။ ကတိပျက်သူများထံမှ ကတိသစ်ကို ပြန်လည်ရရှိမည်။

ဝန်ထမ်းများလုပ်ငန်းခွင်တွင်ရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး၊ ဆက်ဆံသူ များ ကြောင့် ပြဿနာများ တစ်မျိုးပြီးတစ်မျိုးဖြစ်မည်။ အခက်အခဲများကို ဖြေရှင်း၍ ထူးခြား သောတိုးတတ်မှုများ ကြုံ တွေ့ရလိမ့်မည်။ အမှုအခင်းပြဿနာများ ဖြေရှင်းနိုင်လိမ့်မယ်။

မိသားစုအတွင်း အငြင်းပွား ဖွယ်ရာ များနှင့် ထိပ်တိုက်တွေ့တတ်သည်။ ငွေကြေးအပေးအယူကိစ္စတွင် အများအပြားချေးငှားလိုက်တာမျိုးတွေ တော့ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးသိသိသာသာကောင်းမွန်နေပါလိမ့်မယ်။

အချစ်ရေးအတွက် စိတ်ချမ်း သာပျော်ရွှင်ရမယ်။ချစ်သူသစ်လဲရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကျန်းမာရေးညံ့ဖျင်းနေ တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ပညာရေးအတွက် ကောင်းသောအပြောင်းအလဲတွေကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော ငွေကံကောင်းနေတတ်ပါတယ် ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ

သောကြာ

ငွေကြေးအခက်အခဲများ ဖြေရှင်းနိုင်မည်။ ရင်းနှီးသောသူများနှင့် စကားများ၊ ရန်ဖြစ်ရမည်။ ဆန့်ကျင်ဘက် ပြုသော သူများနှင့် ကြုံတွေ့နေရမည်။ခိုက်ရန်ဖြစ်ပွားမှုမှ ကိုယ်အင်္ဂါချို့ယွင်းမှုအထိ ဒဏ်ရာများ ရရှိတတ်ပါသည်။ ပစ္စည်း မလှောင်ရ။

လုပ်ငန်းအတွက်ဆုံးဖြတ်ချက်များ မှားယွင်းခြင်းကြောင့် ဆုံးရှုံးခြင်းများ ရှိနေမည်။ ရွှေပုံပေါ်မှ အဆိပ်ဖြူးသောကာလများ ဖြစ်ပေရာ ကောင်းခြင်း၏ နောက်ကွယ်၌ အဆိုးအညံ့များ ဖုံးလွှမ်းနေပေ သည်။လုပ်ရိုး လုပ်စဉ် မဟုတ်သည့် ကိစ္စမှန်သမျှ အထူးသတိရှိရမည်။

ရရှိထားသော ဘဝ အခြေ အနေ များအပေါ် မနာလိုသူ များကြောင့် စိတ်ရှုပ်ထွေးစရာများနှင့် ကြုံတွေ့နေရမည်။ ဝေးကွာနေသော မိတ် ကောင်း၊ ဆွေကောင်းများနှင့် ပြန်လည်ဆုံတွေ့ ရမည်။ လူမှုရေးကိစ္စများအတွက် အချိန်ပေးနေရမည်။

ဝန်ထမ်းများတိုက်ရိုက် မဟုတ်သော်လည်း တာဝန် မကင်းသော ပြဿနာငယ်ကို အကျယ်ချဲ့ပြီး အတိုင်အတောထူသော သူများကြောင့် စိတ်ရှုတ်ရ တတ်ပါ သည်။ ပစ္စည်းပျောက် တတ်သည်။ ခါးပိုက်နှိုက်ခံရတတ်သည်။

အိမ်တွင် သူခိုးကပ်တတ်သည်။ ကျန်းမာရေးအထူး ကောင်းပေမဲ့ ရေချိုးမှားတတ်လို့ ရေချိုးဆင်ခြင်ပါ။ အချစ်ရေးပြေလည်မှုတွေရလာမယ်။ အိမ်ထောင်ရေးကိစ္စတွေ မှာ မိမိရဲ့သဘောထားကြီးမှုကြောင့်အစစအရာရာပြေလည်သွားမယ်။

အကျိုးပေးဂဏန်း ၂/၃/၉ အထူးဟော အရာရာသတိနဲ့ဆောင်ရွက်ပါ ယတြာ ဇီးဖျော်ရည်တစ်ခွက်ဘုရားကပ်ပါ

စနေ

မမျှော်မှန်းထားသော တိုးတတ်အောင်မြင်မှုကို ရရှိမည်။ အဆင်ပြေမည်။ အလိုရှိရာ ပြည့်စုံနေမည်။ စိတ် ချမ်းမြေ့ဖွယ်ရာများ ကြုံတွေ့ရမည်။ ငွေကြေးအရင်းအနှီး၊ အဓိကမဟုတ်ပဲ ကိုယ်ပိုင်ဉာဏ်၊ အရည်အချင်း ထက် မြက် မှုကို အခြေတည်၍

ဆောင်ရွက်မှု၏ ကောင်းသော အကျိုးဆက်ကို ရရှိမည်။ ရည်ရွယ်ချက်များ ပြည့် မြောက် မည်။ အပြောင်းအလဲနှင့် တိုးတတ်အောင်မြင်မှုများ ရရှိမည်။ အရပ်ဝေးနှင့် ဆက်သွယ်၍ အကျိုးဆက်ကောင်း များကို လက်တွေ့ ဖြစ်ပေါ်ပိုင်ဆိုင်ခွင့်များရရှိမည်။

ပညာအတတ်နှင့် ပတ်သက်သော အခွင့်အရေးကောင်းများ ရရှိမည်။ ကျန်းမာရေး အတွက်ကတော့ ငွေကုန်ကြေးကျ များရတတ်ပေမဲ့ ကျန်းမာရေးကကုသလွယ်တဲ့ ရောဂါမျိုး သာဖြစ်တတ်ပါတယ်။

ဝန်ထမ်းများသတိထားဖို့က အရေး ကြီးသော စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးရ တတ် ပါတယ်။ ရာခိုင်နှုန်းနဲ့ငွေလဲသူများ မသိတဲ့သူတွေဆီငွေလဲ မယ်ဆို ငွေလိမ်ခံရ တာတွေ ဖြစ်တတ်ပါတယ်။

အွန်လိုင်း ကပစ္စည်းဝယ်မယ်ဆို လိမ်လည်တဲ့ page တွေကနေဝယ်မိ တတ်တဲ့ကာလဖြစ်ပါတယ်။အချစ်ရေးစန်းပွင့်နေပါလိမ့် မယ်။ လက်ထပ်ဖို့ စေ့စပ်ဖို့ကိစ္စတွေတိုင်ပင်လို့ကောင်းပါတယ်။

အိမ်ထောင်သည်များလဲ စန်းပွင့်နေချိန်မို့ မိမိကိုယ် တိုင်ဆင်ခြင်နေဖို့လိုပါတယ်။ ပညာရေးမှာတော့ အားရစရာကောင်းတဲ့ ပညာရပ်တွေရရှိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၄/၈ အထူးဟော ကံသင့်ပါတယ် ယတြာ ထောပတ်ထမင်း ဘုရားကပ်လှူပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

Zawgyi

4.Nov.2021 မွ 10.Nov.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီတစ္ပတ္အတြင္း ရပ္တန႔္ထားတဲ့အလုပ္စီးပြားေတြျပန္လည္ပတ္ခြင့္ရလာပါလိမ့္မယ္။ ထင္မွတ္မထားတဲ့ အကူအညီေတြရလိမ့္မယ္။ ကာလရွည္ၾကာအလုပ္ရွာေနသူမ်ား အလုပ္ေကာင္းရဖို႔အခြင့္အလမ္းေတြေပၚလာတတ္ ပါတယ္။

အိမ္တြင္းေရးဆူဆူပူပူရွိေပမဲ့ မိသားစုစီးပြားေရးမ်ားတိုးတတ္လာဖြယ္ရွိေနပါတယ္။ ရပ္ေဝး၊ႏိုင္ငံျခား ေရာက္ေနတဲ့သားသမီးေတြရဲ႕အေထာက္အပံ့ေတြရလာႏိုင္ပါတယ္။ အိမ္အနီးအနားမွာ ကေလးမီးဖြားတယ္ဆိုတဲ့ နိမိတ္ေကာင္းေတြ႕ပါက ထီကံစမ္းလိုက္ပါ။

သတိထားစရာကိစၥေတြက စပ္တူ၊ရွယ္ယာ၊အစုစပ္အလုပ္မ်ား ညႇိႏႈိင္း ေဆြးေႏြးရခက္ခဲေနတတ္ပါတယ္။ ေငြေၾကးထပ္မံရင္းႏွီးျမဳပ္ႏွံဖို႔အတြက္တစ္ေယာက္နဲ႔တစ္ေယာက္ အျမင္မတူတာ ေတြျဖစ္ရတတ္ပါတယ္။

က်န္းမာေရးအတြက္ စိုးရိမ္ဖို႔ မလိုေသးေပမဲ့…အေသးအမႊား အာဂႏၲဳေရာဂါေလာက္ေတာ့ ျဖစ္ရတတ္ပါတယ္။ ေျခေထာက္ထိခိုက္လြယ္တဲ့ကာလျဖစ္တာမို႔ အလ်င္စလိုသြားလာတာမ်ိဳးေရွာင္လိုက္ပါ။

အခ်စ္ေရးမွာ မိမိအေပၚ အရာရာအျပစ္ျမင္ေနတဲ့ခ်စ္သူကို စိတ္ကုန္ေနမိတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ တစ္ေယာက္တစ္ခြန္း စကားမ်ားရာကေန ႀကီးက်ယ္တဲ့ ရန္ျပႆနာႀကဳံရတတ္ပါတယ္။ ပညာေရးမွာေတာ့ အႀကီး အကဲေတြရဲ႕ ဂ႐ုစိုက္ေထာက္ပံ့မႈေၾကာင့္အေျခအေနတိုးတတ္ႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၈/၄ အထူးေဟာ အလုပ္ေတြေကာင္းလာဖြယ္ရွိပါတယ္ ယၾတာ မုန႔္ဟင္းခါးတစ္ပြဲ ဘုရားရွင္ကိုကပ္လႉလိုက္ပါ

တနလၤာ

အေတြးေကာင္း၊စိတ္ကူးေကာင္းေတြရွိေပမဲ့ အေကာင္အထည္ေဖာ္ဖို႔ ေငြအား၊လူအားလိုအပ္ေနခ်ိန္ပါပဲ။ စိတ္အလိုမလိုက္မိဖို႔ လိုအပ္ပါတယ္။ လူငယ္မ်ားစိတ္အလိုလိုက္ၿပီးဆင္ျခင္တုံတရားနည္းသြားတတ္တဲ့ကာလပါပဲ။

တစ္ခုခုစဥ္းစားမယ္ဆိုအတၱကို ေရွ႕တန္းတင္ေနမိတတ္ပါတယ္။ကေလးငယ္မ်ား ေရမေဆာ့သင့္ဘူးလို႔ျမင္ပါတယ္။ ျမစ္ေခ်ာင္း၊အင္းအိုင္ေတြမွာ ေရေဆာ့မိရာက ေရအႏၲရာယ္ ႀကဳံရတတ္ပါတယ္။

ေငြေၾကးအတြက္ ဒီကာလမွာ ႀကီး ႀကီးမားမား သုံးရေတာ့မယ္ဆို…’’ဘယ္အတြက္ သုံးမွာလဲ…တကယ္ေရာလိုအပ္ရဲ႕လား ‘’ ေသခ်ာေတြးၿပီးမွေငြကိုသုံးဖို႔ သတိေပးလိုပါတယ္။ ငယ္ေပါင္းႀကီးေဖာ္သူငယ္ခ်င္းေတြနဲ႔ ျပန္ဆုံရတတ္တဲ့ကာလပါပဲ။

ေငြရွာေနသူမ်ား ေငြက လိုက္ေလေဝးေလျဖစ္ရတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္လို႔ အလြယ္ရခ်င္တဲ့စိတ္ေၾကာင့္ ေလာင္းကစားကိစၥ ေတြလုပ္မိရင္ေတာ့ ရွိတာေျပာင္သြားတတ္ပါတယ္။ က်န္းမာေရးဂ႐ုစိုက္ဖို႔မလိုေပမဲ့ အခ်ိဳအစိမ့္ႏွင့္ အရက္ေသစာ ေရွာင္သင့္တဲ့ကာလပါပဲ။

အခ်စ္ေရးကိစၥေတြမွာ မိမိခ်စ္သူနဲ႔ ေတြ႕ဆုံဖို႔ခက္ခဲေနတတ္ပါတယ္။ ကိုယ့္အလုပ္နဲ႔ကိုယ္ ႏွစ္ကိုယ္ၾကားေတြ႕ဆုံခ်ိန္နည္းပါးပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္အတြက္အရာရာျဖည့္ဆည္း ေပးေနရပါလိမ့္မယ္။

ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ ေက်ာင္း၊သင္တန္းသြားဖို႔ စိတ္မပါျဖစ္ေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၅/၆/၉ အထူးေဟာ ကံအညံ့ေလးေတြ ေရာပါေနႏိုင္တဲ့ကာလပါပဲ ယၾတာ ဂ်ယ္လီေလးေတြဝယ္ၿပီး နီးစပ္ရာကေလးေတြကို ေဝေကြၽးလိုက္ပါ

အဂၤါ

အစားမွန္၊အအိပ္မွန္ဖို႔လိုပါတယ္။ က်န္တဲ့ကိစၥထက္ က်န္းမာေရးအားအနည္းဆုံးႀကဳံရႏိုင္တဲ့ကာလမို႔ပါပဲ။ အားေဆးေတြဒီကာလေသာက္ပါ။ အားရွိတဲ့အစားအစာေတြစားေပးပါ။ ေငြရွာရလြယ္ကူတာမ်ိဳးေတြရွိေပမဲ့ ေငြ ေၾကာင့္ လူအရမ္းပင္ပန္းသြားရတတ္ပါတယ္။

အလုပ္ပိုေတြကိစၥပိုေတြရွိေနႏိုင္ပါတယ္။ အထူးသျဖင့္လူမႈေရးကိစၥ ေတြေၾကာင့္ ကိုယ့္အလုပ္ေတြလစ္ဟင္းတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ဝန္ထမ္းမ်ားမိမိေအာက္ကဝန္ထမ္းေတြ ခြင့္ယူတာမ်ိဳးေတြႀကဳံရတတ္ၿပီး အလုပ္ေတြႏွစ္ဆလုပ္ေနရတတ္ပါတယ္။

စက္ပစၥည္းနဲ႔ပတ္သက္ၿပီး တစ္ပတ္ရစ္ ပစၥည္းေတြဝယ္ယူရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ေငြအပိုကုန္တာမ်ိဳးေတြျဖစ္တတ္တာမို႔ အသုံးအစြဲေတာ့ တတ္ ႏိုင္သေလာက္ေလ်ာ့ခ်ေစခ်င္ပါတယ္။ အရင္ကတည္းက စိတ္ႀကီး ေဒါသႀကီးသူမ်ားအဘက္ဘက္က ရန္မ်ားလာ တာမ်ိဳးျဖစ္တတ္ပါတယ္။

တတ္ႏိုင္သမွ်သည္းခံစိတ္ေမြးဖို႔လိုပါတယ္။ စိတ္တူသေဘာတူမိတ္ေဆြေကာင္းထက္ မိမိ ဆီကဘယ္လို အျမတ္ထုတ္ရမလဲလို႔စဥ္းစားေနသူေတြမ်ားပါလိမ့္မယ္။ အြန္လိုင္းအလုပ္မ်ား၊ၾကားကခ်ိတ္ဆက္ ေပးရတဲ့အလုပ္မ်ားအဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူရည္းစားရဲ႕ အကူအညီေတြ အမ်ားႀကီးရလာတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေျဖာင့္ျဖဴးပါလိမ့္မယ္။ ပညာေရးအတြက္ အခ်ိန္ေပးဖို႔ အခ်ိန္မေလာက္မငျဖစ္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၇/၀ အထူးေဟာ က်န္းမာေရးဂ႐ုျပဳပါ ယၾတာ အုန္းရည္ဘုရားကပ္လႉေပးပါ

ဗုဒၶဟူး၊ရာဟု

လုပ္ကိုင္ေဆာင္႐ြက္မႈေတြမွာ ေကာင္းေသာစိတ္နဲ႔သာလုပ္ပါ။ ထင္ရွားစြာေအာင္ျမင္ပါလိမ့္မယ္။ စိတ္ကူး အယူအဆေတြေကာင္းေနတတ္တယ္။ မိမိေတြးသမွ်လက္ေတြ႕မွန္ကန္ေနတတ္ပါတယ္။ လုပ္သမွ် သုခဆိုတာမ်ိဳး လဲႀကဳံေနရတတ္ပါတယ္။

လူမႈဆက္ဆံေရးအားေကာင္းပါလိမ့္မယ္။ လူအမ်ားရဲ႕ယုံၾကည္ကိုးစားမႈကိုရရွိလာပါလိမ့္ မယ္။ေငြေၾကးအဝင္မ်ားသလို အထြက္မ်ားပါလိမ့္မယ္။ အလႉအတန္းေတြကိုယ္တိုင္ႀကဳံရတတ္သလို သူမ်ားအလႉ ေတြမွာလဲ မိမိကဦးေဆာင္လႉခြင့္ရလာတတ္ပါတယ္။

စိတ္ကူးထက္ လက္ေတြ႕အေကာင္အထည္ေဖာ္လုပ္ကိုင္ျခင္း ျဖင့္ တိုးတတ္မႈေတြရယူႏိုင္ပါလိမ့္မယ္။ သားသမီးေတြအတြက္ ရည္မွန္းၿပီးေဆာင္႐ြက္တဲ့ကိစၥေတြကအဆင္ေျပ လြယ္ကူေခ်ာေမြ႕ႏိုင္ပါလိမ့္မယ္။ ထင္ထားသည္ထက္ပိုမို တိုးတတ္ဖြယ္ရွိတဲ့ကာလပါပဲ။

လုပ္ငန္းရွင္မ်ား ေဖာက္ သည္အသစ္ေတြရလာႏိုင္တာကိုေတြ႕ရပါတယ္။ သားသမီးေတြက ဆိုဆုံးမနာခံလြယ္တဲ့ကာလပါပဲ။ က်န္းမာေရး ေကာင္းမြန္ပါလိမ့္မယ္။ တစ္ခုသတိထားရမွာက ေရာဂါေဟာင္းေတြျပန္ျဖစ္တတ္ပါတယ္။

အခ်စ္ေရးမွာ ခ်စ္သူက မိမိအေပၚနားလည္မႈမေပးႏိုင္တာမ်ိဳးႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးအတြက္စိတ္ပူစရာေတာ့မလိုေသးပါဘူး။ ေျပလည္မႈေတြရရွိတတ္ပါတယ္။ ပညာေရးမွာေတာ့ ကိုယ္တိုင္က စီးပြားေရးပညာေတြေလ့လာလိုစိတ္ရွိေနပါ တယ္။

အက်ိဳးေပးဂဏန္း ၁/၀/၈ အထူးေဟာ ကံျမင့္မားေနမယ္ ယၾတာ အာလူးေၾကာ္ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

အရပ္ေဝးသို႔ ေရာက္ရွိေနေသာ မိတ္ေဆြမ်ား၊ ေဆြမ်ိဳးသားခ်င္းမ်ား ေရာက္လာရတတ္ပါသည္။ သူတို႔ဆီမွာ သတင္းေကာင္း၊ အဆက္အသြယ္ေကာင္းေတြလည္း ပါလာတတ္ပါသည္။ အရပ္ေဝးႏွင့္ ပတ္သက္ၿပီး ေငြဝင္တာ ေတြ ေငြကိစၥခရီးသြားရတာ ေတြ၊

ထီေပါက္သလို ေငြဝင္လာတာမ်ိဳးေတြ ႀကဳံေတြ႕ေနရတတ္ပါသည္။ အလႉပြဲ၊ မဂၤလာပြဲကိစၥေတြအတြက္လည္း ခရီးမ်ားေနရတတ္ပါသည္။ စာခ်ဳပ္၊ စာတမ္းမ်ား ျပန္လည္ခ်ဳပ္ဆိုရလိမ့္မည္။ ကတိပ်က္သူမ်ားထံမွ ကတိသစ္ကို ျပန္လည္ရရွိမည္။

ဝန္ထမ္းမ်ားလုပ္ငန္းခြင္တြင္ေရွ႕တြင္ တစ္မ်ိဳး၊ ကြယ္ရာတြင္ တစ္မ်ိဳး၊ ဆက္ဆံသူ မ်ား ေၾကာင့္ ျပႆနာမ်ား တစ္မ်ိဳးၿပီးတစ္မ်ိဳးျဖစ္မည္။ အခက္အခဲမ်ားကို ေျဖရွင္း၍ ထူးျခား ေသာတိုးတတ္မႈမ်ား ႀကဳံ ေတြ႕ရလိမ့္မည္။ အမႈအခင္းျပႆနာမ်ား ေျဖရွင္းႏိုင္လိမ့္မယ္။

မိသားစုအတြင္း အျငင္းပြား ဖြယ္ရာ မ်ားႏွင့္ ထိပ္တိုက္ေတြ႕တတ္သည္။ ေငြေၾကးအေပးအယူကိစၥတြင္ အမ်ားအျပားေခ်းငွားလိုက္တာမ်ိဳးေတြ ေတာ့ေရွာင္လိုက္ေစခ်င္ပါတယ္။ က်န္းမာေရးသိသိသာသာေကာင္းမြန္ေနပါလိမ့္မယ္။

အခ်စ္ေရးအတြက္ စိတ္ခ်မ္း သာေပ်ာ္႐ႊင္ရမယ္။ခ်စ္သူသစ္လဲရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က်န္းမာေရးညံ့ဖ်င္းေန တာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ပညာေရးအတြက္ ေကာင္းေသာအေျပာင္းအလဲေတြႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၂/၅ အထူးေဟာ ေငြကံေကာင္းေနတတ္ပါတယ္ ယၾတာ အေၾကာ္စုံဘုရားကပ္လႉလိုက္ပါ

ေသာၾကာ

ေငြေၾကးအခက္အခဲမ်ား ေျဖရွင္းႏိုင္မည္။ ရင္းႏွီးေသာသူမ်ားႏွင့္ စကားမ်ား၊ ရန္ျဖစ္ရမည္။ ဆန႔္က်င္ဘက္ ျပဳေသာ သူမ်ားႏွင့္ ႀကဳံေတြ႕ေနရမည္။ခိုက္ရန္ျဖစ္ပြားမႈမွ ကိုယ္အဂၤါခ်ိဳ႕ယြင္းမႈအထိ ဒဏ္ရာမ်ား ရရွိတတ္ပါသည္။ ပစၥည္း မေလွာင္ရ။

လုပ္ငန္းအတြက္ဆုံးျဖတ္ခ်က္မ်ား မွားယြင္းျခင္းေၾကာင့္ ဆုံးရႈံးျခင္းမ်ား ရွိေနမည္။ ေ႐ႊပုံေပၚမွ အဆိပ္ျဖဴးေသာကာလမ်ား ျဖစ္ေပရာ ေကာင္းျခင္း၏ ေနာက္ကြယ္၌ အဆိုးအညံ့မ်ား ဖုံးလႊမ္းေနေပ သည္။လုပ္႐ိုး လုပ္စဥ္ မဟုတ္သည့္ ကိစၥမွန္သမွ် အထူးသတိရွိရမည္။

ရရွိထားေသာ ဘဝ အေျခ အေန မ်ားအေပၚ မနာလိုသူ မ်ားေၾကာင့္ စိတ္ရႈပ္ေထြးစရာမ်ားႏွင့္ ႀကဳံေတြ႕ေနရမည္။ ေဝးကြာေနေသာ မိတ္ ေကာင္း၊ ေဆြေကာင္းမ်ားႏွင့္ ျပန္လည္ဆုံေတြ႕ ရမည္။ လူမႈေရးကိစၥမ်ားအတြက္ အခ်ိန္ေပးေနရမည္။

ဝန္ထမ္းမ်ားတိုက္႐ိုက္ မဟုတ္ေသာ္လည္း တာဝန္ မကင္းေသာ ျပႆနာငယ္ကို အက်ယ္ခ်ဲ႕ၿပီး အတိုင္အေတာထူေသာ သူမ်ားေၾကာင့္ စိတ္ရႈတ္ရ တတ္ပါ သည္။ ပစၥည္းေပ်ာက္ တတ္သည္။ ခါးပိုက္ႏႈိက္ခံရတတ္သည္။

အိမ္တြင္ သူခိုးကပ္တတ္သည္။ က်န္းမာေရးအထူး ေကာင္းေပမဲ့ ေရခ်ိဳးမွားတတ္လို႔ ေရခ်ိဳးဆင္ျခင္ပါ။ အခ်စ္ေရးေျပလည္မႈေတြရလာမယ္။ အိမ္ေထာင္ေရးကိစၥေတြ မွာ မိမိရဲ႕သေဘာထားႀကီးမႈေၾကာင့္အစစအရာရာေျပလည္သြားမယ္။

အက်ိဳးေပးဂဏန္း ၂/၃/၉ အထူးေဟာ အရာရာသတိနဲ႔ေဆာင္႐ြက္ပါ ယၾတာ ဇီးေဖ်ာ္ရည္တစ္ခြက္ဘုရားကပ္ပါ

စေန

မေမွ်ာ္မွန္းထားေသာ တိုးတတ္ေအာင္ျမင္မႈကို ရရွိမည္။ အဆင္ေျပမည္။ အလိုရွိရာ ျပည့္စုံေနမည္။ စိတ္ ခ်မ္းေျမ့ဖြယ္ရာမ်ား ႀကဳံေတြ႕ရမည္။ ေငြေၾကးအရင္းအႏွီး၊ အဓိကမဟုတ္ပဲ ကိုယ္ပိုင္ဉာဏ္၊ အရည္အခ်င္း ထက္ ျမက္ မႈကို အေျခတည္၍

ေဆာင္႐ြက္မႈ၏ ေကာင္းေသာ အက်ိဳးဆက္ကို ရရွိမည္။ ရည္႐ြယ္ခ်က္မ်ား ျပည့္ ေျမာက္ မည္။ အေျပာင္းအလဲႏွင့္ တိုးတတ္ေအာင္ျမင္မႈမ်ား ရရွိမည္။ အရပ္ေဝးႏွင့္ ဆက္သြယ္၍ အက်ိဳးဆက္ေကာင္း မ်ားကို လက္ေတြ႕ ျဖစ္ေပၚပိုင္ဆိုင္ခြင့္မ်ားရရွိမည္။

ပညာအတတ္ႏွင့္ ပတ္သက္ေသာ အခြင့္အေရးေကာင္းမ်ား ရရွိမည္။ က်န္းမာေရး အတြက္ကေတာ့ ေငြကုန္ေၾကးက် မ်ားရတတ္ေပမဲ့ က်န္းမာေရးကကုသလြယ္တဲ့ ေရာဂါမ်ိဳး သာျဖစ္တတ္ပါတယ္။

ဝန္ထမ္းမ်ားသတိထားဖို႔က အေရး ႀကီးေသာ စာ႐ြက္စာတမ္းေတြ ပ်က္စီးေပ်ာက္ဆုံးရ တတ္ ပါတယ္။ ရာခိုင္ႏႈန္းနဲ႔ေငြလဲသူမ်ား မသိတဲ့သူေတြဆီေငြလဲ မယ္ဆို ေငြလိမ္ခံရ တာေတြ ျဖစ္တတ္ပါတယ္။

အြန္လိုင္း ကပစၥည္းဝယ္မယ္ဆို လိမ္လည္တဲ့ page ေတြကေနဝယ္မိ တတ္တဲ့ကာလျဖစ္ပါတယ္။အခ်စ္ေရးစန္းပြင့္ေနပါလိမ့္ မယ္။ လက္ထပ္ဖို႔ ေစ့စပ္ဖို႔ကိစၥေတြတိုင္ပင္လို႔ေကာင္းပါတယ္။

အိမ္ေထာင္သည္မ်ားလဲ စန္းပြင့္ေနခ်ိန္မို႔ မိမိကိုယ္ တိုင္ဆင္ျခင္ေနဖို႔လိုပါတယ္။ ပညာေရးမွာေတာ့ အားရစရာေကာင္းတဲ့ ပညာရပ္ေတြရရွိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၄/၈ အထူးေဟာ ကံသင့္ပါတယ္ ယၾတာ ေထာပတ္ထမင္း ဘုရားကပ္လႉပါ

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695 09 44 5555 695