14.1o.2022 မှ 20.Oct.2022 အထိ တစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ဒီအပတ်အတွင်း လုပ်ငန်းခွင်အဆင်ပြေနိုင်ပေမဲ့ မိသားစုအရေး၊အိမ်ထောင်ရေးတွေမှာတော့ အားနည်းချက် ရှိပါတယ်။
အလုပ်နဲ့ပတ်သက်ပြီးခက်ခဲတဲ့အခြေအနေတွေကနေစတင်လွတ်မြောက်ပါလိမ့်မယ်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သောအလုပ်များအဆင်ပြေတိုးတတ်ပါလိမ့်မယ်။
ရပ်ဝေးသွားရောက်လုပ်မဲ့အလုပ်များ သတင်းကောင်း ကြားရတတ်ပါတယ်။လုပ်ကိုင်ဆောင်ရွက်သောကိစ္စများတွင် မိတ်ဆွေကောင်းတွေရလာတတ်ပါတယ်။
သို့သော် ဝင်ငွေထက် ထွက်ငွေများနေမှုကြောင့် ငွေကြေးအခက်အခဲများ ကြုံရတတ်သည်။ စီးပွားရေးလုပ်ငန်းများနှင့် ပတ် သက်ပြီး အပြိုင်အဆိုင်နှင့် အတိုက်အခံများ ပေါ်ပေါက်တတ်သည်။
အရာရာကို စိတ်အေးအေးထားပြီး လုပ်ကိုင်သင့် ပါတယ်။ ကုသိုလ်ကံကောင်းသော အချိန်အခါများဖြစ်၍ မိမိအတွက် အကျိုးရှိ သော ခရီးများ သွားရတတ်ပါတယ်။
ပြည်ပသို့ အလည်အပတ်ခရီးများ သွားရခြင်း၊ ဘုရားဖူးခရီးများ သွားရခြင်း၊ ထူးထူးခြားခြား အလှူအတန်းပြုရ ခြင်းများ ရှိမည်။ ငယ်ရွယ်သူများ အချစ်ရေးကံ ညံ့နေပါတယ်။
ချစ်သူနဲ့စကား များရာကနေစိတ်ကောက်စိတ်ဆိုး သွားတတ်သည်။ ပညာရေးလိုက်စားသူဖြစ်ပါက မိမိရည်ရွယ် မျှော်လင့်ထားမှု များ ပြည့်ဝရလိမ့်မည်။
အကြီးအကဲ ပုဂ္ဂိုလ်များ၏ ဂုဏ်ပြုချီးမြှင့်ခြင်း ခံရတတ်သည်။ ကျန်းမာရေးဂရုစိုက်ပါ။ သွေး တိုးခြင်း သွေပေါင်ကျခြင်း၊ မူးလဲခြင်း ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်သည်။
အကျိုးပေးဂဏန်း ၁/၄/၅အထူးဟော ထူးခြားသောကုသိုလ်များပြုရတတ်သည်။ယတြာ မြီးရှည်တစ်ပွဲဘုရားကပ်လှူလိုက်ပါ။
တနင်္လာ
ဒီအပတ်အတွင်း ဇိမ်ခံပစ္စည်းများကိုမလိုအပ်သေးရင်မဝယ်သင့်ပါဘူး။ဇိမ်ခံပစ္စည်းတွေနဲ့ပတ်သက်ပြီးစိတ် ရှုပ်ရတတ်တဲ့ကာလဖြစ်လို့ပါပဲ။
တတ်နိုင်သမျှ သူခိုးသူဝှက်တွေရဲ့ အန္တရာယ်ကိုသတိထားစေချင်ပါတယ်။ ကိုယ်လုပ် စရာရှိတာလုပ်ပြီး တစ်ကိုယ်တည်း၊တစ်စိတ်ထဲနေသင့်တဲ့ကာလပါပဲ။
စကားများများပြောလေ ပြဿနာလဲများလေ ဖြစ်တတ်ပါတယ်။ လှုပ်ရှားလုပ်ကိုင်ရတဲ့အလုပ်တွေ၊အငြိမ်မနေရသောအလုပ်တွေကိုသတိထားပြီးဆောင်ရွက်ပါ။
လူချစ်၊ လူခင်ပေါများမည်။ အပိုငွေများလည်း စုဆောင်းနိုင်လိမ့်မည်။
တစ်ခုသတိထားရမှာက မိမိတာဝန်ယူထား သောပစ္စည်းများနှင့်ပတ်သက်ပြီး အလိမ်ခံရတတ်ခြင်း၊ အခိုးခံရတတ်ခြင်း၊ ကျပျောက်တတ်ခြင်းများအတွက် အထူး သတိထားပါ။
အလုပ်အကိုင်ရှာဖွေသူဖြစ်ပါက အလုပ်အကိုင် အဆင်ပြေမည်။လျှောက်ထားတဲ့ အလုပ်တွေရလာ တတ်ပါတယ်။
ယခုအချိန်တွင် သင်သည် သွားလေရာ မျက်နှာပွင့်ခြင်း၊ လိင်မတူသူများ၏ စိတ်ဝင်စားခြင်းခံရမည်။ ငယ်ရွယ်နေသူများ ချစ်သူဝိုင်းဝိုင်းလည်နေမည်။
အိမ်ထောင်ရှင် ဖြစ်ပါက အိမ်ထောင်ဘက်ရဲ့အကူအညီတွေရ လာ တတ်ပါတယ်။ကျန်းမာရေး ချို့ယွင်းမှု ဖြစ်တတ်သည်။
စိတ်ပင်ပန်းခြင်း၊ အလုပ်ဒဏ်ပိခြင်းများကြောင့် အာရုံကြော ဆိုင်ရာ အားနည်းခြင်း ဖြစ်တတ်ပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး စာစုကျက်ခြင်း ထက် အေးဆေး တဲ့နေရာမှာ တစ်ဦးတစ်ယောက်ထဲကျက်တာမျိုးက ပိုမိုစာရနိုင်တာကိုတွေ့ရပါတယ်။
အကျိုးပေးဂဏန်း ၆/၅/၉အထူးဟော ရန်သူမျိုးငါးပါးဘေးရန်ကို သတိပြုပါ။ယတြာ အနီရောင်ပန်း ၅ပွင့်ဘုရားကပ်လှူပြီးလိုရာ ဆုတောင်းလိုက်ပါ။
အင်္ဂါ
ဒီအပတ်အတွင်း အစုစပ်လုပ်ငန်းများကိုသတိထားဆောင်ရွက်ပါ။ သတိပေးလိုတာက လုပ်လက်စအလုပ် တွေအဆင်ပြေပေမဲ့စွန့်စားလုပ်ကိုင်ရသောအလုပ်တွေကတော့အားနည်းချက်များပါတယ်။
ဇွတ်တရွတ်ဘာမှ မလုပ် သင့်တဲ့ကာလပါပဲ။ဦးခေါင်းကိုက်ခဲခြင်းဝေဒနာကိုအထူးခံစားရနိုင်တဲ့ကာလဖြစ်ပါတယ်။
ငွေကတော့အဝင် ကြမ်း၊ အထွက်ကြမ်းဖြစ်ပါလိမ့်မယ်။ဘာသာရေးနဲ့ပတ်သက်ပြီးအချိန်မပေးနိုင်ဖြစ်ရတတ်ပါတယ်။
ဤကာလ အတွင်း ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ပြဿနာကို ထိပ်တိုက် ရင်ဆိုင်ခြင်းထက် လူကြီးတစ်ဦးကိုကြားဝင်ဖြေရှင်း ခိုင်းတာ မျိုးက အကောင်းဆုံးဖြစ်သည်။
သင့်အနေဖြင့် မိမိဆန္ဒရှိ သော အိုးအိမ်၊ ခြံမြေဖြင့် နေထိုင်နိုင်ရန် အခွင့်အလမ်းများ ရရှိလာလိမ့်မည်။
သို့သော် သူတစ်ပါးကိစ္စ အတွက် ကူညီဖြေရှင်းပေးခြင်းဖြင့် အမှုပတ်တတ်ခြင်၊ တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းရခြင်းများ ဖြစ်ပေါ်တတ်သည်။
အရေး ကြီးကိစ္စများဆောင်ရွက်ရာတွင်မိမိ အောက်က ဝန်ထမ်းတွေရဲ့အကြံဉာဏ်ကိုပါယူပြီးဆောင်ရွက်သင့်သည်။
ငယ်ရွယ်သူချစ်သူမရှိသေးသူများမိမိနှင့် အဆင့် အတန်း ကွာလွန်းသူကို ချစ်ကြိုက်မိ၍ စိတ်ဒုက္ခခံစားရတတ်ခြင်း ရှိလိမ့်မည်။
ပညာရေးလိုက်စားသူများ ဖြစ်ပါက ပညာရေး ကံကောင်းမည်။ ကျန်းမာရေးမှာ ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်း ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်သည်။
အကျိုးပေးဂဏန်း ၆/၃/ဝအထူးဟော ဇွတ်တရွတ်မလုပ်သင့်ပါ။ဒေါသထိန်းပါ။ယတြာ အသက်ဂုဏ်ဝါကြီးသူတစ်ယောက်ကို အိုဗာတင်း ထုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီအပတ်အတွင်းကံကောင်းခြင်းတွေအလှည့်ကျပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်သောအကူအညီတွေရလာ တတ်ပါတယ်။
မိမိရည်မှန်းထားသမျှတွေပြည့်ဝလာတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လူအများရဲ့ချီးကျူးခြင်းကို ခံရတတ်ပါတယ်။
လူများများနဲ့ ချိတ်ဆက်လုပ်ရသောအလုပ်များ၊အွန်လိုင်းအလုပ်များ၊အကျိုးဆောင်ပေးရတဲ့ အလုပ်များအဆင်ပြေနေတတ်ပါတယ်။
ထီကံကောင်းတဲ့နေ့ရက်တွေဖြစ်တာကြောင့် ထီကံ စမ်းဖို့အထူးကောင်းပါ တယ်။
စီးပွားရေးလုပ်ငန်းများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စာပေဆိုင်ရာ လုပ်ငန်း များလုပ်ကိုင်ခြင်းဖြင့် အကျိုးဖြစ်ထွန်းမှုများ ရှိမည်။
လုပ်ငန်းသစ်များလည်း ထပ်မံတိုးချဲ့ လုပ်ကိုင်ရ လိမ့်မည်။ အကူအညီပေးမည့်သူများ လည်း ပေါ်ပေါက်လာနိုင်သည်။
ငွေကြေးများစွာ ရင်းနှီးမြှပ်နှံထားသော လုပ်ငန်းများမှ အမြတ်အစွန်း အနည်း ငယ်ရရှိတတ်သည်။ သင့် အနေဖြင့် မိမိကိုယ်တိုင် လှုပ်ရှားသွားလာလုပ်ကိုင်ရသော လုပ်ငန်းမျိုးဖြစ်သာ အကျိုး ဖြစ်ထွန်းနိုင်မည်။
အိမ်ထောင် ရှင်ဖြစ်ပါကနှစ်ဖက်ဆွေမျိုးတို့၏ အရေးကိစ္စကြောင့် မအားမလပ်ဖြစ်နေရ တတ် သည်။ ငယ်ရွယ်သူများ အချစ်ရေး ကိစ္စတွင် ရှုပ်ထွေးရတတ်သည်။
ဖြေရှင်းရန် ခက်ခဲသော ပြဿနာများလည်း ပေါ်ပေါက်လာတတ်သည်။ ကျန်းမာ ရေး မှာ အရိုးအကြောဆိုင်ရာ ဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်သည်။
အကျိုးပေးဂဏန်း ၁/ဝ/၄အထူးဟော အဘက်ဘက်က ကံမြင့်နေမယ်။ယတြာ ဘုရားစေတီမှာ တံမြက်စည်းလှဲကျင်းပါ
ကြာသပတေး
ဒီကာလအတွင်းအငြိမ်မနေရတတ်ပါ။ အထိုင်အလုပ်လုပ်သူများတောင်မှ နယ်ခရီးထွက်ရတတ်ပါတယ်။ ဘုရားဖူးခရီး၊အပန်းဖြေခရီးများအထူးသွားလို့ကောင်းတဲ့ကာလပါပဲ။
စီးပွားရေးလုပ်ငန်းတွင် ရှယ်ယာထည့်ဝင် လုပ်ကိုင်သော လုပ်ငန်းများမှာ အကျိုးအမြတ် အချို့ ရရှိတတ်သည်။
သင်သည် ဉာဏ်ပညာနှင့် ယှဉ်၍ လုပ်ကိုင် ရသော အလုပ်များနှင့် အထူးအကျိုးပေးလိမ့်မည်။ ပြည်ပသို့သွားရန် ကြိုးစားထားမှုများ သေချာပေါက် သွားရတတ် သည်။
ဝန်ထမ်းဖြစ်ပါက ထူးထူးခြားခြား လာဘ်လာဘနှင့် လက်ဆောင်ကောင်းများ ဝင်တတ်သည်။
မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲခြင်း၊ ခေါင်းမာခြင်း၊ တစ်ဇွတ်ထိုးလုပ်ကိုင်တတ်သော အကျင့်ကို အနည်းငယ် လျှော့ချလိုက်ခြင်း ဖြင့် အဆင်ပြေအောင်မြင်မှုများ ပိုမိုရရှိလာလိမ့်မည်။
ငယ်ရွယ်သူများ အချစ်ရေးတွင် စေ့စပ်ကြောင်းလမ်းထားမှု များ ပျက်သွားရတတ်သည်။
သင့်အနေဖြင့် စိတ်ရှည်ရှည်ထားခြင်း၊ သည်းခံစိတ်မွေးခြင်းများ ပြုသင့်သည်။ ယခုကာလအတွင် အပြိုင်အဆိုင်နှင့် အတိုက်အခံ အလွန်များပြားနေသည်ဖြစ်ရာ အစစအရာရာ သတိနဲ့ယှဉ်ပြီး ဆောင်ရွက်စေချင်ပါတယ်။
အိမ်ထောင်ရေးသာယာတတ်ပါတယ်။ ပညာရေးမှာတော့ ကြိုးစားမှုတွေလျှော့မချ လိုက်ဖို့အရေးကြီးပါတယ်။အကျိုးပေးဂဏန်း ၁/၂/၅အထူးဟော ရပ်ဝေးကံအားကောင်းနေသည်။ယတြာ နို့ထမင်းဘုရားကပ်လှူလိုက်ပါ။
သောကြာ
ဒီကာလအတွင်း အိုးအိမ်ပြောင်းရွှေ့ရခြင်း သို့မဟုတ် အလုပ်အကိုင်ပြောင်းရွှေ့ လုပ်ကိုင်ရခြင်းမျိုး ရှိမည်။
ဝန်ထမ်းဖြစ်ပါက မိမိအိမ်ထောင်ဖက်နှင့် မယ်တစ်ရွာ၊ မောင်တစ်မြို့ ဖြစ်နေရတတ်သည်။
ဒုက္ခရောက်နေသော ဆွေမျိုးတစ်ဦးတစ်ယောက်အတွက် သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းအတွက်သော်လည်ကောင်း တစ်စုံတစ်ရာ တာဝန်ယူ အာမခံခြင်းကိစ္စရပ်များကို လုံးဝရှောင်ပါ။
အလုပ်ခွင်မှာ မိမိကအထက်လူကြီးဆိုပြီး အောက်လက်ငယ်သားတွေကို အရမ်းဖိပြောတာမျိုးတွေမလုပ်ပါနဲ့။ မိမိကိုအညှိုးထားတတ်ပါတယ်။
စိတ်ထဲလုပ် ချင်တာတွေကို လုပ်ဖော်ကိုင်ဖက်တွေကိုတိုင်ပင်ပြီးမှလုပ်ပါ။ သူများအမှု ကိုယ့်အားပတ်တတ်ခြင်း ကြုံရ တတ် သည်။
မထင်မှတ်သော နေရာမှ ငွေအစုလိုက်၊ အပုံလိုက်ရရှိခြင်း၊ ထီပေါက်ခြင်း၊ အမွေအနှစ်ရရှိ တတ်ခြင်း များ လည်း ရှိမည်။
အချစ်ရေးတွင် ချစ်သူမရှိသေးသူများ ချစ်သူရည်းစားရရှိခြင်း၊ ချစ်သူရှိပြီးသူများ မိမိရည်ရွယ် ချက်များ ပြည့်ဝရခြင်းများ ရှိမည်။
ပညာသင်ကျောင်းသား ဖြစ်ပါက ပညာရေးတွင် ထူးထူးခြားခြား အောင်မြင်မှုများ ရရှိမည်။ ပြည်ပရောက် ဆွေမျိုးများထံသို့ အလည်အပတ်ခရီးသွားရတတ်သည်။
ကျန်းမာရေးမှာ အသည်း အဆီဖုံးခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်း လေးလံခြင်း၊ ကိုက်ခဲခြင်း စသည့် ဝေဒနာများ ဖြစ်ပေါ်ခံစား ရတတ်သည်။
အကျိုးပေးဂဏန်း ၂/၃/၉အထူးဟော အာမခံပေးတာမျိုးအထူးရှောင်ပါ။ယတြာ ကျွဲရိုင်းအချိုရည်ဘုရားကပ်လှူလိုက်ပါ။
စနေ
ဒီကာလအတွင်း အိုးအိမ်ပြောင်း၊နေရာပြောင်း၊အလုပ်ဋ္ဌာနပြောင်းခြင်းတွေကိုမထင်မှတ်ဘဲကြုံရတတ်ပါ တယ်။ဖခင်ရဲ့ကျန်းမာရေးကို အလေးထားဂရုစိုက်သင့်တဲ့ကာလပါပဲ။
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် မိမိဝီရိယကို အားကိုး၍ ကြိုးစားရမည့် အချိန်ဖြစ်ပါတယ်။
သူများကိုမှီခိုအားကိုးလို့အဆင်မပြေတဲ့နေ့ရက်တွေဖြစ် လို့ပါပဲ။ ခရီးသွားပို့ဆောင်ရေး လုပ်ငန်းနှင့် အကျိုးဆောင်လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေသူများ ဝင်ငွေကောင်း လိမ့်မည်။
မိမိနှုတ်ကြောင့် တစ်ပါးသူ၏ အထင်အမြင်လွဲခြင်း အငြိုးအတေးပြုခြင်းကို ခံရတတ်သည်။ စကားကို သွယ်ဝိုက်မပြောဘဲ တည့်တည့် ပြောတတ်ခြင်း၊ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ခြင်းများကို အထူးသတိ ထား သင့်သည်။
ယခုကာလအတွင်း မိသားစုနှင့်အတူ ခရီးထွက်ရခြင်း၊ အလှူအတန်းပေးရခြင်းများ ရှိမည်။ အရေး ကြီးကိစ္စများ ဆောင်ရွက်မည်ဆိုပါက အင်္ဂါနေ့တွင် လုပ်ကိုင်ဆောင်ရွက်ခြင်းကို ရှောင်ပါ။
အိမ်ထောင်ရှင် ဖြစ်ပါက အိမ်ထောင်ရေးကံကောင်း၍ ပျော်ရွှင်ချမ်းမြေ့ရမည်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့တတ်သည်။
ချစ်သူရှိပြီး သူများ မိမိချစ်သူနှင့် စေ့စပ်ကြောင်းလမ်းရခြင်းများ ရှိမည်။ ကျန်းမာရေးမှာ အသည်းအားနည်းနေတဲ့ကာလမို့ အရက်အလွန်အကျွံသောက်ခြင်းများအထူးရှောင်လိုက်စေချင်ပါတယ်။
အကျိုးပေးဂဏန်း ၃/၄/၇အထူးဟော စကားပြောဆင်ခြင်ပါယတြာ ဘုရားရှင်အားရေသပ္ပယ်ပြီး ၃၁ဘုံကိုမေတ္တာပို့ ကုသိုလ်ယူပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695, 09 44 5555 695
zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး/ရာဟု
ကြာသပတေး
သောကြာ
စနေ