နိုဝင်ဘာ ၁





unicode

နိုဝင်ဘာ ၁

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုကို မိဘဖြစ်သူတွေက အမီးအဖြစ်ကနေ အမွေပြတ် စွန့်လွှတ်တယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပိုင်ဖြိုးသုသည် မိဘများရဲ့ ဆိုဆိုးမမှုများကို မနာခံဘဲ မိဘများ စိတ်ဆင်းရဲစေသော ကိစ္စရပ်များအား အကြိမ်ကြိမ် အခါခါ ပြုလုပ်ခဲ့ပါသဖြင့် ယနေ့ကစပြီးတော့ သမီးအဖြစ်က အမွေပြတ် စွန့်လွှတ်လိုက်ပါတယ်လို့ လွှဲအပ် ကြေညာချက်အရ ဆိုပြီးတော့ တရားလွှတ်တော် ရှေ့နေ ဒေါ်လဲ့လဲ့ဝင်းက နိုင်ငံပိုင်သတင်းစာက တစ်ဆင့် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုတော် ဟန်ထူးလွင်(ကျားပေါက်)ကို မိဘဖြစ်သူတွေက အမွေပြတ်စွန့်လွှတ်တယ်လို့ ကြေညာထားပါသေးတယ်။