ကြားသိရသမျှ

ကျူရှင်ဆရာက (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသူကို အ ဓ္ဓ မ ပြုကျင့်မှုဖြစ်ပွား

ကျူရှင်ဆရာက (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသူကို အ ဓ္ဓ မ ပြုကျင့်မှုဖြစ်ပွား

သက်သေအထောက်အထားအသေးစိတ်ကို Google Drive Folder ကနေဝင်ကြည့်ပေးပါရှင်။ Ss တွေက RP မိလွယ်လို့ပါ။ ဒီ post ကို share လည်း share / copy paste ဖြင့်လည်း ပြန်တင်ပေးကြရင်ပိုကောင်းမယ်ထင်ပါတယ်။ တစ်ခုတည်းကဆို ထပ်ပျက်မှာစိုးလို့ပါ။)

လင်းရောင်ခြည်စာသင်ဝိုင်း၏ Founder and Physics Lecture ဦးကျော်မင်းစံကျူးလွန်ခဲ့သော ကာမလိမ်လည်မှု၊လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် ခြိမ်းခြောက်စော်ကားမှုများ၊ယုတ်မာကောက်ကျစ်ခြင်းများ၊ လူမဆန်မှုများကို ဖော်ထုတ်ခြင်း။

စာရှည်ပါမည်။ အဆင်ပြေရင် အဆုံးထိဖတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်။ ?သက်သေ screenshot များကိုလည်း အောက်မှာပေးထားတဲ့ Google Drive link မှတဆင့် download or screenshot ဖြင့်ယူထားပြီးကြည့်ပေးပါရှင်။?

ကျွန်မမေဖူးမြတ်ခင်ဒီကိစ္စကို အများသိအောင် speak out လုပ်ချင်ခဲ့တာ အခုမှမဟုတ်ပါ။မတရားစော်ကားခံခဲ့ရတာတွေကိုဖော်ထုတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာကြာပါပြီ။

အရှက်တရားအကြောက်တရားတွေကိုမလွန်ဆန်နိုင်ခဲ့လို့ကြိတ်မှိတ်သည်းခံခဲ့ပေမယ့် ခုချိန်မှာ ကျွန်မတို့မိန်းကလေးတွေကိုကိုယ်/နှုတ်/အမူအရာနဲ့စော်ကားတာမှန်သမျှပွင့်ပွင့်လင်းလင်း ဖော်ထုတ်နေကြတာဖြစ်လို့ ကျွန်မသည်လည်းကိုယ့်ကိုတစ်ကြိမ်တစ်ခါမက အကြိမ်ပေါင်းများစွာ နည်းမျိုးစုံနဲ့အနိုင်ကျင့်စော်ကားခံခဲ့ရတာတွေကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

စတင်ချဉ်းကပ်ခြင်း။

လင်းရောင်ခြည်စာသင်ဝိုင်း၏ founder ဆရာ ဦးကျော်မင်းစံသည် ကျွန်မ ၁၀တန်းကျောင်းသူအရွယ်မှာ ဆရာတပည့်ရင်းနှီးမှုကိုအခွင့်ကောင်းယူပြီး ကျွန်မ Facebook စသုံးတဲ့အချိန်မှာ messenger ကနေစကားလာပြောရင်းစတင်ချဉ်းကပ်ခဲ့ပါတယ်။

ကျွန်မက ဆရာလည်းဖြစ်ပြန်အဲအချိန်တုန်းကသူ့ကိုအရမ်းအားကိုးအားထားပြုနေခဲ့တဲ့အချိန်ဖြစ်တော့ အလေးအနက်ထားပြီးအလိုက်အထိုက်ပြောဆိုဆက်ဆံခဲ့ပါတယ်။

အဲအပေါ်မှာကျွန်မကသူ့ကိုသာယာနေပြီ၊ ကြိုက်နေပြီလို့မှတ်ယူပြီးကျွန်မကိုရည်းစားစကားပြောပါတယ်။ ကျွန်မငြင်းဆန်ပါတယ်။ ဘယ်လိုမှမဖြစ်သင့်ပါဘူးဆိုပြီး။

ဒါပေမယ့်လက်မခံခဲ့ပဲ ကျွန်မကသူ့ကိုချစ်နေပါပြီကြိုက်နေပါပြီဆိုပြီး အတင်းကာရော တစ်ဖက်သတ်မှတ်ယူကာ အတင်းအကျပ် ရည်းစားအရာသိမ်းသွင်းခဲ့ပါတယ်။ (အဲချိန်ကကျွန်မမှာ LDRS တွဲတဲ့ရည်းစားရှိပါတယ်။ ကျွန်မရည်းစားရှိမှန်း ဆရာတွေရော ကျူရှင်ကသူတွေအကုန်လုံးသိပါတယ်။)

ထိုအချိန်ကစပြီး ဦးကျော်မင်းစံသည် သူ့ကိုပဲအားကိုးအောင်၊ သူ့ကိုပဲယုံကြည်အောင်၊သူ့လက်အောက်ကနေရုန်းမထွက်နိုင်အောင် နည်းမျိုးစုံနဲ့ ဖြားယောင်းသွေးဆောင်ခြင်းများ၊ လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်မှုတွေစတင်တော့တာပါပဲ။

၁။ ကိုယ်ထိလက်ရောက်စော်ကားကျူးလွန်ခြင်း၊ ကာမလိမ်လည်ခြင်း၊ သွေးဆောင်ဖြားယောင်းကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း။

ဒီလိုနဲ့ ၁၀တန်းနောက်ဆုံးရက်ရောက်လာပါတယ်။ ကျွန်မတို့ ၁၀တန်းစာမေးပွဲပြီးတဲ့နောက်ဆုံးရက် (16.3.2016) မှာကျွန်မတို့သူငယ်ချင်းတွေကမ္ဘာအေးဘုရားသွားပြီးအပြန်မှာ လင်းရောင်ခြည်ကျူရှင်ကိုဝင်ခဲ့ပါတယ်။

(အဲနေ့မတိုင်ခင်တည်းကကျွန်မကိုအနုနည်းနဲ့ဖြားယောင်းခဲ့ပုံကတော့ စာမေးပွဲနောက်ဆုံးရက်မှာသူငယ်ချင်းတွေနဲ့အတူကျူရှင်မှာအိပ်ပါ။မျက်နှာလေးကြည့်ချင်လို့ပါဆိုပြီးပြောပါတယ်။ကျွန်မကမနေပါပြန်မှရပါမယ်လို့ပြောခဲ့ပါတယ်။ အဲလိုပြောလိုက်တည်းက စိတ်ထဲတစ်ခုခုကြံစည်ခဲ့ပုံပါပဲ။)

ခုနက စကားကိုပြန်ဆက်ပါမယ်။ ကျူရှင်ရောက်တော့ ကျွန်မနဲ့နောက်သူငယ်ချင်းကောင်မလေးတစ်ယောက်အတူအိမ်ပြန်ဖို့စောင့်နေချိန်မှာအရင်ဆုံးကျွန်မတို့ အပြန်နောက်ကျလို့ ဆူတဲ့ပုံစံပြောပါတယ်။ ပြီးတာနဲ့ ကျွန်မကို “မေဖူး နင့်ကိုငါပြောစရာရှိတယ်အပေါ်ထပ်ကိုအခုလာခဲ့ပါ။”

ဆိုပြီးဆူတော့မယ့်မျက်နှာထားနဲ့ အပေါ်ထပ်စာသင်ခန်းကိုခေါ်ပါတယ်။(အဲနှစ်က စာသင်ခန်း ၂ ထပ်ရှိပါတယ်။)စဉ်းစားကြည့်ပါ သူငယ်ချင်းကောင်မလေးရှေ့မှာတင် အဲလိုကြီးခေါ်တဲ့ခါ ကျွန်မဟင့်အင်းမလာဘူးလို့ငြင်းဆန်ဖို့မဖြစ်နိုင်ခဲ့ပါ။

တကယ်တမ်းကျွန်မစိတ်ထဲမှာလည်း ဆူဖို့သပ်သပ်လို့ထင်ပြီးရိုးရိုးသားသားပဲတွေးခဲ့မိပါတယ်။ အပေါ်ထပ်စာသင်ခန်းရောက်တော့ တံခါးဂျက်ကိုချလိုက်ပါတယ်။ ပြီးတာနဲ့ အနောက်ဘက်အခန်းကိုအတင်းခေါ်သွားပြီး ကိုယ်ထိလက်ရောက်စော်ကားကျူးလွန်ပါတော့တယ်။

အတင်းကိုင်တွယ်ပွတ်သပ်ပြီး private part တွေကိုပါထိပါတယ်။ ခန္ဓာကိုယ်အင်အားမမျှတဲ့ကြားကအတင်းအော်ဟစ်ရုန်းကန်ပြီး အောက်ကိုပြေးဆင်းခဲ့ပါတယ်။ အော်တယ်ဆိုတာ အခန်းတစ်ခုစာကြားရုံမျှအော်ခဲ့လို့ ဘယ်သူမှကြားမယ်မထင်ပါ။

ဆက်လုပ်ရင် သူမလွယ်တော့ဘူးဆိုတာသိလို့အဲနေ့မှာတော့သူ့အကြံအကုန်အထမမြောက်ခဲ့ပါ။ အဲနေ့ညကတော့ကျွန်မအိမ်ပြန်ရောက်သွားပါတယ်။ အရမ်းကို shock ရခဲ့ပြီး ဘယ်သူမှလည်းမပြောရဲခဲ့ တစ်ယောက်တည်းအခန်းတံခါးပိတ်ပြီးငိုကြွေးခဲ့ရပါတယ်။

အဲခံစားချက်ကိုသေတောင်မမေ့ပါ။ အဲနေ့ကအဖြစ်အပျက်တွေအတွက် သူငယ်ချင်ကောင်မလေး(KMT) သက်သေရှိပါတယ်။

ဒီမှာတင်မပြီးသေးပါ။ အဲနေ့မှာ သူ့အကြံအစည်အထမမြောက်ခဲ့တော့ (19.3.2016) မှာ သုဝဏ္ဏကပညာအောင်စည်စာသင်ဝိုင်းမှာ Chemistry ဆရာတစ်ယောက်ရဲ့မွေးနေ့ကိုကျွန်မကိုလာဖို့ခေါ်ပါတယ်။

မသွားလို့မရအောင်ကို မလာရင်အမေ့ကိုဖုန်းဆက်မယ်လို့ပြောပြီးကိုခေါ်ပါတယ်။ ရောက်သွားခဲ့ရတယ်ပေါ့။ အဲနေ့မှာမွေးနေ့ပြီးတော့ အဲစာသင်ဝိုင်းမှာ အတန်းချိန်ရှိပါတယ်။သူစာဆက်သင်ပါတယ်။

ကျွန်မကိုစာသင်ခန်းအနောက်တန်းမှာထိုင်ခိုင်ထားပြီးပြန်ခွင့်မပေးပါ။ထိုင်နေရင်းကျွန်မရည်းစားနဲ့ message ပို့နေတာမြင်သွားတော့ ဒေါသပုန်ထပြီး အနောက်ခန်းထဲသွားဖို့ကျောင်းသားတွေရှေ့မှာတင်ပြောပါတယ်။

ပြီးတာနဲ့ကျောင်းသားတွေကိုစာရေးခိုင်းထားပြီး ကျွန်မရှိနေတဲ့အနောက်ခန်းကိုလာကာ ၁၆ရက်နေ့ကလိုထပ်ကျူးလွန်ပါတယ်။ ဒီတစ်ခါပိုဆိုးပါတယ်။ အရှေ့မှာလူတွေအပုံလိုက်ရှိနေတဲ့ကြားက အော်လို့လည်းမရအောင် အဓမ္မလုပ်ခဲ့ပါတယ်။

ပြီးတော့ သူဟန်မပျက်အရှေ့မှာစာပြန်သင်ပါတယ်။ ကျွန်မကတော့အနောက်မှာသေမလိုပါ။ ပြီးတော့ အတန်းဆင်းလိုက်ပြီး လူတွေအကုန်လွှတ် လိုက်ပါတယ်။ လူတွေမရှိတော့မှန်းကျွန်မမသိပါ။ အလန့်တကြားရှေ့ထွက်လာတဲ့ခါ ကာမမီးဟုန်း ဟုန်းတောက်နေသောမျက်လုံးများဖြင့်ကြည့်ပြီး” ဘာရှက်စရာလိုလို့လဲ အခုဘယ်သူမှမရှိတော့ဘူးလေ” ဆိုပြီး ပြောကာ ကျူးလွန်ခြင်းစတင်ပါတော့တယ်။

တစ်နည်း (Sexual Abuse) ပါတယ်။ ကျွန်မအတင်းငိုယိုပြီးတောင်းပန်ပါတယ်။ ရုန်းလည်းရုန်း ကန်ခဲ့ပါတယ်။သေမလိုတွေကြောက်လန့်ခဲ့ပါတယ်။မရတဲ့အဆုံးကျွန်မရှုံးသွားပါတယ်။ ဒါ ပထမတစ်ကြိမ် Rape and Abuse တာပါ။

အဲနေ့အတွက်သက် သေကတော့ ကျွန်မရဲ့စိတ်နဲ့ခန္ဓာပဲရှိပါတယ်။ ဘယ်သူမှမပြောရဲခဲ့ပါ။ ဘာကိုရှက်ကြောက်ခဲ့မှန်းလည်းကျွန်မမသိတော့ပါ။ နောက်တစ်ရက် (27.3.2016) မှာသူ့ဆီထပ်လာဖို့ဖြားယောင်းခေါ်ပါတယ်။

ထပ်ကာထပ်ကာစိတ်ကိုညစ်ညူးအောင်ပြောဆိုပြီးခေါ်တာပါ။ကျွန်မမလာနိုင်ပါပြောပြီးဖုန်းမကိုင်ပါ။အဲတော့ဘာလုပ်လဲဆိုတော့ အဲမနက်မှာအမေ့ဆီဖုန်းဆက်ပါတယ်။ အစ်မသမီးကိုဖုန်းဆက်လို့မရလို့ပြောပေးပါဆိုပြီး။အမေသိမှာအရမ်းကြောက်လို့ကျွန်မငြင်း ဆန်မှုမအောင်မြင်ခဲ့ပဲ ဒုတိယအကြိမ် (Rape) ခံရဖို့ မိုက်မဲစွာရောက်သွားခဲ့ရပါတယ်။

ကျွန်မရဲ့ Virginity ပျက်စီးခဲ့ရပါတယ်။ အဲနေ့ကစပြီးကျွန်မကို နင်ကတော့အပျိုမဟုတ်တော့ဘူး။ နင့်ဘဝတော့သွားပြီ။ နင့်ကိုဘယ်သူမှလက်မခံတော့ဘူး။ နင်ငါနဲ့ပဲတစ်သက်လုံးနေရတော့မယ်ဆိုတဲ့ အသိတရားကြီးလွှမ်းမိုးသွားအောင် လူမဆန်တဲ့ပြောစကားများဖြင့် စိတ်ကိုခြိမ်းခြောက်အနိုင်ကျင့်ခဲ့ပါတယ်။

အသက်ကလည်းငယ်၊ အသိဉာဏ်တွေပိတ်ဆို့ခဲ့ပြီး social culture ရဲ့လွှမ်းမိုးမှုတွေရောကြောင့် သူပြောသမျှအောင်မြင်ခဲ့တာပေါ့လေ။ ပြီးတော့သူ့အနားမှာပဲသူ့ရည်းစားလိုအမြဲနေပြီးသူ့အကြိုက်တွေပြော၊ သူ့အကြိုက်တွေလုပ်ပေးခဲ့ရပါတယ်။

Hotel တွေလည်းအမြဲခေါ်ပြီး consent မပါပဲ အကြိမ်ပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်ခဲ့ပါတယ်။ Video Call နဲ့ Nude တွေလုပ်ပြခိုင်းတာတွေလည်းရှိပါတယ်။သူဘာပြောပြော ငြင်းဆန်လို့မရဘူးဆိုတဲ့ အသိထောင်ချောက်ထဲဝင်နေတော့ကျွန်မပါးစပ်ပေါက်ကြီးကဘယ်သူကိုမှမပြောရဲပဲအမြဲပိတ်နေခဲ့မိပါတယ်။

လူတကာရဲ့ ရှုတ်ချခံရမှာကျွန်မကြောက်တယ်လေ။ သူက လူတွေကိုလျှောက်ဖွမှာလူတွေသိသွားမှာလည်းကျွန်မအသက်ထက်ကိုကြောက်ခဲ့ရပါတယ်။ Consent မပါပဲ Sex လုပ်ခဲ့တဲ့ဟာတွေကို video record တွေပါယူထားပြီးနောက် ပိုင်းမှာ အဲတာတွေနဲ့အမြဲခြိမ်းခြောက်ပါတော့တယ်။

ဒီပါးစပ်ပေါက်ကြီးပိတ်ပြီးနေခဲ့တဲ့ကိုယ့်ကိုယ်ကို အရမ်းမုန်းမိပါတယ်။ နောင်တလည်းရပါတယ်။

၂။ ခြိမ်းခြောက်အနိုင်ကျင့်ခြင်း။လူတကာကို fake account ဖြင့်စော်ကားနှောင့်ယှက်ခြင်း။
ယုတ်မာမှုတွေဟာရပ်တန့်မသွားပါ။ (ဆက်မပြောခင်ကျွန်မရဲ့လွဲချော်မှုတစ်ခုကိုပြောပါရစေ။သူ့လက်အောက်မှာနေခဲ့ရတဲ့အချိန်မှာ သူ့ရဲ့ support တွေကျွန်မလက်ခံခဲ့မိပါတယ်။

သူသာလျှင်ကျွန်မဘဝဆိုတဲ့အသိတရားကသံမှိုစွဲသွားတဲ့အတွက် ဒါချွတ်ယွင်းချက်တစ်ခုဖြစ်ပါတယ်။)ပထမဆုံးခြိမ်းခြောက်တာကတော့ ကျွန်မ၁၀တန်းတုန်းက ရည်းစားကိုမဖြတ်ဖြတ်အောင် မင်းကောင်လေးဒုက္ခရောက်သွားချင်လား၊ စသဖြင့်ပြောတော့ ကျွန်မသူ့ကိုလည်းဖြတ်ခဲ့ရပါတယ်။

ကျွန်မတက္ကသိုလ်တက်တော့ Third Year FW မှာ ကောင်လေးတွေနဲ့အတူကကြတဲ့ပုံတွေတင်ပြီးနောက်မှာ သူ့ရဲ့ Nyan Htet ဆိုတဲ့ Fake Acc ပေါ် လာပြီး လူတကာကိုစော်ကားနှောင့်ယှက်ခြင်းတွေစတင်ပါတော့တယ်။ တစ်ယောက်စနှစ်ယောက်စမဟုတ်ပါ။

YU law 4th batch တစ်ခုလုံးက ယောကျာ်းလေးတိုင်းကိုနှောင့်ယှက်တာပါ။လူတွေလာမေးကြတဲ့အခါ ရှင်းလည်းမရှင်းနိုင်။ ဘာမှလည်းမပြောနိုင်ပဲ သူငယ်ချင်းတွေကြား အရှက် တကွဲဖြစ်ခဲ့ရပါတယ်။

သက်သေတွေရှိပါတယ်။ ပြီးတော့ အဲ acc ကနေ Hotel ခန်းထဲကပုံတွေလည်းတင်၊စာတွေလည်း ပေါက်က ရတွေလျှောက်တင်ပါသေးတယ်။ ကျွန်မသူ့ကိုတစ်ခုခု against လုပ်တိုင်း Fake Acc နဲ့ငါလူတွေကိုနှောင့်ယှက်မှာနော် ဆိုတာကြီးကိုလည်းသူ့ရဲ့နိုင်ကွက်တစ်ခုအနေနဲ့ထပ်မံချုပ်ကိုင်ပါတယ်။

ကျွန်မ acc pw ကိုလည်းအတင်းတောင်းပြီး acc ထဲဝင်ပြီးတော့လည်း fri တွေကိုလျှောက် unfri တာတွေရောစုံနေတာပါပဲ။ အဲဒီ fake acc ကလည်းတစ်ခုတည်းမဟုတ်ပါ။

Nyan Htet/ Kyaw Myo Min တော်တော်များပါတယ်။ ထ၅မရမ်းကုန်းကသူငယ် ချင်းတွေရော ကျွန်မ acc မှာရှိရှိသမျှသူတွေ တော်တော်များများသူ့ရဲ့နှောင့်ယှက်မှုကြုံဖူးပါလိမ့်မယ်။ အဲ acc မှာ တင်ထားတာတွေဖျက်ပေးဖို့၊လူတွေကို လိုက်မနှောင့်ယှက်ဖို့အတွက် ရိုးရိုးတောင်းဆိုတာမရလို့ သူ့ရဲ့ကာမစိတ်ဆန္ဒကိုဖြည့်ဆည်းခဲ့ရပါသေးတယ်။

ကျွန်မ ThanLwin Legal Law Firm မှာ intern ဆင်းတာ၊ ရုံးdinner party တွေသွားတာကိုလည်းပိတ်ပင်ပြီး တားမရတော့ ကျွန်မသူဌေးတွေဆီပါ message တွေလျှောက်ပို့လို့ သူဌေးကိုရှင်းလိုက်ရပါသေးတယ်။အလုပ်လည်း ကောင်းကောင်းလုပ်မရ။

အလူးအလိမ့်ကိုခံခဲ့ရတာပါပဲ။ ပြီးတော့ ကျွန်မကိုလည်းလူတကာနဲ့လိုက်သမုတ်ပြီးပေးစားပါသေးတယ်။ လူကြီးလူငယ်မချန်ပါ။ ယောကျာ်းလေးတစ်ယောက်ယောက်နဲ့စကားပြောတာသိရင်ကျွန်မကမ္ဘာပျက်တာပါပဲ။

ယောကျာ်းလေးသူငယ် ချင်းတစ်ယောက်နဲ့ရုပ်ရှင်သွားကြည့်တာသိသွားလို့ Hotel ခေါ်ပြီး ပါးရိုက်တာလည်းခံရပါသေးတယ်။ ကျွန်မအချိန်တွေနှောင်းသွားခဲ့ပြီဆိုတာသိပြီးရုန်းထွက်လို့ဘယ်လိုမှမရတော့ပါ။ ကျွန်မသူ့ကိုပြဿနာစကားပြောတိုင်း မင်းကတန်ဖိုးမရှိတဲ့မိန်းကလေးပါ။

မင်းကဘဝပျက်နေပါပြီစသဖြင့် နှိမ်ချပြောဆိုတာတွေရော၊ ကျွန်မမိဘတွေကိုပါစော်ကားပုတ်ခတ်တာတွေရော၊ သူ့သမီးနဲ့ယှဉ်ပြီး နှိမ်တာတွေရော၊ အခြားကောင် မလေးတွေနဲ့နှိုင်းယှဉ်ပြီးနှိမ်ပြောတာတွေရော အများကြီးပါ။

အခုပြထားတဲ့သက်သေတွေအပြင် ကျွန်မအရင်တုန်းကသိမ်းထားတဲ့ သူ့ fake acc ကတင်ခဲ့တာတွေရော၊ ခြိမ်းခြောက် message တွေရှိပါသေးတယ်။ အရမ်းစိတ်ညစ်လွန်းလို့ မခံစားနိုင်လွန်းလို့ ဒီအရာကိုလည်းဘယ်သူ့ကိုမှမပြောတော့ဘူးလို့ဆုံးဖြတ်ခဲ့ပြီးဖျက်ပစ်ခဲ့တဲ့သက်သေတွေအများကြီးရှိပါသေးတယ်။

အဲဒါတွေပါမြင်ရင် နှလုံးသွေးပါရပ်သွားလောက်ပါတယ်။ ဒါတင်မကသေးပါ ကျွန်မမေမေဆီပါ message တွေပို့ပြီး ပေါက်ကရတွေပြော ခြိမ်းခြောက်တာတွေလည်းရှိပါသေးတယ်။ အောက်မှာသက်သေ screenshot တွေပါ။

ပြီးတော့ဘာတဲ့ ဒီ acc ဟာသူမဟုတ်ပါဘူးတဲ့ကျွန်မကကိုယ့်ဘာသာဖွင့်ပြီးလုပ်တာဆိုပဲ။ Nyan Htet account အပြင် ကျွန်မဆီ message ပို့ခြိမ်းခြောက်တာက 09-977295064 ဆိုတဲ့ ဖုန်းနံပါတ်နဲ့ပါ။ ဦးကျော်မင်းစံဆိုတဲ့ Identity ကိုဖျောက်ပြီးအကွက်ကျကျစီစဉ်တာပါ။

အဲဒီ Nyan Htetဆိုတဲ့ accရော၊ 09-977295064 ဆိုတဲ့ဖုန်းနံပါတ်ကပါ ဦးကျော်မင်းစံကိုင်တဲ့ accနဲ့ ဖုန်းနံပါတ်တွေဖြစ်တယ်ဆိုတာ အောက်မှာ သက်သေတွေရှိပါတယ်။အကြောက်အကန်ဖင်ပိတ်ငြင်းတတ်တဲ့ သူရဲဘောကြောင် Nyan Htet အယောင်ဆောင် ဦးကျော်မင်းစံတစ်ယောက် ဖင်ပိတ်ငြင်းလို့မရအောင် phone recording အသံ Identityတွေပါကျွန်မတို့သက်သေယူထားပါတယ်။ ရှူစားကြပါ။

Nyan Htet ဆိုတာသူမဟုတ်ပါဘူးဖြစ်မှာစိုးလို့ 09-977295064 ဆိုတဲ့နံပါတ်ကနေ “ငါက NH ဟ ဆရာမဟုတ်ဘူး” ဆိုပြီးသူကိုယ်တိုင်ပို့တဲ့ Message ရှိပါတယ်။” အဲဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီး ဦးကျော်မင်းစံလားဟုတ်ပါတယ်ခင်ဗျာပြောပြီးကာမှမဟုတ်ဘူးဆိုပြီးငြင်းတဲ့ record လည်းအောက်မှာရှိပါတယ်။

သူ့အသံကြီးလူတိုင်းသိမှာပါ။ 09-421022666 ဆိုတဲ့ဖုန်းကတော့သူ့အလုပ်ဖုန်းမှန်းသိကြပါတယ်။ဆက်စပ်သက်သေကိုရှင်းကြမယ်ထင်ပါတယ်ရှင်။

ဒါတွေဟာ သူ့အသိုင်းအဝိုင်းမှာ လူကြီးလူကောင်းယောင်ဆောင်ပြီး ကျင်လည်နေတဲ့ ဦးကျော်မင်းစံဆိုတဲ့ သူတော်ကောင်းကြီးရဲ့ ရွံရှာဖွယ်စက်ဆုပ်ဖွယ် အော့နှလုံးနာဖွယ် လုပ်ရပ်တွေဖြစ်ပါတယ်။ ကျွန်မ ဒီဒဏ်တွေကို ၅နှစ်လုံးလုံး ဘဝပျက်မတတ်၊ လူးလိမ့်နေအောင်ခံစားခဲ့ရပါတယ်။

အရှက်တကွဲဖြစ်ခဲ့ရတဲ့အရာတွေ ပြီးတော့ သူသည် အိမ်ထောင်သည် ကလေး၂ယောက်အဖေဖြစ်နေတော့ ကိုယ့်အပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုမမြင်တော့ပဲ ကိုယ်ကပဲမကောင်းတဲ့မိန်းမပါဆိုတဲ့လွဲမှားအသိတွေကအမြဲတစေခြိမ်းခြောက်နှိပ်စက်ခဲ့တာကြောင့် နှစ်ပေါင်းများစွာကိုကျွန်မ လူမသိသူမသိ ကြိတ်မှိတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

suicide လုပ်ဖို့တွေးခဲ့တာလည်းအကြိမ်ကြိမ်ပါပဲ။ ကျွန်မအခုသူ့လက်အောက်က ရုန်းထွက်နိုင်ခဲ့ပြီး ဘဝသစ်ကိုစတင်နေပါပြီ။ 2020 ကစပြီး ကျွန်မသတ္တိတွေပြန်မွေးခဲ့တယ်။ကျွန်မသည် သူပြောတဲ့ သောက်ရေးမပါတဲ့ sex video record တွေလည်း သောက်ဂရုမစိုက်ဘူး။

တင်ရဲရင်တင်လိုက်။ လုပ်ရဲရင်လုပ်လိုက်။ လူတွေကိုနှောင့်ယှက်လည်းငါ့ $ လုပ်မဟုတ်ဘူး။ ဒါသည်သူ့ပြစ်မှုပဲဆိုတာကိုရဲရဲကြီးလက်ခံလိုက်ပြီးနောက်မှာ တဖြည်းဖြည်းချင်းခွာချနိုင်ခဲ့တယ်။ ဒါတောင် ဖုန်းကို ဆက်တိုက် message တွေပို့ပါသေးတယ်။ ဖုန်းတောင်မကြည့်ရဲလောက်အောင်ဖြစ်ခဲ့ပါသေးတယ်။

ကြာလာတာနဲ့အမျှ ကျွန်မရဲ့သောက်ဂရုမစိုက်ခြင်းပညာတွေ၊ သတ္တိခွန်အားတွေကအနိုင်ရခဲ့ပါတယ်။ကျွန်မလိုပဲ လူယုတ်မာဦးကျော်မင်းစံရဲ့ယုတ်မာမှုတွေကို ကိုယ်ဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်း ကောင်း၊စာဖြင့်သော်လည်းကောင်း ခံခဲ့ရတဲ့ အခြားသောအမျိုးသမီးတွေရှိနေသေးတယ်ဆိုရင် ကျွန်မရဲ့အခု postအောက်မှာ မခြွင်းမချန်လာရောက်ထုတ်ဖော်ဖို့၊ သို့မဟုတ် ကျွန်မလိုပဲ postတင်ပြီး လူသိရှင်ကြားထုတ်ဖော်ဖို့ ကျွန်မတိုက်တွန်းလိုပါတယ်။ ခြောက်တိုင်းကြောက်ရမယ့် အချိန်မဟုတ်တော့ပါ။ လူယုတ်မာတွေအတွက် လုံးဝနေရာမရှိပါ။

ကျွန်မဘဝရဲ့အိပ်မက်ဆိုးကြီးတစ်ခုကို ကျွန်မအသက်၂၃နှစ်မတိုင်ခင် ခဝါချခဲ့ချင်တာကြောင့် သက်သေများနှင့်တကွ ယခုpostကို တင်လိုက်ပါတယ်။ ကျွန်မလိုပဲလူမသိသူမသိညှင်းဆဲခံနေရတဲ့အခြားမိန်းကလေးတွေ၊ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်နှောင့်ယှက်မှုတွေရှိနေဦးမှာပါ။

အဲမိန်းကလေးတွေအတွက်လည်း ကျွန်မ၏ ထုတ်ဖော်ပြောကြားမှုသည်ခွန်အားတစ်ရပ်ဖြစ်ဖို့ရည်ရွယ်ပါတယ်။ အကယ်၍ ကျွန်မအခုလို postတင်ပြီးနောက်ပိုင်း သူ့ဘက်က ကျွန်မကိုတစ်နည်းတစ်ဖုံ ထပ်မံခြိမ်းခြောက်ပြောဆိုလာခဲ့ပါက အဲဒါတွေကိုပါ postထပ်တင်သွားမယ့်အပြင် လုပ်စရာရှိတာတွေပါ ဆက်လုပ်သွားပါမယ်။

တစ်ခါတည်းသတိပေးချင်တာ ဒီ post ကို report ထုဖို့ဂွင်ဆင်နေတယ်ဆိုရင် သူ့အပေါင်းအပါတွေကိုပါ လူယုတ်မာထက်မိုက်သောသူများလို့ကျွန်မသတ်မှတ်ပါမယ်။ဦးကျောမင်းစံနဲ့အတူ အမြစ်လှန်တာခံချင်ရင်တော့လုပ်ပေါ့နော်။

သက်သေပုံအညွှန်းများအတွက် ဒီ drive link လေးကိုကြည့်ပေးကြပါရှင်။

https://drive.google.com/…/1CBxcZZUceEHgSaD…

ဦးကျော်မင်းစံ Acc Link >>

https://www.facebook.com/profile.php?id=100007993157458

ဓမ္မသည်အဓမ္မကိုနိုင်ကိုနိုင်ရမည်။

မေဖူးမြတ်ခင်

(8.10.2022)

Leave a Reply

Your email address will not be published. Required fields are marked *