“လူတစ်ယောက်ကို စောင့်ရလို့ ခံစားရတဲ့အခါ ဒီအမျိုး သားကြီးက ရယ်နေလိမ့်မယ်”
စုဆိုတဲ့ အမျိုးသမီးကို စပြီးချစ်မိထဲက သူ့ဆီက အဖြေရဖို့အတွက် သုံးနှစ်ကျော်လောက် သူပထမဆုံးစောင့်ခဲ့ရတယ်။ လွယ်လွယ်ကူကူ ပိုင်ဆိုင်ခွင့်ရခဲ့တာမျိုး မဟုတ်ခဲ့ပါဘူး။
သူ့အရင် မြန်မာပြည်က ကျောင်းလာတက်တဲ့ မြန်မာအမျိုးသားတစ်ယောက်နဲ့ စု အရင်ဆုံခဲ့ရပါတယ်။ ဒါပေမယ့် အကြောင်းအရာ ခံယူချက်ချင်း မတိုက်ဆိုင်တဲ့ အ တွက် ဘာမှမဖြစ်ခဲ့ပါဘူး။
အမေစုဖြစ်လာမယ့် စုဆိုတဲ့အမျိုးသမီးလေးက သူ့ရိုးရာယဉ်ကျေးမှုကို သိပ်တန်ဖိုးထားတတ်တဲ့သူ ဘိလပ်မှာနေတာတောင် သူ့ကိုလာကပ်တဲ့သူကို အရင်ဆုံးလေ့လာပါတယ်။ သုံးနှစ်သုံးမိုး အရင်အကဲခတ်ပြီးမှသာ သူလက်ခံခဲ့ပါတယ်။
မင်္ဂလာဆောင်တာတောင် မြန်မာလိုပဲ သူဆောင်ခဲ့တယ်။ စုဆန္ဒအတိုင်းပဲ မိုက်ကယ်ကလည်း အားလုံးလိုက်လျောခဲ့ပါတယ်။
နောက်တော့ အမေဖြစ်သူနေမကောင်းလို့ ပြန်ဖို့လုပ်တော့လဲ ကြည်ကြည်ဖြူဖြူနဲ့ပဲ လိုက်ပို့ပေးပါတယ်။ စုက ကိစ္စတွေအားလုံးပြီးရင် သူပြန်လာခဲ့မယ်လို့တော့ သူ့ကိုပြောခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် သူ့ဆီပြန်မလာတော့မှာ သိခဲ့ရင်ကော သူခွင့်ပြုမှာလားဆိုရင် ခွင့်ပြုအုန်းမှာပါ။
ဘာကြောင့်ဆိုရင် စုကို သူသိပ်ချစ်တာကို ။ သူချစ်တဲ့စုသာ ဆန္ဒရှိရင် သူဖြည့်ဆည်းပေးမှာပါပဲ။ ၈၈ ကစပြီး ပြန်မလာတော့မယ့် အရိပ်အယောင်တွေမြင်လာတာတောင် သူ မကန့်ကွက်ခဲ့ပါဘူး။
သူ့ဆီမလာနိုင်ရင် သူချစ်တဲ့စုဆီ သူရောက်အောင်ကြိုး စားပြီး သွားမယ်ဆိုတဲ့စိတ်ပဲရှိခဲ့တယ်။ သူ့စိတ်ထဲကနေကော အပြင်မှာပါ တစ်ခါမှ အပြစ်တင်တာ ကန့်ကွတ်တာမျိုးမလုပ်ခဲ့ဘူး။
စစ်တပ်ကမိသားစုနဲ့ မျှားပြီးဒုက္ခပေးချင်တော့ ပြည်ဝင်ခွင့်ပေးခဲ့တယ်။ သားတွေကလဲ အမေစုကိုမရရအောင် ပြန်ချွဲပြီးခေါ်ခဲ့တယ်။ ဒါပေမဲ့ စိတ်မာတဲ့ အမေစုက ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးတာမို့ သူ့မိသားစုကိုစွန့်လွှတ်ခဲ့ပါတယ်။
အဲ့အခါလဲ အပြစ်မမြင် အပြစ်မဆိုပဲ ကလေးနှစ်ယောက်ကိုသာပြန်ပြီး ခေါ်သွားပေးခဲ့တယ်။ သူ့အမျိုးသမီးရဲ့ဆုံး ဖြတ်ချက်ကို သူဘယ်လောက် အသိအမှတ်ပြု အလေး ထားလဲဆိုတာကိုသိနိုင်ပါတယ်။
အရွယ်ရောက်လာတဲ့ လူငယ်သားနှစ်ယောက်နဲ့ သူတစ်ယောက်ထဲရုန်းကန်ရင်းနဲ့ ချူချာလာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူထက် စုအဆင်မပြေမှာကိုပဲ သူစိတ်ပူနေခဲ့ပါတယ်။
ထိုအချိန်က စုကလဲ နေအိမ်အကျယ်ချုပ်တလှည့် အင်းစိန်တလှည့်ဖြစ်နေတဲ့အခါ နှစ်ယောက်သားဖုန်းတောင် နှပ်မမှန်တော့ဘူး။
သံရုံးမှ တဆင့်စာရယ် ဖုန်းရယ်နဲ့ပဲ စိတ်ပူခွင့်ရှိပါတော့တယ်။ နောက်ပိုင်းစစ်တပ်က ပိုတင်းကြပ်လိုက်တဲ့အခါ ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်ပြီး လုံးဝအဆက် ပြတ်သွားတော့တယ်။ စုဘာဖြစ်နေလဲ သူမသိခဲ့ရတော့ဘူး။ သူဘာဖြစ်နေလဲ စုမသိခဲ့ရတော့ဘူး။
စစ်တပ်က နောက်တစ်မျိုးထပ်ပြီး နှိပ်စက်ပြန်ပါတယ်။ သားနှစ်ယောက်ကိုပဲ ပြည်ဝင်ခွင့်ပေးခဲ့တယ်။ သားတွေကလည်း အမေ့ကိုပြန်တွေ့ရတော့ ငိုကြ ပြန်လိုက်ခဲ့ဖို့တောင်းဆိုပါတယ်။
သားကြီးလုပ်တဲ့သူက အမေ့ကိုနောက်ဆုံးစကားမေးပါတယ် သူနဲ့ပြန်လိုက်မလား သူ့ကိုစွန့်လွှတ်မလားအထိမေးခဲ့ပေမယ့် အမေစုကအဖြေပြန်မပေးခဲ့ပါဘူး။
ပြန်လဲမလိုက်သွားပါဘူး။ ထိုအချိန်မှစပြီး သားအကြီးက အမေစုကိုအရမ်းနာကျည်းသွားပြီး လုံးဝအဆက်ဖြတ်လိုက်ပါတယ်။
အဖေဖြစ်သူက အမေ့ကိုနားလည်ပေးဖို့ နားချပေမယ့် သူအရမ်းစိတ်နာသွားတာမို့ အိမ်ကပါထွက်သွားပါတယ်။
ဒီလိုနဲ့ မိုက်ကယ်တစ်ယောက်ထဲ ရုန်းကန်ရင်းနဲ့ ချူချာလာတာနေ အိပ်ယာထဲလဲသွားတဲ့အခါ သူမျှော်နေခဲ့တာ စုလို့သူခေါ်တဲ့ သူသိပ်ချစ်တဲ့သူမကို သူနေ့တိုင်းမျှော်နေခဲ့တယ်။
သူမျက်လုံးတွေ မှိတ်သွားတဲ့အထိ သူ့ဆီပြန်လာခဲ့မယ်ဆိုတဲ့ စု စကားကို ယုံကြည်ရင်းနဲ့ သူမျှော်လင့်သွားခဲ့တာပဲ……?
စုကိုချစ်မိထဲက စုသဘော စုဆန္ဒအတိုင်း ဖြည့်ဆည်းပေးချင်ခဲ့တာ။ သူ လွယ်လွယ်ရခဲ့တဲ့ အရာမဟုတ်တဲ့ သူမရဲ့ မေတ္တာတွေကို သူတန်ဖိုးထားခဲ့တာကိုး။
ဒါပေမယ့် စု ဆိုတဲ့ အမျိုးသမီးလေးကတော့ တိုင်းပြည်နဲ့ပြည်သူတွေအတွက် လမ်းပြဦးဆောင်ဖို့ရွေးချယ်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ သူမ ရောက်မလာနိုင်ခဲ့တော့တာပါပဲ….?
ZAWGYI
စုဆိုတဲ့ အမ်ိဳးသမီးကို စၿပီးခ်စ္မိထဲက သူ႔ဆီက အေျဖရဖို႔အတြက္ သုံးႏွစ္ေက်ာ္ေလာက္ သူပထမဆုံးေစာင့္ခဲ့ရတယ္။ လြယ္လြယ္ကူကူ ပိုင္ဆိုင္ခြင့္ရခဲ့တာမ်ိဳး မဟုတ္ခဲ့ပါဘူး။
သူ႔အရင္ ျမန္မာျပည္က ေက်ာင္းလာတက္တဲ့ ျမန္မာအမ်ိဳးသားတစ္ေယာက္နဲ႔ စု အရင္ဆုံခဲ့ရပါတယ္။ ဒါေပမယ့္ အေၾကာင္းအရာ ခံယူခ်က္ခ်င္း မတိုက္ဆိုင္တဲ့ အ တြက္ ဘာမွမျဖစ္ခဲ့ပါဘူး။
အေမစုျဖစ္လာမယ့္ စုဆိုတဲ့အမ်ိဳးသမီးေလးက သူ႔႐ိုးရာယဥ္ေက်းမႈကို သိပ္တန္ဖိုးထားတတ္တဲ့သူ ဘိလပ္မွာေနတာေတာင္ သူ႔ကိုလာကပ္တဲ့သူကို အရင္ဆုံးေလ့လာပါတယ္။ သုံးႏွစ္သုံးမိုး အရင္အကဲခတ္ၿပီးမွသာ သူလက္ခံခဲ့ပါတယ္။
မဂၤလာေဆာင္တာေတာင္ ျမန္မာလိုပဲ သူေဆာင္ခဲ့တယ္။ စုဆႏၵအတိုင္းပဲ မိုက္ကယ္ကလည္း အားလုံးလိုက္ေလ်ာခဲ့ပါတယ္။
ေနာက္ေတာ့ အေမျဖစ္သူေနမေကာင္းလို႔ ျပန္ဖို႔လုပ္ေတာ့လဲ ၾကည္ၾကည္ျဖဴျဖဴနဲ႔ပဲ လိုက္ပို႔ေပးပါတယ္။ စုက ကိစၥေတြအားလုံးၿပီးရင္ သူျပန္လာခဲ့မယ္လို႔ေတာ့ သူ႔ကိုေျပာခဲ့ပါတယ္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူ႔ဆီျပန္မလာေတာ့မွာ သိခဲ့ရင္ေကာ သူခြင့္ျပဳမွာလားဆိုရင္ ခြင့္ျပဳအုန္းမွာပါ။
ဘာေၾကာင့္ဆိုရင္ စုကို သူသိပ္ခ်စ္တာကို ။ သူခ်စ္တဲ့စုသာ ဆႏၵရွိရင္ သူျဖည့္ဆည္းေပးမွာပါပဲ။ ၈၈ ကစၿပီး ျပန္မလာေတာ့မယ့္ အရိပ္အေယာင္ေတြျမင္လာတာေတာင္ သူ မကန႔္ကြက္ခဲ့ပါဘူး။
သူ႔ဆီမလာႏိုင္ရင္ သူခ်စ္တဲ့စုဆီ သူေရာက္ေအာင္ႀကိဳး စားၿပီး သြားမယ္ဆိုတဲ့စိတ္ပဲရွိခဲ့တယ္။ သူ႔စိတ္ထဲကေနေကာ အျပင္မွာပါ တစ္ခါမွ အျပစ္တင္တာ ကန႔္ကြတ္တာမ်ိဳးမလုပ္ခဲ့ဘူး။
စစ္တပ္ကမိသားစုနဲ႔ မွ်ားၿပီးဒုကၡေပးခ်င္ေတာ့ ျပည္ဝင္ခြင့္ေပးခဲ့တယ္။ သားေတြကလဲ အေမစုကိုမရရေအာင္ ျပန္ခြၽဲၿပီးေခၚခဲ့တယ္။ ဒါေပမဲ့ စိတ္မာတဲ့ အေမစုက ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုေ႐ြးတာမို႔ သူ႔မိသားစုကိုစြန႔္လႊတ္ခဲ့ပါတယ္။
အဲ့အခါလဲ အျပစ္မျမင္ အျပစ္မဆိုပဲ ကေလးႏွစ္ေယာက္ကိုသာျပန္ၿပီး ေခၚသြားေပးခဲ့တယ္။ သူ႔အမ်ိဳးသမီးရဲ႕ဆုံး ျဖတ္ခ်က္ကို သူဘယ္ေလာက္ အသိအမွတ္ျပဳ အေလး ထားလဲဆိုတာကိုသိႏိုင္ပါတယ္။
အ႐ြယ္ေရာက္လာတဲ့ လူငယ္သားႏွစ္ေယာက္နဲ႔ သူတစ္ေယာက္ထဲ႐ုန္းကန္ရင္းနဲ႔ ခ်ဴခ်ာလာခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ကိုယ္သူထက္ စုအဆင္မေျပမွာကိုပဲ သူစိတ္ပူေနခဲ့ပါတယ္။
ထိုအခ်ိန္က စုကလဲ ေနအိမ္အက်ယ္ခ်ဳပ္တလွည့္ အင္းစိန္တလွည့္ျဖစ္ေနတဲ့အခါ ႏွစ္ေယာက္သားဖုန္းေတာင္ ႏွပ္မမွန္ေတာ့ဘူး။
သံ႐ုံးမွ တဆင့္စာရယ္ ဖုန္းရယ္နဲ႔ပဲ စိတ္ပူခြင့္ရွိပါေတာ့တယ္။ ေနာက္ပိုင္းစစ္တပ္က ပိုတင္းၾကပ္လိုက္တဲ့အခါ ဖုန္းလိုင္းေတြကိုပါ ျဖတ္ေတာက္လိုက္ၿပီး လုံးဝအဆက္ ျပတ္သြားေတာ့တယ္။ စုဘာျဖစ္ေနလဲ သူမသိခဲ့ရေတာ့ဘူး။ သူဘာျဖစ္ေနလဲ စုမသိခဲ့ရေတာ့ဘူး။
စစ္တပ္က ေနာက္တစ္မ်ိဳးထပ္ၿပီး ႏွိပ္စက္ျပန္ပါတယ္။ သားႏွစ္ေယာက္ကိုပဲ ျပည္ဝင္ခြင့္ေပးခဲ့တယ္။ သားေတြကလည္း အေမ့ကိုျပန္ေတြ႕ရေတာ့ ငိုၾက ျပန္လိုက္ခဲ့ဖို႔ေတာင္းဆိုပါတယ္။
သားႀကီးလုပ္တဲ့သူက အေမ့ကိုေနာက္ဆုံးစကားေမးပါတယ္ သူနဲ႔ျပန္လိုက္မလား သူ႔ကိုစြန႔္လႊတ္မလားအထိေမးခဲ့ေပမယ့္ အေမစုကအေျဖျပန္မေပးခဲ့ပါဘူး။
ျပန္လဲမလိုက္သြားပါဘူး။ ထိုအခ်ိန္မွစၿပီး သားအႀကီးက အေမစုကိုအရမ္းနာက်ည္းသြားၿပီး လုံးဝအဆက္ျဖတ္လိုက္ပါတယ္။
အေဖျဖစ္သူက အေမ့ကိုနားလည္ေပးဖို႔ နားခ်ေပမယ့္ သူအရမ္းစိတ္နာသြားတာမို႔ အိမ္ကပါထြက္သြားပါတယ္။
ဒီလိုနဲ႔ မိုက္ကယ္တစ္ေယာက္ထဲ ႐ုန္းကန္ရင္းနဲ႔ ခ်ဴခ်ာလာတာေန အိပ္ယာထဲလဲသြားတဲ့အခါ သူေမွ်ာ္ေနခဲ့တာ စုလို႔သူေခၚတဲ့ သူသိပ္ခ်စ္တဲ့သူမကို သူေန႔တိုင္းေမွ်ာ္ေနခဲ့တယ္။
သူမ်က္လုံးေတြ မွိတ္သြားတဲ့အထိ သူ႔ဆီျပန္လာခဲ့မယ္ဆိုတဲ့ စု စကားကို ယုံၾကည္ရင္းနဲ႔ သူေမွ်ာ္လင့္သြားခဲ့တာပဲ……?
စုကိုခ်စ္မိထဲက စုသေဘာ စုဆႏၵအတိုင္း ျဖည့္ဆည္းေပးခ်င္ခဲ့တာ။ သူ လြယ္လြယ္ရခဲ့တဲ့ အရာမဟုတ္တဲ့ သူမရဲ႕ ေမတၱာေတြကို သူတန္ဖိုးထားခဲ့တာကိုး။
ဒါေပမယ့္ စု ဆိုတဲ့ အမ်ိဳးသမီးေလးကေတာ့ တိုင္းျပည္နဲ႔ျပည္သူေတြအတြက္ လမ္းျပဦးေဆာင္ဖို႔ေ႐ြးခ်ယ္ခဲ့ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ ေနာက္ဆုံးထြက္သက္အထိ သူမ ေရာက္မလာႏိုင္ခဲ့ေတာ့တာပါပဲ….?
credit