မ်က္ႏွာသစ္ၿပီးမွသြားတိုက္သင့္တဲ့အေၾကာင္းအရင္း

မ်က္ႏွာသစ္ၿပီးမွသြားတိုက္ပါနံနက္အိပ္ယာထတဲ့အခါ

သမ်က္ႏွာသစ္ၿပီးမွသြားတိုက္ပါသလား?

ဒါမွမဟုတ္သြားကိုသြားပြတ္တံနဲ႔အရင္တိုက္ၿပီးပလုတ္က်င္း၊

ခံတြင္းသန္႔စင္ၿပီးမွမ်က္ႏွာသစ္ေလ့ရွိသလား?

ဒီလိုအက်င့္လုပ္ခဲ့တာေကာႏွစ္ေပါင္းၾကာၿပီလား?

ညအိပ္ေပ်ာ္ေသာအခါတြင္ဝမ္းတြင္းအစာေျခအဂၤါစုမ်ားမွာအနားရေလသည္။

ထိုအခါအစာေဟာင္းအိမ္မွအပုပ္အခိုးမ်ားသည္အေၾကာမ်ားမွတဆင့္

အထက္မ်က္ႏွာ၊မ်က္စိ၊ဦးေခါင္းအထိတက္ၾကေလသည္

အစာသစ္အိမ္မွလည္းအစာေျခၿပီးႂကြင္းက်န္သည့္

အစာေျခဝမ္းမီးေခၚအက္ဆစ္အခိုးအေငြ႕မ်ားသည္လည္ေခ်ာင္းမွတဆင့္

သြား၊သြားဖုံး၊အာေခါင္မ်ားသို႔တက္ေနၾကေလသည္။

နံနက္ထ၍မ်က္ႏွာသစ္လိုက္ေသာအခါတြင္ေအာင္းေနေသာ

အခိုးအေငြ႕မ်ားသည္အေအးရွိရာအပူလာသည္ဆိုသည့္အတိုင္း

ေရေအးႏွင့္ထိေတြ႕ပြတ္သပ္ေပးရာမ်က္ႏွာျပင္သို႔

အေငြ႕ပ်ံၿပီးထြက္သြားၾကေလသည္။

ထိုအခါမ်က္စိမႈန္ေစမည့္အခိုးအေငြ႕မ်ားသြားႏွင့္သြားဖုံးတို႔တြင္

ေအာင္းေနေသာအခိုးအေငြ႕မ်ားလည္းပါသြားၾကၿပီးရွင္းလင္းသြားေလသည္။

ထို႔ေနာက္မွသြားတိုက္ေသာအခါတြင္အခိုးကုန္ၿပီးေသာ

သြားႏွင့္သြားဖုံးတို႔မွာပို၍သန္႔ရွင္းစင္ၾကယ္သြားရေလသည္။

မ်က္ႏွာမသစ္ဘဲသြားတိုက္လွ်င္အာေခါင္မွတစ္ဆင့္အပုပ္အခိုးအေငြ႕မ်ားသည္။

ဦးေခါင္းေနာက္ေစ့ႏွင့္မ်က္စိအာ႐ုံေၾကာမ်ားအထိ

ေရာက္သြားျခင္းေၾကာင့္မ်က္စိေဝျခင္း၊ၾကည့္မေကာင္းျခင္း၊

အ႐ြယ္မတိုင္မီမ်က္စိမႈန္ျခင္း၊မ်က္မွန္ေစာေစာတပ္ရျခင္းတို႔ျဖစ္ႏိုင္ေလသည္။

ေနာက္ထပ္အေရးႀကီးတဲ့အခ်က္တစ္ခ်က္ကေတာ့သြား၊သြားဖုံးနဲ႔ခံတြင္းမွာ

အပုပ္အခိုးရွိရင္အဲဒီအခိုးအေငြေတြဟာအာေခါင္ကတဆင့္

ႏွာ႐ိုးရင္းနဲ႔မ်က္စိအထိတက္ၿပီးဒုကၡေပးတယ္ဆိုတဲ့ေတြ႕ရွိခ်က္ပါပဲ။

ဒါေၾကာင့္လူတစ္ေယာက္ဟာသြားမေကာင္းရင္

မ်က္စိလည္းမြဲတာတြဲၿပီးျဖစ္ေလ့ရွိပါတယ္။

မဟာစည္ဆရာေတာ္ႀကီးကလည္းမ်က္ႏွာသစ္ၿပီးမွ

သြားတိုက္ရန္မိန္႔ၾကားခဲ့ဖူးပါသည္

မ်က္ႏွာသစ္ၿပီးမွသြားတိုက္ၾကပါ။

ကိုးကား–ၾကည္လြင္ျမင့္(မုျဒာ)၏မ်က္ႏွာသစ္ၿပီးမွသြားတိုက္ပါစာအုပ္မွထုတ္ႏုတ္ေဖာ္ျပပါသည္။

Credit

unicode

မျက်နှာသစ်ပြီးမှသွားတိုက်သင့်တဲ့အကြောင်းအရင်း

မျက်နှာသစ်ပြီးမှသွားတိုက်ပါနံနက်အိပ်ယာထတဲ့အခါ

သမျက်နှာသစ်ပြီးမှသွားတိုက်ပါသလား?

ဒါမှမဟုတ်သွားကိုသွားပွတ်တံနဲ့အရင်တိုက်ပြီးပလုတ်ကျင်း၊

ခံတွင်းသန့်စင်ပြီးမှမျက်နှာသစ်လေ့ရှိသလား?

ဒီလိုအကျင့်လုပ်ခဲ့တာကောနှစ်ပေါင်းကြာပြီလား?

ညအိပ်ပျော်သောအခါတွင်ဝမ်းတွင်းအစာခြေအင်္ဂါစုများမှာအနားရလေသည်။

ထိုအခါအစာဟောင်းအိမ်မှအပုပ်အခိုးများသည်အကြောများမှတဆင့်

အထက်မျက်နှာ၊မျက်စိ၊ဦးခေါင်းအထိတက်ကြလေသည်

အစာသစ်အိမ်မှလည်းအစာခြေပြီးကြွင်းကျန်သည့်

အစာခြေဝမ်းမီးခေါ်အက်ဆစ်အခိုးအငွေ့များသည်လည်ချောင်းမှတဆင့်

သွား၊သွားဖုံး၊အာခေါင်များသို့တက်နေကြလေသည်။

နံနက်ထ၍မျက်နှာသစ်လိုက်သောအခါတွင်အောင်းနေသော

အခိုးအငွေ့များသည်အအေးရှိရာအပူလာသည်ဆိုသည့်အတိုင်း

ရေအေးနှင့်ထိတွေ့ပွတ်သပ်ပေးရာမျက်နှာပြင်သို့

အငွေ့ပျံပြီးထွက်သွားကြလေသည်။

ထိုအခါမျက်စိမှုန်စေမည့်အခိုးအငွေ့များသွားနှင့်သွားဖုံးတို့တွင်

အောင်းနေသောအခိုးအငွေ့များလည်းပါသွားကြပြီးရှင်းလင်းသွားလေသည်။

ထို့နောက်မှသွားတိုက်သောအခါတွင်အခိုးကုန်ပြီးသော

သွားနှင့်သွားဖုံးတို့မှာပို၍သန့်ရှင်းစင်ကြယ်သွားရလေသည်။

မျက်နှာမသစ်ဘဲသွားတိုက်လျှင်အာခေါင်မှတစ်ဆင့်အပုပ်အခိုးအငွေ့များသည်။

ဦးခေါင်းနောက်စေ့နှင့်မျက်စိအာရုံကြောများအထိ

ရောက်သွားခြင်းကြောင့်မျက်စိဝေခြင်း၊ကြည့်မကောင်းခြင်း၊

အရွယ်မတိုင်မီမျက်စိမှုန်ခြင်း၊မျက်မှန်စောစောတပ်ရခြင်းတို့ဖြစ်နိုင်လေသည်။

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့သွား၊သွားဖုံးနဲ့ခံတွင်းမှာ

အပုပ်အခိုးရှိရင်အဲဒီအခိုးအငွေတွေဟာအာခေါင်ကတဆင့်

နှာရိုးရင်းနဲ့မျက်စိအထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့တွေ့ရှိချက်ပါပဲ။

ဒါကြောင့်လူတစ်ယောက်ဟာသွားမကောင်းရင်

မျက်စိလည်းမွဲတာတွဲပြီးဖြစ်လေ့ရှိပါတယ်။

မဟာစည်ဆရာတော်ကြီးကလည်းမျက်နှာသစ်ပြီးမှ

သွားတိုက်ရန်မိန့်ကြားခဲ့ဖူးပါသည်

မျက်နှာသစ်ပြီးမှသွားတိုက်ကြပါ။

ကိုးကား–ကြည်လွင်မြင့်(မုဒြာ)၏မျက်နှာသစ်ပြီးမှသွားတိုက်ပါစာအုပ်မှထုတ်နုတ်ဖော်ပြပါသည်။

Credit