ကြားသိရသမျှ

ရွှေလုပ်ငန်းရှင် အသင်းဥက္ကဌကြီးကတော့ ဒဲ့ စိန်ခေါ်လိုက်ပါပြီနော်…

ေ႐ႊလုပ္ငန္းရွင္ အသင္းဥကၠဌႀကီးကေတာ့ ဒဲ့ စိန္ေခၚလိုက္ပါၿပီေနာ္…

ေ႐ႊေဈး မက်မခ်င္း ေ႐ႊေတြကို အရႈံးခံေရာင္းေပးသြားမည္ဟု ေ႐ႊလုပ္ငန္းရွင္ ဥကၠဌ ေျပာ

ရန္ကုန္ၿမိဳ႕ ကမာၻေအး ေက်ာက္မ်က္ရတနာ ခန္းမတြင္ ေ႐ႊ (၃) ပိႆာကို ေလလံတင္ ေရာင္းခ်ေပးခဲ့ရာ တစ္က်ပ္သားလ်င္ ၂၅ သိန္း ဝန္းက်င္ျဖင့္ တဦးတည္းက ေလလံရရွိသြားတယ္လို႔ သိရပါတယ္။

ေ႐ႊေဈးႏႈန္း က်ဆင္းေစရန္ ရည္႐ြယ္၍ ယခုကဲ့သို႔ ေလလံစနစ္ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္ၿပီး

ဆက္လက္၍လည္း ေရာင္းခ်ေပးသြားဦးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

“ပထမ တစ္ပိႆာက ၂၅၃,၅၉၉,၉၀၀ ၊ ဒုတိယ တစ္ပိႆာေပါ့ ၂၅၆,၉၉၉,၉၀၀ ၊ တတိယ တစ္ပိႆာက ၂၄၉,၉၉၉,၉၀၀ နဲ႔ ေအာင္သြားပါတယ္။

၃ ပိႆာလုံး တစ္ဦးတည္ ေလလံေအာင္တာေပါ့ေနာ္။ လုံၿခဳံေရးအရ ဘယ္သူဘယ္ဝါဆိုတာေတာ့ မေျပာေတာ့ဘူး ” ဟု ဦးမ်ိဳးျမင့္က ေျပာပါတယ္။

ေလလံၾကမ္းခင္း ေဈးအေနျဖင့္ တစ္ပိႆာ က်ပ္သိန္း ၂၄၀၀ သတ္မွတ္ထားျခင္းျဖစ္ၿပီး ယခုေလလံ ေအာင္သည့္ ေဈးႏႈန္းမ်ားမွာ ေ႐ႊတစ္က်ပ္သားလ်င္ ၂၅ သိန္းက်ပ္ ဝန္းက်င္ျဖင့္ ေလလံေအာင္ျမင္သြားျခင္း ျဖစ္ပါတယ္။

ေအာက္တိုဘာ (၆) ရက္ ျပင္ပေဈးကြက္တြင္ ေခါ က္ ေ႐ႊတစ္က်ပ္သားလ်င္ (၂၇) သိန္းေအာက္သို႔ ျပန္လ ည္ က်ဆင္းခဲ့ၿပီး ေဒၚလာေဈးႏႈန္းမွာ အေမရိကန္ တစ္ေဒၚလာ ၂၉၅၀ က်ပ္ ျဖစ္ေၾကာင္း သိရပါတယ္။

ေအာက္တိုဘာ (၇) ရက္တြင္လည္း မႏၲေလးၿမိဳ႕တြင္ ေ႐ႊ စင္ေ႐ႊတုံး (၇) ပိႆာကို ရန္ကုန္နည္းတူ ေလလံစနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး

ရန္ကုန္တြင္လည္း လိုအပ္ပါက အလ်ဥ္းသင့္သလို ဆက္လက္ေရာင္း ခ်ေပးသြားဦးမယ္လို႔ ေ႐ႊအသင္းဥကၠဌက ေျပာပါတယ္။

“မႏၲေလး ၿပီးသြားရင္ တို႔ ရန္ကုန္လည္း ျပန္လာမွာေပါ့ကြာ။ ဘယ္ေတာ့ ဘာညာ ရက္ေတာ့ သတ္မွတ္ထားတာ မရွိဘူး ။ ေ႐ႊေဈး မက်ေသးဘူးဆိုရင္ ထပ္ေရာင္းမွာေပါ့ ” ဟု ဦးမ်ိဳးျမင့္က ေျပာပါတယ္။

အစိုးရအေနျဖင့္ ျပည္တြင္း ေ႐ႊေဈးႏႈန္းကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားေနျခင္းျဖစ္ၿပီး ေ႐ႊဒဂၤါး ထုတ္ေရာင္းေပးေနသည့္ အစီအစဥ္တြင္လည္း ပုံမွန္ေရာင္းခ်ေပးေနၿပီး

လိုအပ္သေလာက္ ဝယ္ယူႏိုင္ေၾကာင္းလည္း ရန္ကုန္ ေ႐ႊအသင္းမွ သိရပါတယ္။

ထိန္းခ်ဳပ္လို႔ မရတဲ့ ေ႐ႊေဈးကို ဇြတ္အတင္း ထိန္းခ်ဳပ္မႈေၾကာင့္ ေ႐ႊေဈးကြက္ အလုံးစုံပ်က္စီး သြားႏိုင္တယ္လို႔ ေ႐ႊေဈးကြက္နဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။

ျပင္ပေပါက္ေဈးထက္ ေလွ်ာ့ၿပီး တဦးတည္းကို ေရာင္းတာဟာ ပြင့္လင့္ျမင္သာမႈ မရွိေၾကာင္း၊ အခ်ိန္ဘယ္ေလာက္ၾကာၾကာ အရႈံးခံေရာင္းႏိုင္မလဲ ၾကည့္ရမွာ ျဖစ္ေၾကာင္း၊

အေယာင္ျပ ေဈးက်ဖို႔ ျပဇာတ္႐ိုက္တာလည္း ျဖစ္ႏိုင္ေၾကာင္း ဆက္လက္ မွတ္ခ်က္ ေပးသြားပါတယ္။

Source – Blacker

unicode

ရွှေလုပ်ငန်းရှင် အသင်းဥက္ကဌကြီးကတော့ ဒဲ့ စိန်ခေါ်လိုက်ပါပြီနော်…

ရွှေဈေး မကျမချင်း ရွှေတွေကို အရှုံးခံရောင်းပေးသွားမည်ဟု ရွှေလုပ်ငန်းရှင် ဥက္ကဌ ပြော

ရန်ကုန်မြို့ ကမ္ဘာအေး ကျောက်မျက်ရတနာ ခန်းမတွင် ရွှေ (၃) ပိဿာကို လေလံတင် ရောင်းချပေးခဲ့ရာ တစ်ကျပ်သားလျင် ၂၅ သိန်း ဝန်းကျင်ဖြင့် တဦးတည်းက လေလံရရှိသွားတယ်လို့ သိရပါတယ်။

ရွှေဈေးနှုန်း ကျဆင်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လေလံစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး

ဆက်လက်၍လည်း ရောင်းချပေးသွားဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“ပထမ တစ်ပိဿာက ၂၅၃,၅၉၉,၉၀၀ ၊ ဒုတိယ တစ်ပိဿာပေါ့ ၂၅၆,၉၉၉,၉၀၀ ၊ တတိယ တစ်ပိဿာက ၂၄၉,၉၉၉,၉၀၀ နဲ့ အောင်သွားပါတယ်။

၃ ပိဿာလုံး တစ်ဦးတည် လေလံအောင်တာပေါ့နော်။ လုံခြုံရေးအရ ဘယ်သူဘယ်ဝါဆိုတာတော့ မပြောတော့ဘူး ” ဟု ဦးမျိုးမြင့်က ပြောပါတယ်။

လေလံကြမ်းခင်း ဈေးအနေဖြင့် တစ်ပိဿာ ကျပ်သိန်း ၂၄၀၀ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုလေလံ အောင်သည့် ဈေးနှုန်းများမှာ ရွှေတစ်ကျပ်သားလျင် ၂၅ သိန်းကျပ် ဝန်းကျင်ဖြင့် လေလံအောင်မြင်သွားခြင်း ဖြစ်ပါတယ်။

အောက်တိုဘာ (၆) ရက် ပြင်ပဈေးကွက်တွင် ခေါ က် ရွှေတစ်ကျပ်သားလျင် (၂၇) သိန်းအောက်သို့ ပြန်လ ည် ကျဆင်းခဲ့ပြီး ဒေါ်လာဈေးနှုန်းမှာ အမေရိကန် တစ်ဒေါ်လာ ၂၉၅၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ (၇) ရက်တွင်လည်း မန္တလေးမြို့တွင် ရွှေ စင်ရွှေတုံး (၇) ပိဿာကို ရန်ကုန်နည်းတူ လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး

ရန်ကုန်တွင်လည်း လိုအပ်ပါက အလျဉ်းသင့်သလို ဆက်လက်ရောင်း ချပေးသွားဦးမယ်လို့ ရွှေအသင်းဥက္ကဌက ပြောပါတယ်။

“မန္တလေး ပြီးသွားရင် တို့ ရန်ကုန်လည်း ပြန်လာမှာပေါ့ကွာ။ ဘယ်တော့ ဘာညာ ရက်တော့ သတ်မှတ်ထားတာ မရှိဘူး ။ ရွှေဈေး မကျသေးဘူးဆိုရင် ထပ်ရောင်းမှာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောပါတယ်။

အစိုးရအနေဖြင့် ပြည်တွင်း ရွှေဈေးနှုန်းကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ရွှေဒင်္ဂါး ထုတ်ရောင်းပေးနေသည့် အစီအစဉ်တွင်လည်း ပုံမှန်ရောင်းချပေးနေပြီး

လိုအပ်သလောက် ဝယ်ယူနိုင်ကြောင်းလည်း ရန်ကုန် ရွှေအသင်းမှ သိရပါတယ်။

ထိန်းချုပ်လို့ မရတဲ့ ရွှေဈေးကို ဇွတ်အတင်း ထိန်းချုပ်မှုကြောင့် ရွှေဈေးကွက် အလုံးစုံပျက်စီး သွားနိုင်တယ်လို့ ရွှေဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြင်ပပေါက်ဈေးထက် လျှော့ပြီး တဦးတည်းကို ရောင်းတာဟာ ပွင့်လင့်မြင်သာမှု မရှိကြောင်း၊ အချိန်ဘယ်လောက်ကြာကြာ အရှုံးခံရောင်းနိုင်မလဲ ကြည့်ရမှာ ဖြစ်ကြောင်း၊

အယောင်ပြ ဈေးကျဖို့ ပြဇာတ်ရိုက်တာလည်း ဖြစ်နိုင်ကြောင်း ဆက်လက် မှတ်ချက် ပေးသွားပါတယ်။

Source – Blacker

Leave a Reply

Your email address will not be published. Required fields are marked *