မိုးလေဝသ

သူသတိပေးရင် လွဲတာမျိုးမရှိပါဘူးနော် လျှပ်စီးမိုးကြိုး သတိပြုကြရန်

သူသတိပေးရင် လွဲတာမျိုးမရှိပါဘူးနော် လျှပ်စီးမိုးကြိုး သတိပြုကြရန်

တိကျမှန်ကန် စုစုစံရဲ့ နောက် ၂၄နာရီမှ ၇၂နာရီအတွင်း မိုးရွာနိုင်သည့်ဒေသများ ခန့်မှန်းချက်

07/10/2022(Friday) ?? နောက် ၂၄နာရီမှ ၇၂နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေဖိအားနည်းလေဝဲစနစ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း

နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်း မကွေးတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည်နယ် တို့တွင်မိုးရွာနိုင်ပြီး ပူတာအိုခရိုင် ပူတာအို မချမ်းဘော အထက်ဆန်ဂေါင် နောင်မွန်း ပန်နန်းဒင် ဒေသများတွင်မိုးကြီးနိုင်ပါတယ် ISSUED TIME 07/10/2022

လျှပ်စီးမိုးကြိုး အန္တရာယ်သတိ… မုတ်သုန်လေဆုတ်ခွာရန်နီးလာချိန် ၂၀၂၂ အောက်တိုဘာလ ၇ရက်နေ့မှ ၂၇ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ လျှပ်စီးထစ်ခြုံးမိုးတွေရွာနိုင်ပြီး လျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်းအန္တရာယ်များဖြစ်ပေါ်နိုင်ပါတယ် သတိပြုကြပါ

၂၀၂၂ အောက်တိုဘာလတွင် အနောက်ပစ္စဖိတ်သမုဒ္ဒရာတွင် မုန်တိုင်း၆လုံးဖြစ်ပေါ်နိုင်ပြီး ၃လုံးသည် ဖီလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိလာကာ ဗီယက်နမ်နိုင်ငံကိုခြိမ်းခြောက်နိုင်ပါတယ်

low cell တွေသည် ထိုင်းပင်လယ်ကွေ့မှတဆင့် တနင်္သာရီတိုင်းကိုဖြတ်ကျော်ကာ ကပ္ပလီပင်လယ်ပြင်မှတဆင့် ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိနိုင်သဖြင့် အချိန့်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းရပေဦးတော့မည်ဖြစ်ပါတယ်

မိုးလေဝသခန့်မှန်းသူတစ်ယောက်ဆိုတာ နားချိန်မရှိပါ ပြည်သူတွေအတွက်အလုပ်လုပ်ပေးနေရတာဖြစ်လို့ နားချိန်မရှိလည်း ကျေနပ် ပျော်ရွှင်နေသူပါလေ

မိုင်ဆုန်ခ ?⛈ ၂၀၂၂ အောက်တိုဘာလ ၉ရက်နေ့ ၁၀ရက်နေ့တွေမှာ ရှမ်းပြည်နယ်တစ်ခုလုံးမိုးရွာနိုင်ပြီး တာချီလိတ်ခရိုင်နှင့် ကျိုင်းတုံခရိုင်ဒေသတွေမှာ နှစ်ရက်ပေါင်းမိုးရေချိန် ၆၀မီလီမီတာမှ ၉၀မီလီမီတာအတွင်းရွာသွန်းနိုင်ပါတယ်

စပါး?ရိတ်သိမ်းမည့်သူတွေ မိုးသတိ ???? ၂၀၂၂ အောက်တိုဘာလ ၈ရက်နေ့ ၁၀ရက်နေ့ ၁၁ရက်နေ့တွေမှာ မွန်ပြည်နယ် ရန်ကုန်တိုင်း ခရမ်းသုံးခွ တံတား ကဝ ပိန်းကန် အုန်းနှဲ သက္ကလ

သနပ်ပင် ပဲခူး ဧရာဝတီတိုင် ဖျာပုံခရိုင်မအူပင်ခရိုင် မြောင်းမြခရိုင် ပုသိမ်ခရိုင် ဟင်္သာတခရိုင် ဒေသတွေမှာ မိုးရွာနိုင်သဖြင့် စပါးရိတ်သိမ်းကြမည့်သူများ မိုးအန္တရာယ်ရှိပါတယ်

ရိတ်သိမ်းအခြောက်လှမ်းကြမည့် တောင်သူလယ်သမားများမိုးသတိ ? ၂၀၂၂ အောက်တိုဘာလ ၈ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင် သထုံခရိုင်

ရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းနေပြည်တော်ပြည်ထောင်စုနယ်မြေ ရှမ်းပြည်နယ်တောင်းကြီးခရိုင် မန္တလေးတိုင်း ရမည်းသင်းခရိုင် မိတ္ထီလာခရိုင်ကျောက်ဆည်ခရိုင် မန္တလေးခရိုင်ပြင်ဦးလွင်ခရိုင်ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် လားရှိုးခရိုင် မူဆယ်ခရိုင်လောက်ကိုင်ခရိုင်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပူတာအိုခရိုင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ရွှေဘိုခရိုင် စစ်ကိုင်းခရိုင် မန္တလေးတိုင်း မြင်းခြံခရိုင် ညောင်ဦးခရိုင် မကွေးတိုင်း ပခုက္ကူခရိုင် ချောက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် အောင်လံခရိုင် သရက်ခရိုင် ပဲခူးတိုင်း ပြည်ခရိုင် ဒေသတွေမှာ မိုးရွာနိုင်တဲ့အတွက် ရိတ်သိမ်းအခြောက်လှမ်းကြမည့်တောင်သူလယ်သမား ပျက်စီးမှုမရှိအောင် ကြိုတင်စီမံခန့်ခွဲပြီးလုပ်ဆောင်နိုင်ကြပါစေ

Credit















Credit

Leave a Reply

Your email address will not be published. Required fields are marked *