ေဆာင္းတြင္းမွာျဖစ္တတ္တဲ့ အသားအေရ ေျခာက္ကပ္ အသားပတ္တာမ်ိဳး မျဖစ္ရေအာင္ အသားအေရစိုေျပေအာင္ ထိန္းသိမ္းနည္းမ်ား

ေဆာင္းတြင္းေရာက္လာတာနဲ႔အမွ်အသားအေရေတြကလည္းတျဖည္းျဖည္းနဲ႔ ေျခာက္ကပ္လာၿပီး၊အသားပတ္တာမ်ိဳးေတြ၊ အသားေျခာက္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ေဆာင္းေတြမွာေတာ့ ရာသီဥတုအေနနဲ႔ဆိုေနလို႔ေကာင္းေပမယ့္၊ ကိုယ့္ရဲ႕အသားအေရအတြက္ေတာ့ အရမ္းႀကီးေနလို႔မေကာင္းဘူးေပါ့ေနာ္။ ဒီလိုဆိုရင္ေဆာင္ဦးမေရာက္ခင္ကိုယ့္ရဲ႕အသားအေရအတြက္ဘယ္လိုရဂ႐ုစိုက္သင့္လဲ ?

ေရေႏြးေငြ႕ခံပါ

ေဆာင္းတြင္းဆိုရင္ေရပူေလးနဲ႔ခ်ိဳးရတာကိုလူတိုင္းႀကိဳက္ပါတယ္၊ကိုယ့္ရဲ႕အားလပ္ခ်ိန္မ်ိဳးမွာျဖစ္ျဖစ္၊ Self Care ေတြလုပ္တဲ့ေနေတြမ်ိဳးမွာဆိုရင္ေရေႏြးေလးေတြနဲ႔ခံၿပီးကိုယ္ရဲ႕အသားအေရကိုႏွိပ္နယ္သင့္ပါတယ္။

ဒီလိုမ်ိဳးလုပ္ေပးျခင္းအားျဖင့္ အေၾကာေလးေတြကလည္းေပ်ာ့ေပ်ာင္းၿပီးေတာ့ ေနလို႔ထိုင္လို႔ေကာင္းပါတယ္ေနာ္။

Lotion အၿမဲေဆာင္ထားပါ

ေဆာင္းရာသီေရာက္ရင္ Lotion ေကာင္းေကာင္းေလးတစ္ဘူးကေတာ့ရွိသင့္တယ္ထင္ပါတယ္။Lotion လိမ္းရျခင္းကလည္း ေျခာက္ေနတဲ့အသားအေရေတြကိုလည္းစိုေျပေစတဲ့အျပင္အသားအေရကြဲအက္တာေတြ၊ အသားပတ္တာေတြကိုလည္းသက္သာေစပါတယ္။

သဘာဝဆီေတြလိမ္းေပးပါ

တစ္ခ်ိဳ႕လူေတြရဲ႕အသားေတြအက္ကြဲတာေတြ၊နီျမန္းျမန္းေတြျဖစ္တတ္ပါတယ္။ဒီလိုမ်ိဳးေတြျဖစ္လာရင္ သဘာဝရဲ႕လိမ္းဆီေတြျဖစ္တဲ့ သံလြင္ဆီ၊အုန္းဆီတို႔ကိုလိမ္းေပးသင့္ပါတယ္။သဘာဝရဲ႕အာနိသင္ေတြက အခ်ိန္ၾကာေပမယ့္၊ေဘးထြက္ဆိုးက်ိဳးေတြမရွိတဲ့အတြက္အရမ္းကိုအသုံးဝင္ပါတယ္။

Kelly – Akhayar Lifestyle

Unicode

ဆောင်းတွင်းမှာဖြစ်တတ်တဲ့ အသားအရေ ခြောက်ကပ် အသားပတ်တာမျိုး မဖြစ်ရအောင် အသားအရေစိုပြေအောင် ထိန်းသိမ်းနည်းများ

ဆောင်းတွင်းရောက်လာတာနဲ့အမျှအသားအရေတွေကလည်းတဖြည်းဖြည်းနဲ့ ခြောက်ကပ်လာပြီး၊အသားပတ်တာမျိုးတွေ၊ အသားခြောက်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဆောင်းတွေမှာတော့ ရာသီဥတုအနေနဲ့ဆိုနေလို့ကောင်းပေမယ့်၊ ကိုယ့်ရဲ့အသားအရေအတွက်တော့ အရမ်းကြီးနေလို့မကောင်းဘူးပေါ့နော်။ ဒီလိုဆိုရင်ဆောင်ဦးမရောက်ခင်ကိုယ့်ရဲ့အသားအရေအတွက်ဘယ်လိုရဂရုစိုက်သင့်လဲ ?

ရေနွေးငွေ့ခံပါ

ဆောင်းတွင်းဆိုရင်ရေပူလေးနဲ့ချိုးရတာကိုလူတိုင်းကြိုက်ပါတယ်၊ကိုယ့်ရဲ့အားလပ်ချိန်မျိုးမှာဖြစ်ဖြစ်၊ Self Care တွေလုပ်တဲ့နေတွေမျိုးမှာဆိုရင်ရေနွေးလေးတွေနဲ့ခံပြီးကိုယ်ရဲ့အသားအရေကိုနှိပ်နယ်သင့်ပါတယ်။

ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့် အကြောလေးတွေကလည်းပျော့ပျောင်းပြီးတော့ နေလို့ထိုင်လို့ကောင်းပါတယ်နော်။

Lotion အမြဲဆောင်ထားပါ

ဆောင်းရာသီရောက်ရင် Lotion ကောင်းကောင်းလေးတစ်ဘူးကတော့ရှိသင့်တယ်ထင်ပါတယ်။Lotion လိမ်းရခြင်းကလည်း ခြောက်နေတဲ့အသားအရေတွေကိုလည်းစိုပြေစေတဲ့အပြင်အသားအရေကွဲအက်တာတွေ၊ အသားပတ်တာတွေကိုလည်းသက်သာစေပါတယ်။

သဘာဝဆီတွေလိမ်းပေးပါ

တစ်ချို့လူတွေရဲ့အသားတွေအက်ကွဲတာတွေ၊နီမြန်းမြန်းတွေဖြစ်တတ်ပါတယ်။ဒီလိုမျိုးတွေဖြစ်လာရင် သဘာဝရဲ့လိမ်းဆီတွေဖြစ်တဲ့ သံလွင်ဆီ၊အုန်းဆီတို့ကိုလိမ်းပေးသင့်ပါတယ်။သဘာဝရဲ့အာနိသင်တွေက အချိန်ကြာပေမယ့်၊ဘေးထွက်ဆိုးကျိုးတွေမရှိတဲ့အတွက်အရမ်းကိုအသုံးဝင်ပါတယ်။

Kelly – Akhayar Lifestyle